Sunday, March 15, 2015

ဗိုင်းရပ်ကြောင့် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကို ဘယ်လိုပြန်လိုက်မလဲ


 
ဒီနေ့ပြောပြချင်တဲ့ အကြောင်းကတော့ ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက Data တွေကို ဘယ်လိုပြန်ယူလို့ရမလဲ ဆိုတာ ပြောပြပေးပါ့မယ်။

ကွန်ပျူတာ အသုံးပြုသူတွေရဲ့ အကြောက်ဆုံးတခုကတော့ ဗိုင်းရပ်ပါဘဲ လူတွေက ဗိုင်းရပ်ဆို အသံကြားတာနဲ့တင်လန့်နေတတ်ကြပါတယ်

ဗိုင်းရပ် အမျိုးအစားများစွာရှိတဲ့အထဲက ကွန်ပျုတာအသုံးပြုသူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား တွေကလဲတော်တော်များပြားလှပါတယ်။

တချို့ ဗိုင်းရပ်တွေဆိုရင် တော်တော်အစွမ်းထက်လှအောင် ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်တမျိုးကို
ကျွန်တော်တွေ့ခဲ့ဘူးပါတယ် ကျွန်တော်ကွန်ပျုတာစသုံးဖြစ်ခဲ့တဲ့ 2010 ခုနှစ်လောက်ကပါ။

အဲ့တုံးက အရမ်းခောတ်စားတဲ့ အင်တာနက်မှာနံမယ်ကြီးသီးချင်းတွေကို စုစဉ်းပြီး DVD အယ်ဘမ် လုပ်ထားတဲ့ အခွေတစ်ခွေကို သူငယ်ချင်းတယောက်က MP3

ပြန်ပြောင်းခိုင်းခဲ့တာက ဖြစ်ခဲ့တာပါ အဲ့ဗိုင်းရပ်က ဘယ်လောက်ဆိုးလဲ ဆိုတော့ DVD အခွေကို Drive ထဲ ထည့်ပြီးတုံးခဏဘဲရှိသေးတယ် Window ပြုတ်ကျသွားပါတယ်

အဲ့တုံးက Window တင်တတ်ခါစဆိုတော့ပြသနာကိုသေသေချာချာ ဂဃနဏဏ မသိသေးပါဘူး Window ဘဲအလွယ် ပြန်တင်ခဲ့ပါတယ် ....

ဗိုင်းရပ်တွေက အမျိုးအစားတော်တော်များသလို တော်တော်ဒုက္ခပေးတဲ့ အရမ်းအစွမ်းထက်တဲ့ ဗိုင်းရပ်မျိုးကို ဗိုင်းရပ်ရေးသူတွေက ဖန်းတီးခဲ့ပါတယ်

ဗိုင်းရပ်တွေထဲမှာ Microsoft Window တိုက်ခိုက်တဲ့ဗိုင်းရပ်အမျိးစားတွေက အများဆုံးလို့သိရပါတယ်။

ဒီကနေ့သူငယ်ချင်းတို့ ကွန်ပျုတာထဲကို ကျွန်တော်ကြုံခဲ့သလိုမျိုး Window ကျသွားတဲ့အထိဆိုးရွားတဲ့ ဗိုင်းရပ်ထိပြီး Window ကျတဲ့သူငယ်ချင်းတွေအတွက် ကျသွားခဲ့တဲ့ Window ထဲက ဒေတာတွေ

ကိုယ်မသိမ်းရသေးတဲ့ အရေးကြီးတဲ့ File တွေ Folder တွေကို မိမိကွန်ပျုတာ Windowတင်မထားတဲ့ Drive D: ထဲမှာဲ့(သို့မဟုတ်)အခြားနေရာမှာလုံလုံခြုံခြုံ အမြဲသိမ်းထားဘို့လိုပါလိမ့်မယ်

ဒီလိုမှမဟုတ်ရင်တော့ ကိုယ်အချိန်ပေးပြီးစုဆောင်လာတဲ့(သို့မဟုတ်) ကိုယ်တိုင် အချိန်ပေးပြီးဖန်တီးထားတဲ့ ဒေတာတွေ ဆုံးရှုံးရပါလိမ့်မယ် တကယ်လို့ဒီပြသနာတက်ခဲ့မယ်ဆိုရင် ကိုယ်ကဘာမှပြင်ဆင်မထားရသေးဘဲ

အကြောင်းအမျိုးမျိုးကြောင့် Window ကျခဲ့မယ်ဆိုရင် Window ကျသွားခဲ့တဲ့ ထဲမှာ မိမိလိုချင်တာတွေ ပြန်ယူလို့ ရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်ဗျာ....

အခုအဆင်ပြေဆုံး နည်းလမ်းလေးတခု ပြောပြပေးလိုက်ပါမယ်....

လိုအပ်တာတွေကို အရင်ဒေါင်းလော့ဆွဲလိုက်ပါအုံးနော်..ဗားရှင်းနှစ်ခု တင်ပေးထားပါတယ် ..
 ဒေါင်းလော့ဆွဲပြီးပြီဆိုရင် အောက်ကပုံတွေအတိုင်း အခွေအရင်ဘမ်းလိုက်ပါနော်

1.ဒေါင်းလော့ဆွဲလို့ရလာတဲ့ Zip ဖိုင်လေးကိုဖြည့်လိုက်ပါ



2.ဖြေလိုရလာတဲ့အထဲက BurnToCD .Bat File လေးကိုRun လိုက်ပါ



3. Star Button လေးကကလစ်ပြီး DVD Drive အဖုံးပွင့်လာရင် အ ထဲကို CD

အလွတ်တချပ်ထည့်လိုက်ပါ။



4.Pleace insert a"blank"disc into the drive. "OK"

ခုဏက အခွေထည့်ပြီးလို "OK" နှိပ်ပြီးရင် အခွေစဘမ်းနေပါလိမ့်မယ်။ 
 





အဲ့အပေါ်ကပုံစံအတိုင်း ပေါ်နေပြီဆို အခွေဘမ်းနေတာသေချာပါပြီ ခဏစောင့်နေလိုက်ပါ။

ပြီးရင်အောက်က လိုပုံလေး အခွေကူးပြီးစီးကြောင်းပြပါလိမ့်မယ်



Complete ပြနေပြီဆို Close နဲ့ပိတ်လိုက်ပါ ပြီးပြီးဆို Hiren BootCD

အခွေရပါပြီ ဒါဆိုရင် အောက်ကအဆင့်တွေအတိုင်းလုပ်ပေးလိုက်ပါ

Hiren BootCD အသုံးပြုနည်းတွေကအများကြီးရှိပါတယ်

ဒီအကြောင်းတွေကိုလဲ နောက်မှ အပြည့်အစုံစာအုပ်ထပ်ရေးပါအုံးမယ်

လောလောဆယ် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကို

ပြန်ဆယ်နည်းလေးရေးပေးလိုက်ပါ့မယ်.

Hiren BootCD အသုံးပြုနည်း
-------------------------------

Window ကျသွားပြီဒေတာတွေပြန်လည်ရယူလိုတယ်ဆိုရင်တော့ မိမိကွန်ပျုတာကို ဝင်းဒိုးတင်သလိုဘဲ

Boot အရင်ခေါ်လိုက်ပါ Hiren BootCD နဲ့တတ်လာရင် အောက်ကလို ပုံလေးပါ



အဲထဲမှာ Mini Window XP ကိုရွေးပြီး Enter နှိပ်လိုက်ပါ Window XP တတ်လာပါလိမ့်မယ်

အဲ့ဒီတော့မှ ကိုယ်မသိမ်းရသေးတဲ့ ဝင်းဒိုးအဟောင်းထဲက ဖိုင်တွေပြန်ရှာပြီး သိမ်းထားလိုက်ပါ။

Hiren BootCDမှာ အသုံးဝင်တဲ့ အခြားဟာတွေအများကြီးပါဝင်ပါသေးတယ်
အဲ့ဒါတွေကတော့
1. Administrator အကောက် Pressword ကိုမေ့နေရင်ပြန်ဖြုတ်နိုင်ပါတယ်
2. Window တင်ပြီးသားတွေကို Clone ရိုက်ပြီး အခြားစက်တွေမှာ ပြန်သုံးနိုင်ပါတယ်
ဒီလိုအသုံးပြုခြင်းအားဖြင့် ဝင်းဒိုးတင်တာပုံမှန် 1နာရီ လောက်အချိန်းပေးစရမလိုဘဲ ခဏလေး
ဝင်းဒိုးအသစ်ပြန်ရနိုင်ပါတယ်
3. Window ကျသွားတဲ့အချိန် Window အဟောင်းထဲက ဒေတာတွေပြန်လည်ရယူနိုင်ပါတယ်
4. မိမိကွန်ပျူတာထဲကို ဝင်ရောက်နေတဲ့ဗိုင်းရပ်ကုတ်တွေကို Hiren BootCD Boot တတ်ပြီးရှင်းလင်းနိုင်ပါတယ်
5. Bios Pressword တွေကိုလဲဖြုတ်ပေးနိုင်ပါတယ်
ဒါကတော့ မားသားဘုတ်အလိုက် ရတဲ့ဟာရှိသလိုမရတာတွေလဲ ရှိတတ်ပါတယ်

ကဲဒီညတော့ဒီလောက်ပါဘဲ နောက်မှ အသုံးပြုနည်းစာအုပ်ရေးပေးပါအုံးမယ်နော်

အဆင်ပြေပါစေဗျာ။။


ဟန်မိုးလွင်(အိမ်လွမ်သူ)
www.hanmoelwin.com

No comments:

Post a Comment