Friday, January 2, 2015

နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး


(၁) ဥအမျိုးမျိုး ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်၀ရုံ သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်၀နေစေ၍ အခြားလိုအပ်သော အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။ (၂)အုတ်စပါး(Oatmeal) အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ် ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti oxidant) များစွာ ပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာ စေပါတယ်။ (၃)လက်ဖက်ရည်ကြမ်း (Green tea)- Green tea သောက်သုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုကို သိသာစွာ လျော့နည်းစေရုံ သာမက ယင်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းက ရင်သား ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုအား လျော့နည်းစေသည်။ ထို့ပြင် green tea တွင် ပါဝင်သော Polyphenols နှင့် Flavonoids တို့က ခုခံအားစနစ်ကို မြင့်တက်စေပြီး ဆီးချို ထိန်းသိမ်းရာ၌လည်း ကူညီပေးကြောင်း သိရသည်။ (၄)ဒိန်ချဉ် ဒိန်ချဉ်တွင် ကယ်ဆီယမ်များစွာ ပါဝင်ပြီး အရိုးနှင့်သွား များကို ခိုင်ခံ့စေသည်။ ထို့ပြင် ဒိန်ချဉ်က အစာအိမ်ကို ကူညီနိုင်ပြီး အစာအိမ်အချဉ်ဖောက်ခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ အစာမကြေခြင်း တို့အား သက်သာ စေသည်။ ထို့ပြင် အရေပြားအား နူးညံ့ချောမွတ်စေ၍ အပေါ်ယံလွှာရှိ ဆဲလ်အသေများကို ကွာကျ စေနိုင်သည်။ (၅)အသီးများ ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီ သီးစတဲ့အသီး အမျိုးမျိုး စားခြင်းက သင့်ကို နောက်တစ်ကြိမ် အစာမစားမီ အချိန်ထိ လိုအပ်သောစွမ်းအင် ပမာဏကို မပိုမလို တိကျစွာ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။ မိုင်ကိ Health Updates Journal

No comments:

Post a Comment