Thursday, January 29, 2015

ဖုန်းပြန်လည်ခေါ်ဆိုရန် Message အခမဲ့ ပေးပို့နိုင်

မိုဘိုင်းဖုန်းဘီလ် လျော့နည်းနေချိန်ဖြစ်စေ၊ ကုန်ဆုံးနေချိန်ဖြစ်စေ မိုဘိုင်းဖုန်း ပြန်လည်ခေါ်ဆိုပေးရန်အတွက် Message အခမဲ့ ပေးပို့နိုင်သည်ဟု Telenor Myanmar က ကြေညာသည်။
အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် *979# သို့ ခေါ်ဆိုပြီးသည့်အခါ နံပါတ် ၃ ကို ပထမတစ်ကြိမ်နှိပ်၍ နံပါတ် ၂ ကို ဒုတိယတစ်ကြိမ် ထပ်မံနှိပ်ပေးရန် လိုအပ်သည်ဟု သိရသည်။ နံပါတ် ၂ ကို နှိပ်ပြီးသည့်နောက် မည်သည့် မိုဘိုင်းဖုန်းနံပါတ်ကိုမဆို Call Me Back ဟု ရေးသား၍ အခမဲ့ ပေးပို့နိုင်သည်ဟု Telenor က ကြေညာထားသည်။
အခမဲ့ Message ပေးပို့နိုင်သည့် ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ မိုဘိုင်းဖုန်းနံပါတ်များကို ရေးသားရာ၌ ၀၉ ဟု ထည့်သွင်းရေးသားရန် လိုအပ်ပြီး အရေးပေါ် ပြန်လည်ခေါ်မှုများ ပြုလုပ်နိုင်ရန် Message ပေးပို့ခြင်းကို အခမဲ့ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“ပိုက်ဆံမပေးရတော့ ကောင်းပါတယ်။ သူများက ကိုယ့်ဆီဖုန်းပြန်ဆက်မယ်။ အရမ်းရင်းနှီးရင် ဖုန်း ဘီလ်တောင် ဖြည့်ပေးကြဦးမယ်။ ပိုက်ဆံမကုန်တဲ့ ဝန်ဆောင်မှုကို ကြိုက်ပေမယ့် သူတို့ပေးထားတဲ့ *979# ဆိုတာကြီးကလည်း ခေါ်လို့ရဦးမှလေ” ဟု Telenor မိုဘိုင်းဖုန်းလိုင်း အသုံးပြုသည့် မရည်မွန်က ပြောသည်။
http://internetjournal.media/new/1363

No comments:

Post a Comment