Showing posts with label NEWS. Show all posts
Showing posts with label NEWS. Show all posts

Wednesday, February 11, 2015

(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအားလုံး ၁၂ - ၂ - ၂၀၁၅ တွင် ဖုန်းငွေဖြည့်ပြီး ထပ်ဆောင်းအပိုဆု (၂၀%) ရယူနိုင်ပါပြီ


(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအားလုံး ၁၂ - ၂ - ၂၀၁၅ တွင်
ဖုန်းငွေဖြည့်ပြီး ထပ်ဆောင်းအပိုဆု (၂၀%) ရယူနိုင်ပါပြီ။

၁၀၀၀ ကျပ်လ ွ်င် ၂၀၀ ကျပ် အပိုဆု
၃၀၀၀ ကျပ်လ ွ်င် ၆၀၀ ကျပ် အပိုဆု
၅၀၀၀ ကျပ်လ ွ်င် ၁၀၀၀ ကျပ် အပိုဆု
၁၀၀၀၀ ကျပ်လ ွ်င် ၂၀၀၀ ကျပ် အပိုဆု
၂၀၀၀၀ ကျပ်လ ွ်င် ၄၀၀၀ ကျပ် အပိုဆု
၃၀၀၀၀ ကျပ်လ ွ်င် ၆၀၀၀ ကျပ် အပိုဆု

* ၁၂ - ၂ - ၂၀၁၅ ( ၀၀ း ၀၀ း ၀၁ နာရီမှ ၂၃ း ၅၉ း ၅၉ နာရီထိ) MPT ဖုန်းငွေဖြည့်သူတိုင်းအား ထပ်ဆောင်းအပိုဆု ၂၀% ဖြည့်သွင်းပေးသွားမည် ဖြစ်ပါမည်။

*ထပ်ဆောင်းအပိုဆုကို မည်သည့်ဖုန်းနံပါတ်သို့မဆို ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်းများ အတွက် အသုံးပြုနိုင်ပါသည်။ ထပ်ဆောင်းအပိုဆုကို Voice & Internet Packages ၊ CRBT Ringtone Subscription တို့အတွက် အသုံးမပြုနိုင်ပါ။

*ထပ်ဆောင်းအပိုဆု၏သက်တမ်းမှာ (၇) ရက် ကြာမြင့်မည် ဖြစ်ပါသည်။ 

(၁၂ - ၂ - ၂၀၁၅ မွ ၁၉ - ၂ -၂၀၁၅ ထိ)
www.mpt.com.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။




To celebrate 68th Anniversary of Union Day, MPT gives 20% Bonus to all top up customers on 12th February 2015!

1000 Ks = 200 Ks bonus
3000 Ks = 600 Ks bonus
5000 Ks = 1000 Ks bonus
10000 Ks = 2000 Ks bonus
20000 Ks = 4000 Ks bonus
30000 Ks = 6000 Ks bonus
*Top up between [00:00:01 to 23:59:59] on 12 - Feb - 2015.

*This bonus balance can be used for on-net and off-net call, SMS, data, international call, but cannot be used for buying packages (Voice & Internet Packages, CRBT Ringtone Subscription).
*Bonus credit valid until 19th February 2015.
Visit www.mpt.com.mm for more information.
 Ref :  Androidဖုန်းများ

Saturday, February 7, 2015

Breaking News. အထူးသတင်း။

“Breaking News”
MPT ဖုန်းခေါ်ဆိုခနှင့် အင်တာနက် နှုန်းထားသစ်များ (GSM/WCDMA)
၁၂ ဇန်နဝါရီ ၂၀၁၅ စတင်မည်
Voice === 35 Kyats/min
SMS === 15 Kyats/SMS
Internet ==== 15 Kyats/MB (max speed 42Mbps)
အင်တာနက်လျှောက်ခ မလို
xxxxxxxxxxxxxx
“Packages”
Voice
480mins (30 days) 12000 kyats
Internet
5000 Kyats ==== 400MB
10000 Kyats ==== 1GB
အသုံးပြုလိုသူများ 1332 သို့ SWE ဟု SMS ပေးပို့ အသုံးပြုနိုင်။
Credit to: Internet Journal.

Thursday, January 29, 2015

ဖုန်းပြန်လည်ခေါ်ဆိုရန် Message အခမဲ့ ပေးပို့နိုင်

မိုဘိုင်းဖုန်းဘီလ် လျော့နည်းနေချိန်ဖြစ်စေ၊ ကုန်ဆုံးနေချိန်ဖြစ်စေ မိုဘိုင်းဖုန်း ပြန်လည်ခေါ်ဆိုပေးရန်အတွက် Message အခမဲ့ ပေးပို့နိုင်သည်ဟု Telenor Myanmar က ကြေညာသည်။
အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် *979# သို့ ခေါ်ဆိုပြီးသည့်အခါ နံပါတ် ၃ ကို ပထမတစ်ကြိမ်နှိပ်၍ နံပါတ် ၂ ကို ဒုတိယတစ်ကြိမ် ထပ်မံနှိပ်ပေးရန် လိုအပ်သည်ဟု သိရသည်။ နံပါတ် ၂ ကို နှိပ်ပြီးသည့်နောက် မည်သည့် မိုဘိုင်းဖုန်းနံပါတ်ကိုမဆို Call Me Back ဟု ရေးသား၍ အခမဲ့ ပေးပို့နိုင်သည်ဟု Telenor က ကြေညာထားသည်။
အခမဲ့ Message ပေးပို့နိုင်သည့် ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ မိုဘိုင်းဖုန်းနံပါတ်များကို ရေးသားရာ၌ ၀၉ ဟု ထည့်သွင်းရေးသားရန် လိုအပ်ပြီး အရေးပေါ် ပြန်လည်ခေါ်မှုများ ပြုလုပ်နိုင်ရန် Message ပေးပို့ခြင်းကို အခမဲ့ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“ပိုက်ဆံမပေးရတော့ ကောင်းပါတယ်။ သူများက ကိုယ့်ဆီဖုန်းပြန်ဆက်မယ်။ အရမ်းရင်းနှီးရင် ဖုန်း ဘီလ်တောင် ဖြည့်ပေးကြဦးမယ်။ ပိုက်ဆံမကုန်တဲ့ ဝန်ဆောင်မှုကို ကြိုက်ပေမယ့် သူတို့ပေးထားတဲ့ *979# ဆိုတာကြီးကလည်း ခေါ်လို့ရဦးမှလေ” ဟု Telenor မိုဘိုင်းဖုန်းလိုင်း အသုံးပြုသည့် မရည်မွန်က ပြောသည်။
http://internetjournal.media/new/1363

Thursday, January 22, 2015

Windows 10 ကို အခမဲ့ upgrade ပြုလုပ်နိုင်မည်ဟု Microsoft ကြေညာ


အသစ်ထွက်ပေါ်မည့် operating system ဗားရှင်းသစ်ဖြစ်သော Windows 10 ကို အခမဲ့ upgrade ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Microsoft မှ ကြေညာခဲ့သည်။ ကနဦးတွင် Windows 10 ကို Windows 8.1 သုံးစွဲသူများက upgrade ပြုလုပ်နိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Windows 7 သုံးစွဲသူများအတွက် ထောက်ပံ့ပေးသွားမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။


Windows 10 ကို ဖြန့်ချိသည့် ပထမနှစ်တွင် Windows 8 အသုံးပြုထားသော မည်သည့်ထုတ်ကုန်မှမဆို အခမဲ့ upgrade ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Microsoft ၏ operating systems မှ အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်သူ တယ်ရီမိုင်ယာဆန်က ပြောကြားခဲ့သည်။ အဆိုပါ အခမဲ့ upgrade ကို Windows 7 ထုတ်ကုန်များ၊ Windows 8.1 ထုတ်ကုန်များနှင့် Windows Phone 8.1 ထုတ်ကုန်များတွင်လည်း ရရှိနိုင်မည် ဖြစ်သည်။


၎င်း upgrade ကို ပထမနှစ်တွင်သာ အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ နောက်ပိုင်းတွင် upgrade ပြုလုပ်ရာ၌ ပေးချေရမည့် ဆော့ဖ်ဝဲ၏ တန်ဖိုးကိုမူ Microsoft က ကြေညာထားခြင်း မရှိသေးပေ။


“Windows ကို ဝန်ဆောင်မှုတစ်ရပ် အနေနဲ့ တွေးမြင်ထားပါတယ်။ အခုအချိန်မှာ developer တွေက Windows ထုတ်ကုန် တစ်ခုချင်းစီအတွက် အာရုံစိုက်နိုင်ပါပြီ” ဟု မိုင်ယာဆန်က ဝါရှင်တန်ပြည်နယ်၊ ရက်ဒ်မွန့်တွင် ကျင်းပပြုလုပ်ခဲ့သော Windows 10 မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။


ကမ႓ာတစ်ဝန်းရှိ desktop အားလုံး၏ ထက်ဝက်ကျော်ခန့်တွင် Windows 7 ကို အသုံးပြုလျက်ရှိကြပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ သက်တမ်း ၁၄ နှစ်ရှိပြီဖြစ်သည့် Windows XP ကို အသုံးပြုလျက်ရှိသည်။ Windows 8.1 ကို သုံးစွဲသူမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။

Friday, January 16, 2015

ရုပ်ရှင် အသစ် မှာ အပေါ်ပိုင်းဗလာ နဲ့ သရုပ်ဆောင်ရမယ့် Emma Watson



၂၀၁၄ ခုနှစ်ရဲ့ အမျိုးသမီးဝါဒီ Emma Watson ဟာ ၂၀၁၅ မှာ ရိုက်ကူးမယ့် သူမရဲ့ ရုပ်ရှင် အသစ် Regression မှာ အပေါ်ပိုင်းဗလာ နဲ့ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ဟယ်ရီပေါ်တာ မင်းသမီးလေးဟာ ဒီဇာတ်လမ်းမှာ အပေါ်ပိုင်းဗလာ နဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပေမယ့်လည်း Sexy ဇာတ်ကွက်မျိုး ကို သရုပ်ဆောင်ရမှာ မဟုတ်ပဲ ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိုခံရမယ့် ဇာတ်ကွက်မျိုးဖြစ်တယ်လို့ သိရပါတယ်။ Regression ဇာတ်လမ်းဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။Emma Watson  ဟာ ၂၀၁၀ ခုနှစ် တုန်းက သူမဟာ အ၀တ်ဗလာ ဇာတ်ကွက်တွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဇာတ်ကွက်တွေကို သရုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပြီး အခု သရုပ်ဆောင်ရမယ့် ဇာတ်ကွက်ကတော့ ဟယ်ရီပေါ်တာ တုန်းကနဲ့ မတူတော့တဲ့ ဇာတ်ကွက်သာဖြစ်တယ်လို့ Emma Watson ကဆိုပါတယ်။

http://www.starpulse.com/news

လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ဟာ ချစ်သူစုံတွဲ အသစ်လား

ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနား တို့ ၂ ဦး ချိန်းတွေ့ကြပြီ ဆို တဲ့ ကောလဟာလတွေ ပေါ်ထွက်လာနေပါတယ်။ 

 ဓာတ်ပုံ- urbanislandz.com

ဒါဟာ ပြီးခဲ့တဲ့ စနေနေ့က Playboy Mansion မှာ လုပ်တဲ့ ဒီဇိုင်နာ Nikki Erwin ရဲ့ မွေးနေ့ ပါတီပွဲမှာ သူတို့ ၂ ဦးကို အတူတွဲပြီးတွေ့ခဲ့ရပါသေးတယ်တဲ့ ။ 

အဲဒီ့နောက်ပိုင်း အခုလို ခန့်မှန်းပြောဆိုချက်တွေ ပေါ်ထွက်လာတာဖြစ်နိုင်တယ်လို့ သတင်းက ဆိုတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း ၂၀၁၅ ခုနှစ် နှစ်သစ်ကူးအကြိုညတုန်းကလည်း St. Barts မှာ သူတို့ ၂ ဦး အတူရှိခဲ့ကြတယ်ဆိုတဲ့သတင်းတွေလည်း နောက်ဆက်တွဲ ထွက်လာခဲ့ပါတယ်။ 

အခုတော့ အနောက်နိုင်ငံ အဝါရောင် မဂ္ဂဇင်း ဂျာနယ်တွေမှာတော့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ ၂ ဦးကို အသစ် စက်စက် အတွဲအဖြစ် ရေးသားဖော်ပြနေကြပါတယ်။ 

လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ဟာ အရမ်းကို နီးနီးကပ်ကပ်ရှိလာနေတယ်၊ ရီဟားနားကလည်း သူ့ကို စိတ်ဝင်စားနေတယ်၊ သူတို့ မိတ်ဆွေသူငယ်ချင်းတွေကြားမှာတော့ ရီဟားနားက လီယိုနာဒိုကို သူ့ ချစ်သူအမျိုးသားတဦးအဖြစ် မြင်ချင်ပုံရတယ်ဆိုတာတွေလည်း ပြောနေကြတယ်" လို့ သတင်းရင်းမြစ် တွေ က Dish Nation သတင်းကို ပြောဆိုထားတာလည်း ရှိနေပါတယ်။

တချို့ သတင်းရင်းမြစ်တွေက ပြောတာကလည်း သူတို့ ၂ ဦးဟာ တကယ့်ချစ်သူတွေလိုပါပဲတဲ့။ သူတို့ ၂ ဦး တဦးကို တဦး နမ်း ကြတာတွေဟာ သာမန်မဟုတ်ပဲ တယောက်နဲ့ တယောက်စွဲမက်တဲ့ အနမ်းတွေ ဖြစ်ကြ တယ်ဆိုတာ မိတ်ဆွေတွေက သတိထားမိကြပါတယ်လို့လည်း သတင်းက ဆိုပါတယ်။

အနောက်နိုင်ငံ သတင်းမုဆိုးတွေလည်း သူတို့ ၂ ဦးရဲ့ အတူ တွဲပြီး ရှိနေတဲ့ သတင်းကို ဓာတ်ပုံနဲ့ တကွ အတိအကျ ဖော်ပြ နိုင်ဖို့ အသည်းအသန် ကြိုးစားနေကြတယ်လို့ ဆိုနေကြပါတယ်။ 

မြန်မာပရိသတ်တွေအနေနဲ့လည်း တိုက်တန်းနစ် ဇာတ်ကားနဲ့ နာမည်ကျော် မင်းသား လီယိုနာဒို ဒီကာ ပရီယိုကို သိထားပြီးသား ဖြစ်သလို အဆိုတော် ရီဟားနားကိုလည်း ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ 

ဒါကြောင့် အခု သူတို့ ၂ ယောက်ကို အတွဲသစ် အဖြစ် ဧရာဝတီဘလော့ဂ် ပရိသတ်တွေအနေနဲ့ ဘယ်လို ရှုမြင်ကြလဲ ဆိုတာလည်း လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူးဆိုတာမျိုးပေါ့။ 




အိမ့်သံစဉ် ~ 



ကိုးကား သတင်း။  New Couple: Rihanna And Actor Leonardo DiCaprio Dating

Tuesday, January 13, 2015

၂၀၁၄ အကောင်းဆုံးဘောလုံးသမား ရော်နယ်ဒို

ရော်နယ်ဒို တတိယအကြိမ် အကောင်းဆုံး ဘောလုံးသမားဆုရ
ကမ္ဘာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၄ခုနှစ်အတွက် FIFA Ballon d’Or ဘလွန်ဒေါ တနှစ်တာအတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရီးယယ်မက်ဒရစ်က တိုက်စစ်မှုး Cristiano Ronaldo ရော်နယ်ဒို ရသွားခဲ့ပါတယ်။

ဘာစီလိုနားက မက်ဆီ၊ ဘိုင်ယန်မြူးနစ်က ဂိုးသမား မင်ဝဲနွိုင်ယာတို့ကို ကျော်ပြီး ရော်နယ်ဒိုက မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပါ။

ဒါဟာ ရော်နယ်ဒို အဖို့ ဘလွန်ဒေါ အကောင်ဆုံး ဘောလုံးသမားဆုကို တတိယအကြိမ်ရခဲ့တာဖြစ်ပြီး ဒုတိယနှစ် ဆက်တိုက် ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၄ စပိန်လာလီဂါမှာ ရီးယယ်မက်ဒရစ်အတွက် ၄၃ပွဲမှာ ၅၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး ဂိုးသွင်းသူဆုကိုတော့ ကိုလံဘီယာ ဘောလုံးသမား James Rodriguez ရိုဒရီဂက်က ရသွားပါတယ်။

၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲမှာ ဥရုဂွေးနဲ့ ကစားတဲ့ပွဲမှာ ရိုဒရီဂက် ဘောလုံးကို မြေမကျဘဲ တိုက်ရိုက် ကန်သွင်းခဲ့တဲ့ ဂိုးအတွက် ရခဲ့တာဖြစ်ပါတယ်။

သူကလည်း ရော်ဘင် ဗင်ပါစီနဲ့ အိုင်းရစ်ခ်ျ အမျိုးသမီး ဘောလုံးသမား စတက်ဖနီ ရို့ခ်တို့ထက် မဲပိုရပြီး ရွေးချယ်ခဲခဲ့ရတာပါ။

၂၀၁၄ အတွက် အကောင်းဆုံးနည်းပြဆုကို ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖိုင်နယ်မှာ အာဂျင်တီးနားကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်စွဲအောင်စွမ်းဆောင်ခဲ့တဲ့ ဂျာမဏီအသင်းနည်းပြ Joachim Low ဂျိုအာခင်လို က ရရှိခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150112_ballondor

Monday, December 15, 2014

တိုနန့်နန့်ဝတ်စုံ ၀တ်ဆင်လို့ အရိုက်ခံရတဲ့ အိန္ဒိယ မင်းသမီး

အိန္ဒိယနိုင်ငံ ဘောလီဝုဒ်မင်းသမီးနဲ့ မော်ဒယ်လ် ဂူဟာခန် (Gauhar Khan)ဟာ တိုနန့်နန့်ဝတ်စုံကို ၀တ်ဆင်တဲ့အတွက် အရိုက်ခံခဲ့ရပါတယ်။

ရုပ်ရှင်မင်းသမီး ခန်ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ရိုက်ကူးနေစဉ်မှာ အသက် ၂၄ နှစ်အရွယ် ပရိသတ်တဦးက ဆုံးမတဲ့အနေနဲ့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ ရိုက်နှက်တဲ့သူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

မွတ်စလင် အမျိုးသမီးတဦး ဖြစ်တဲ့အတွက် တိုနှံနှံ အ၀တ်အစားတွေ မ၀တ်သင့်ဘူးလို့ ရိုက်နှက်တဲ့သူက ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဇာတ်လမ်းရဲ့ နောက်ဆုံးပိုင်းကို ရိုက်ကူးနေစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရိုက်နှက်တဲ့သူကို ဒီဇင်ဘာ ၁ ရက် ဒီနေ့ ရုံးတင်မှာ ဖြစ်ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ ပရိသတ်ထဲက လူတဦးက ခန်ကို စခဲ့တာကို မင်းသမီးက မကျေနပ်တဲ့အတွက် အခုလို အကျိုးဆက်တွေ ဖြစ်လာတာလို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်က ရုပ်ရှင်ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ ခန်ဟာ ရုပ်ရှင်ဇာတ်ကား ၆ ခုနီးပါး ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72445