Wednesday, January 28, 2015

utorrent က ရုပ်ရှင်မှန်သမျှကို Download မလုပ်ဘဲ ကြည့်ချင်လား


utorrent က ရုပ်ရှင်တွေကို Download လုပ်တဲ့အခါ ကျနော်တို့ အမြဲ ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုရင် စာတန်းထိုးတဲ့ ဖိုင်နဲ့ တွဲကြည့်ဖို့ Download လုပ်တဲ့အခါမှာ ခက်ခက်ခဲခဲလည်း Download လုပ်ပြီးရော ဖွင့်ကြည့်တဲ့အခါမှာ အင်္ဂလိပ်စာတန်းတွဲပြီး ထိုးပြီးသား ဖိုင်ဖြစ်နေတာမျိုး ဒါမှမဟုတ် ကြည်လင်ပြတ်သားမှုမရှိတဲ့ ရုပ်ရှင်ကား ဖြစ်နေတာမျိုးကို အမြဲလိုလို တွေ့ကြုံရမှာပါ။ Download လုပ်ထားတာ အချိန်ကုန်တာမျိုး ဖြစ်သွားတတ်ပါတယ်။ အဲ့လို မဖြစ်ရအောင်  ကျနော်တို့အနေနဲ့ Download မလုပ်ခင်မှာ တစ်ခါတည်း ကြည်ရဲ့လား၊ စာတန်းထိုးပြီးသား ရုပ်ရှင်ဖြစ်နေမလား ဆိုတာကို ကြိုပြီး ကြည့်လို့ရမယ်ဆိုရင် အချိန်တွေ မကုန်တော့ဘူးပေါ့။ အဲ့ဒါဆို ဘယ်လိုလုပ်မလဲ။
၁။  www.kickass.so, www.yify-torrent.org လိုမျိုး  torrent ဆိုက်တွေကို သွားလိုက်ပါ ပြီးရင် ကိုလိုချင်တဲ့ ရုပ်ရှင်နာမည်ကို ရွေးပါ ပြီးရင် Download လုပ်လိုက်ပါ။  (ပုံ၁)

ပုံ(၁)


၂။  torrent ဖိုင်ရလာပါလိမ့်မယ်။ (ပုံ ၂)

(ပုံ ၂ )


၃။ ညာဖက်က Download လုပ်ထားတဲ့ နေရာကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် right click ထောက်ပြီးတော့ Copy Download Link ကို နှိပ်လိုက်ပါ။ (ပုံ ၃)

(ပုံ ၃)

၄။ အောက်မှာ တင်ပေးထားတဲ့ Ace Player ကို Download လုပ်လိုက်ပါ။ ပြီးရင်တော့ Player ကို ဖွင့်လိုက်ပါ(ပုံ  ၄)

(ပုံ ၄)
၅။ Media ကို ရွေးပြီး Open Network Stream ကို နှိပ်လိုက်ပါ။ (ပုံ ၅) (ပုံ ၆)

(ပုံ ၅)

(ပုံ ၆)

၆။ Network ထဲက Please enter network URL ကို နှိပ်လိုက်ပြီး ခုနက ကူးလာတဲ့ လိပ်စာကို Paste လုပ်လိုက်ပါ။

(ပုံ ၇)

၇။ ပြီးရင်တော့ Play ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကျနော်တို့အနေနဲ့ ရုပ်ရှင်ပွင့်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့အချိန်ကျမှ ကို့မှာ စာတန်းထိုးဖိုင်ရှိတယ်ဆိုရင်တော့ စာဖိုင်ကို အဆိုပါ Player ထဲကို ဆွဲချလိုက်ပါ။


(ပုံ ၈)

(ပုံ ၉)


၈။ ကဲဒါဆိုရင်တော့ ကျနော်တို့ ကြည့်လို့ရပြီ။ မိမိစိတ်ကြိုက်ကားများကို ကြည့်ရှုနိုင်ပါပြီ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(ပုံ ၁၀)






No comments:

Post a Comment