Thursday, January 22, 2015

Windows 10 ကို အခမဲ့ upgrade ပြုလုပ်နိုင်မည်ဟု Microsoft ကြေညာ


အသစ်ထွက်ပေါ်မည့် operating system ဗားရှင်းသစ်ဖြစ်သော Windows 10 ကို အခမဲ့ upgrade ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Microsoft မှ ကြေညာခဲ့သည်။ ကနဦးတွင် Windows 10 ကို Windows 8.1 သုံးစွဲသူများက upgrade ပြုလုပ်နိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Windows 7 သုံးစွဲသူများအတွက် ထောက်ပံ့ပေးသွားမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။


Windows 10 ကို ဖြန့်ချိသည့် ပထမနှစ်တွင် Windows 8 အသုံးပြုထားသော မည်သည့်ထုတ်ကုန်မှမဆို အခမဲ့ upgrade ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Microsoft ၏ operating systems မှ အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်သူ တယ်ရီမိုင်ယာဆန်က ပြောကြားခဲ့သည်။ အဆိုပါ အခမဲ့ upgrade ကို Windows 7 ထုတ်ကုန်များ၊ Windows 8.1 ထုတ်ကုန်များနှင့် Windows Phone 8.1 ထုတ်ကုန်များတွင်လည်း ရရှိနိုင်မည် ဖြစ်သည်။


၎င်း upgrade ကို ပထမနှစ်တွင်သာ အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ နောက်ပိုင်းတွင် upgrade ပြုလုပ်ရာ၌ ပေးချေရမည့် ဆော့ဖ်ဝဲ၏ တန်ဖိုးကိုမူ Microsoft က ကြေညာထားခြင်း မရှိသေးပေ။


“Windows ကို ဝန်ဆောင်မှုတစ်ရပ် အနေနဲ့ တွေးမြင်ထားပါတယ်။ အခုအချိန်မှာ developer တွေက Windows ထုတ်ကုန် တစ်ခုချင်းစီအတွက် အာရုံစိုက်နိုင်ပါပြီ” ဟု မိုင်ယာဆန်က ဝါရှင်တန်ပြည်နယ်၊ ရက်ဒ်မွန့်တွင် ကျင်းပပြုလုပ်ခဲ့သော Windows 10 မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။


ကမ႓ာတစ်ဝန်းရှိ desktop အားလုံး၏ ထက်ဝက်ကျော်ခန့်တွင် Windows 7 ကို အသုံးပြုလျက်ရှိကြပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ သက်တမ်း ၁၄ နှစ်ရှိပြီဖြစ်သည့် Windows XP ကို အသုံးပြုလျက်ရှိသည်။ Windows 8.1 ကို သုံးစွဲသူမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။

No comments:

Post a Comment