Friday, January 2, 2015

၂၀၁၄ ခုနှစ် ရဲ့ စတိုင်အကျဆုံး အမျိုးသမီး အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Kate Middleton


ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Kate Middleton ဟာ အလှအပရေးရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Feelunique.com ကဦးဆောင်ပြီး မဲပေးသူပေါင်း ၂၀၀၀ ကျော်ရဲ့  ၂၀၁၄ ခုနှစ် ရဲ့ စတိုင်အကျဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အဆိုတော် တစ်ဖြစ်လဲ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham ကတော့ ဒုတိယမြောက် စတိုင် အကျဆုံးအဖြစ်သာ မဲရရှိခဲ့တယ်လို့ သိရပါတယ်။ Girls Aloud အဖွဲ့မှ ပေါ့ပ်စတား Cheryl Cole ကတော့ သူမတို့ ၂ ယောက်ရဲ့ အနောက်မှာသာ ရှိနေခဲ့ပါတယ်။
အခြားစတိုင်ကျတဲ့ အမျိုးသမီးတွေ အဖြစ်ပါဝင်လာသူတွေကတော့ Emma Watson , Jessica Alba နဲ့ Abbey Clancy တို့ပဲဖြစ်ပြီး စတိုင် အဆိုးရွားဆုံး အဖြစ် ရွေးချယ်ခံခဲ့ရသူကတော့ Katie Price ပဲဖြစ်တယ်လို့လည်း သိရပါတယ်။

Credit : http://www.starpulse.com/news

No comments:

Post a Comment