Friday, January 16, 2015

ရုပ်ရှင် အသစ် မှာ အပေါ်ပိုင်းဗလာ နဲ့ သရုပ်ဆောင်ရမယ့် Emma Watson



၂၀၁၄ ခုနှစ်ရဲ့ အမျိုးသမီးဝါဒီ Emma Watson ဟာ ၂၀၁၅ မှာ ရိုက်ကူးမယ့် သူမရဲ့ ရုပ်ရှင် အသစ် Regression မှာ အပေါ်ပိုင်းဗလာ နဲ့ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ဟယ်ရီပေါ်တာ မင်းသမီးလေးဟာ ဒီဇာတ်လမ်းမှာ အပေါ်ပိုင်းဗလာ နဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပေမယ့်လည်း Sexy ဇာတ်ကွက်မျိုး ကို သရုပ်ဆောင်ရမှာ မဟုတ်ပဲ ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိုခံရမယ့် ဇာတ်ကွက်မျိုးဖြစ်တယ်လို့ သိရပါတယ်။ Regression ဇာတ်လမ်းဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။Emma Watson  ဟာ ၂၀၁၀ ခုနှစ် တုန်းက သူမဟာ အ၀တ်ဗလာ ဇာတ်ကွက်တွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဇာတ်ကွက်တွေကို သရုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပြီး အခု သရုပ်ဆောင်ရမယ့် ဇာတ်ကွက်ကတော့ ဟယ်ရီပေါ်တာ တုန်းကနဲ့ မတူတော့တဲ့ ဇာတ်ကွက်သာဖြစ်တယ်လို့ Emma Watson ကဆိုပါတယ်။

http://www.starpulse.com/news

No comments:

Post a Comment