QR code ဆိုတာ ခုနောက်ပိုင်း အတော် တွင်ကျယ်လာနေတဲ့ data marker
အချက်အလက် အမှတ်အသားဖြစ်ပါတယ်။ အရင်က bar code တွေ သုံးခဲ့ကြတယ်။
ဒီ QR code က အရွယ်အစား သေးသေးနဲ့ အချက်အလက် ပိုများများ
သိမ်းဆည်းနိုင်မှုကြောင့် တွင်ကျယ်လာခြင်းပါ။ မူလက ဂျပန်
ကားထုတ်လုပ်သူများက ကား၏ အချက်အလက်များကို မှတ်သားဖို့ အသုံးပြုခဲ့တာ
ဖြစ်ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ နယ်ပယ်အသီးသီးမှာ တွင်ကျယ်စွာ
အသုံးပြုနေကြပါပြီ။ QR code က လုပ်ဆောင်ပေးနိုင်တာ
တော်တော်များပါတယ်၊ အင်တာနက်လိပ်စာ၊ နာမည်၊ ကိန်းဂဏန်းတန်ဖိုး၊
စာသား စသဖြင့် အချက်အလက် အစုံအလင် ထည့်သွင်း အသုံးပြုလို့ရပါတယ်။
QR code အကြောင်း အသေးစိတ်ရေးလျှင်
စာတစ်အုပ်စာဖြစ်သွားလိမ့်မည်။ ခု ကျွန်တော် မိတ်ဆက်ပေးချင်တာက
QR code reader application ဖက်တဲ့ ဆော့ဖ်ဝဲ ရယ် ကိုယ်တိုင်
ကုဒ်ထုတ်လို့ရမယ့် QR code generator application ရယ် အစုံလိုက်
တင်ပေးထားပါတယ်။ ဖက်တဲ့ ဆော့ဖ်ဝဲကိုသုံးဖို့ အဓိက ဖုန်းကင်မရာကို
သုံးပါတယ်။ QR code ကို reader ဆော့ဖ်ဝဲဖွင့်ပြီး ဖုန်းကင်မရာနဲ့
ချိန်ထားလိုက်လျှင် code ထဲမှာ ပါတဲ့ အချက်အလက်ကို သိရပြီ ဖြစ်ပါတယ်။
အခြား အင်တာနက် စာမျက်နှာလို ဖုန်းထဲမှာ QR code တွေ့လျှင် code
ဓာတ်ပုံကို ဖိထားပြီး reader ဖြင့် share လုပ် ဖက်ယူလို့ရပါတယ်။ QR
code generator ကတော့ ကို ပေးချင် ရေးချင်တဲ့ စာသား၊ လိပ်စာ၊ နာမည်
စတာတွေကို အက္ခရာ များဖြင့်ရေးပြီး generate လုပ်လိုက်လျှင် QR code
အဖြစ် ရ ရှိမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ အောက်က ပေးထားတဲ့
link မှာ ဒေါင်းယူပါ။ အဆင်မပြေ အခက်အခဲရှိပါက comment ထားခဲ့ပေးပါ။
နမူနာပြထားတဲ့ QR code က ဒီဆော့ဖ်ဝဲ ဒေါင်းဖို့ လိပ်စာပါ။ သင့်ဖုန်းထဲမှာ QR reader ရှိပြီးသားဆိုရင် ဒီပုံလေးကို ဖက်လိုက်ပါ။
Download here | ဒေါင်းရန်နှိပ်ပါ။
နမူနာပြထားတဲ့ QR code က ဒီဆော့ဖ်ဝဲ ဒေါင်းဖို့ လိပ်စာပါ။ သင့်ဖုန်းထဲမှာ QR reader ရှိပြီးသားဆိုရင် ဒီပုံလေးကို ဖက်လိုက်ပါ။
Download here | ဒေါင်းရန်နှိပ်ပါ။
No comments:
Post a Comment