Sunday, May 3, 2015

OSI Layer 7 အကြောင်း


OSI Layer 7


Network ပေါ်မှာ ကွန်ပျူတာ တစ်လုံးနှင့် တစ်လုံး Data အပြန်အလှန် ပေးပို့နေပုံ ကို မျက်စိဖြင့် မမြင်နိုင်ပေမယ့် ISO (International Standard Organization) မှ Developed လုပ်ထားတဲ့ Network model တစ်ခု လိုက်နာအသုံးပြုပြီး communicate လုပ်ကြပါတယ်။ ၄င်း Network model ကို OSI (Open System Interconnection) လို့ခေါ်ပါ
တယ်။ OSI model ကို Layer 7 ခု ဖြင့် တည်ဆောက်ထားသောကြောင့် 7 Layer လို့လည်း ခေါ်ပါတယ် ။ OSI model ကို 1977 တွင် ISO မှစတင်ပြီး Developed လုပ်ခဲ့ ကြပါတယ်။ OSI model သည် TCP/IP တို့လို့ protocol မျိုး မဟုတ်ပါဘူး ။ လိုက်နာပြီး လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားတဲ့ Network model တစ်ခု ဖြစ်ပါတယ် ။ protocol တွေကို ဖန်တီးမယ့် programmer တွေဟာလဲ OSI model အောက်မှာ အကျုံးဝင်အောင် ရေးသားကြပါတယ်။ အဲဒီလို OSI model ကို လိုက်နာ ပြီး ပုံစံထုတ်ရေးသားထားတဲ့ Protocol တွေသားလျှင်အခြား network တွေနှင့် ချိတ်ဆက် တဲ့နေရာမှာ အခက်အခဲ မရှိ မှာဖြစ်ပါတယ်။ ထို့ကြောင့် TCP/IP အပါဝင် network protocol တော်တော်များများသည် OSI ဘောင်အတွင်းဝင်အောင် ရေးသားထားကြပါတယ်။ အောက်ပါပုံတွင် computer တစ်လုံးမှအခြားကွန်ပျူတာ တစ်လုံးသို့ Data flow သွားရာလမ်းကြောင်းကို OSI model ဖြင့်ဖော်ပြထားပါတယ်။ ပုံမှာ ပြထားတဲ့ သလို ကွန်ပျုတာ နှစ်လုံး Data ဖလှယ် မယ်ဆိုရင်  Source လိုခေါ်တဲ့ Data ပေးပို့မယ် computer ရဲ့ application layer မှ စပြီး physical layer ထိ ဆင်းတစ်ဆင့်ချင်းဆင်းသွား ပါလိမ့်မယ်။ ၄င်း physical layer မှ Data တွေကို cable ပေါ်သို့ transmit လုပ်ပါတယ်။ ထိုမှတစ်ဖန် Data လက်ခံမယ့် စက် (destination ) သို့ ရောက်တဲ့ အခါ physical layer မှ စပြီး တစ်ဆင့် ချင်းတက်ပြီး နောက်ဆုံး application layer သို့ရောက်ရှိပါတယ်။

Application Layer
Application Layer သည် OSI model ရဲ့ အပေါ်ဆုံး အလွှာဖြစ်ပြီး user နဲ့ တိုက်ရိုက်ထိတွေရတဲ့ Layer လည်းဖြစ်ပါ တယ်။ ဒီနေရာမှာ တစ်ခုပြောစရာ ရှိတာက Appilcation Layer ဆို တော့ photoshop တို့ word တို့ excel တို့
အလုပ်တဲ့ Layer လားလို့ မေးစရာ ရှိပါတယ်။ Application Layer ထဲ မှာ အဲဒီ software application တွေမပါပါဘူး။ Network နဲ့ ပတ်သတ်တဲ့ services တွေအလုပ်လုပ်တဲ့ အခါ အသုံးပြုတဲ့ application protocol တွေအလုပ်လုပ်တဲ့ Layer ဖြစ်ပါတယ် ။ တစ်နည်းပြောရ ရင် Network နဲ့ ပတ်သတ်တဲ့ services တွေကိုထမ်းဆောင်တဲ့ Layer လည်းဖြစ်ပါတယ်။ Application Layer မှာ အလုပ်လုပ်တဲ့ protocol တွေကတော့ HTTP (Hypertext Transfer Protocol), FTP (File Transfer protocol), SMTP (Simple Mail Transfer Protocol) စတဲ့ protocol တွေအလုပ် လုပ်ကြပါတယ်။

Presentation Layer 
Presentation Layer ဟာ OSI ရဲ့ ၆ ခုမြောက်အလွှာ ဖြစ်ပါတယ်။ ဒီ persertation layer  က ဘာအလုပ်လုပ်သလဲ ဆိုတော့ presentation, compression, encryption ဆိုတဲ့ လုပ်ငန်းစဉ် ၃ ခုကို အဓိက လုပ်ဆောင်ပါတယ်။
တစ်ဖက်ကပို့လိုက်တဲ့ data ကို တစ်ဖက်က လက်ခံမယ့်သူဘက်မှ process လုပ်နိုင်အောင် transalator အဖြစ်နဲ့ လုပ်ပေးတာဟာ presentation layer ရဲ့ လုပ်ငန်းစဉ်ပါဘဲ။ ဘာကို transalate လုပ်ပေးလဲ ဆိုရင် အခုလက်ရှိအသုံးပြု နေကြတဲ့ ကွန်ပျုတာတော်တော် များများရဲ့ language code တွေသည် ASCII (American Standard Code for Information Interchange ) ကို အသုံးပြုပါတယ်။ ASCII  language code သည် 1 charator ကို 8 bit နဲ့ အလုပ်လုပ် ပါတယ်။ ဒါပေမယ့် IBM Mainframe လို တစ်ချို့ ကွန်ပျုတာ တွေမှာတော့ EBCDIC (Extended Binary Coded Decimal Interchange Code) ဆိုတဲ့ language code ကို သုံးကြပါတယ် ။ EBCDIC  code ကတော့က 1 
charator ကို 7 bit နဲ့ အလုပ် လုပ်ပါတယ်။ အဲဒီ Language code မတူတဲ့ Computer အချင်းချင်း data ဖလှယ်မယ်ဆိုရင် ASCII မှ EBCDIC သို့ EBCDIC မှ ASCII သို့ အပြန်
အလှန် Translate လုပ်ပေးပါတယ်။  Compression ဆိုတဲ့ လုပ်ငန်းစဉ်ကတော့ ရှင်းပါတယ်။ Network ထဲမှာ Data ပို့ရင် အရွယ်အစား ငယ် သွားအောင် ချုံပေးပြီး (compression) တစ်ဖက် က data လက်ခံမယ့်ဘက်ရောက်တော့ uncompress ပြန်လုပ်ပေးပါတယ်။ Encryption ကတော့ ကိုယ့်ပို့ လိုက်တဲ့ data တွေကို secure ဖြစ်အောင် Encrypt (စကားဝှက်)လုပ်ပြီး ပို့ပါတယ်။ တစ်ဖက်က ပြန်လက်ခံရင်  Dencrypt ပြန်လုပ်ပေးတဲ့ လုပ်ငန်းစဉ်ကိုလုပ်ဆောင်ပေးပါတယ်။

Transport Layer
Transport Layer ကတော့ (End to End reliable communication) အစွန်းနှစ်ဖက်ကိုစိတ်ချရအောင်ဆောင်ရွက်ပေးတဲ့ Layer ဖြစ်ပါတယ်။ ဘယ်လိုအစွန်းနှစ်ဖက်လဲဆိုတော့ Upper Layer နဲ့ Lower Layer တွေရဲ့ ကြားမှာ ကြားခံ Layer အဖြစ်နဲ့ အလုပ်လုပ်ပါတယ်။ Upper Layer မှာလာတဲ့ အရွယ်အစားကြီးမားတဲ့ Data တွေကို အရွယ်အစားသေးငယ်ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် transport layer က လုပ်ဆောင်ပေးပါတယ်။ အဲဒီလုပ်ငန်း စဉ်ကို segmentation လို့ ခေါ်ပြီး Data အပိုင်းအစ တွေကို segment လိုခေါ်ပါတယ်။ Transport Layer ရဲ့ အဓိက လုပ်ဆောင်မူကတော့ တစ်ဖက် ပို့လိုက်တဲ့ data တွေကို လက်ခံယူတဲ့အခါ အမှားအယွင်းမရှိ ပြည့်ပြည့် စုံစုံရရှိအောင် တာဝန်ယူဆောင်ရွက်ပေးပါတယ်။ နောက်ပြီး flow control လို့ခေါ်တဲ့ လက်ခံသူမှ data တွေကို ဘယ်လောက်မြန်နူန်းဖြင့်လက်ခံရယူနိုင်သလဲ ဆိုတဲ့ ပေါ်မူတည်ပြီး transmit လုပ်ခြင်းကိုလဲလုပ်ဆောင်ပါတယ်။ transport layer မှာ အလုပ်လုပ်တဲ့ protocol တွေကတော့ TCP, UDP, Net BEUI, SPX protocol ....... စသဖြင့် ရှိပါတယ်။ Transmission mothod အပေါ်မူတည်ပြီး protocol တွေအနေနဲ့ connection oriented နှင့် connectionless ဆိုပြီး နှစ်မျိုးကွဲပါတယ်။ TCP (Transmission Control Protocol) ဟာ connection oriented protocol အမျိုးအစားဖြစ်ပြီး UDP (User Datagram Protocol) ကတော့ connectionless အမျိုးအစားဖြစ်ပါတယ်။

Network layer
Network layer ရဲ့ လုပ်ဆောင်မူကတော့ Addressing နှင့် Routing တို့ ဖြစ်ပါတယ်။ Addressing ကတော့ network ထဲ မှာရှိသမျှ computer တွေကိုမည်သည့် Device နှင့်မှ မတူတဲ့ Address Number သတ်မှတ်ပေးချင် ဖြစ်ပါတယ်။ Address Number နှစ်မျိုးရှိပါတယ်။ IP adderss လို့ ခေါ်တဲ့ (Logical Address) နှင့် MAC address လို့ ခေါ်တဲ့ (Physical Address) ဖြစ်ပါတယ်။ Network Layer protocol တွေသည် Transport Layer မှရောက်လာ
တဲ့ segment တွေမှာ source နှင့် destination address ထည့်သွင်းခြင်း များကို လုပ်ဆောင်ပါတယ်။ အဲဒီ source နှင့် destination address များ သည် IP (logical address) များဖြစ်ပါတယ်။ Routing လုပ်ငန်းစဉ်ကတော့ destination သို့ data မပို့ခင် ဘယ်လမ်းကြောင်းမှ ပေးပို့ ခြင်းသည် အမြန်ဆုံး နှင့် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးပါတယ် ။ နောက်တစ်ခု က Network တစ်ခုမှ အခြား Network တစ်ခု သို့ data ပေးပို့တဲ့ အခါမှာ Routing သည် အဓိက
နေရာမှာ ပါဝင်ပါတယ်။ အဲဒီလို အမြန်ဆုံး နှင့် အကောင်းဆုံး ရောက်ရှိနိုင်မယ့် လမ်းကြောင်းရွေးချယ် ဆုံးဖြတ်ခြင်းကို Routing လို့ခေါ်ပါတယ်။ Router များသည် Network Layer တွင် အလုပ်လုပ် ကြပြီး ၄င်း တို့ကို Layer 3 Devices လို့လဲ ခေါ်ပါတယ်။

OSI Model
OSI Model ရဲ့ ဒုတိယမြောက် Layer လဲဖြစ်ပါတယ် ။ သူက ဘာလုပ်ပေးလဲ ဆိုတော့Network Layer က လာတဲ့ Packet တွေကို header နှင့် trailer တို့ ထည့်သွင်းပြီး frame တစ်ခုတည်ဆောက် ပါတယ် ။ header ထဲမှာ ဆိုရင် source နှင့် destination address ကို ထည့်သွင်းပါတယ်။ ဒီ Layer မှာ ထဲတဲ့ address တွေကတော့ MAC (Physical Address ) ဘဲ ဖြစ်ပါတယ် ။ အဲဒီမှာ Network Layer ကတပ်တဲ့ IP ( logical address ) နှင့် Data Link Layer က တပ်တဲ့ MAC ( Physical address ) တို့ မပါရှိလျှင် Packet တွေသည် လိုရာခရီးကို ရောက်မှာ မဟုတ်ပါဘူး ။ Fram တစ်ခု network ထဲ ရောက်ရှိလာပြီး ဆိုရင် network ထဲ မှ computer တိုင်းသည် packet frame အတွင်းပါလာသော Destination MAC address ကို ကြည့်ရူ ကြပါတယ် ။ အဲဒီ destination mac address သည် မိမိ၏ MAC addrss နှင့် တူနေတယ် ဆိုရင် အဲဒီ frame ကို လက်ခံပြီး Network Layer သို့လွှဲအပ်လိုက်ပါတယ် ။ တကယ်လို့ မိမိ mac address 
နှင့် မတူဘူးဆိုရင် အဲဒီ frame ကို လျစ်လျူရူ လိုက်မှာ ဖြစ်ပါတယ် ။ နောက်လုပ်ငန်းစဉ် တစ်ခုက အဲဒီ ရောက်လာတဲ့ frame တွေဟာ Error- Frame တွေ ဖြစ်နေခဲ့မယ်ဆိုရင်လဲ နောက်တစ်ကြိမ် ပြန်ပို့ပေးရန် Data Link Layer ကဘဲ ညွှန်ကြားမှာ ဖြစ်ပါတယ် ။ နောက်တစ်ခုက Data Collision ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် Access Method များနှင့်လဲ ထိန်းကျောင်းပေးတဲ့ layer ဖြစ်ပါတယ် ။ Ethernet Network တွေမှာ ဆိုရင် CSMA/CD (Carrier Sences Multiple Access with Collsion Detection ) ဆိုတဲ့ Access method ကို အသုံးပြုပြီး Ring Network တွေမှာ ဆိုရင်
Token passing ကို အသုံးပြုကြပါတယ် ။ DATA Link Layer မှာ အလုပ်လုပ်တဲ့ Device များကိုLayer 2 Device လို့ခေါ်ပါတယ် ။ Bridge နှင့် switch တွေသည် DATA link layer တွင် အလုပ်လုပ်ပါသည် ။

physical Layer
            OSI 7 Layer ရဲ့ အောက်ဆုံးအလွှာဖြစ်ပါတယ် ။ Network ချိတ်ဆက်ရာတွင် အသုံးပြုရမယ် cable အမျိုးအစား ၊အကွာအဝေး ၊ အသုံးပြုရမည့် connector    တို့ကိုဆုံးဖြတ်ပေးပါတယ် ။Data Link Layer မှလာသော frame များကို
electric signal အဖြစ်ပြောင်းလည်းပေးပြီး ၊ကိုယ့်ဆီဝင်လာတဲ့ electric signal များကိုလည်း Network Bit များအဖြစ်
လက်ခံရယူပါတယ် ။ Hub နှင့် Repator တို့သည် physical layer တွင်လုပ်ဆောင်ကြပါတယ် ။NIC တွေကတော့ physical layer နှင့် data link layer နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ် ။

No comments:

Post a Comment