Thursday, January 22, 2015

ထိပ်တန်း ultraportable laptop (၁၀) မျိုး

Laptop ကဲ့သို့ သယ်ဆောင်ရ လေးလံခြင်းနှင့် tablet ကဲ့သို့ အလွယ်တကူ စာမရိုက်ခြင်း ပြဿနာများကို ရှောင်ရှားလိုသူများတွင် တတိယရွေးချယ်စရာတစ်ခု ရှိသည်။ ၎င်းမှာ ultrabook ခေါ် ultraportable laptop ဖြစ်သည်။ Ultrabook ကို ၂၀၁၁ ခုနှစ်တွင် တရုတ်(တိုင်ပေ) ၌ နှစ်စဉ်ကျင်းပပြုလုပ်သော ကွန်ပျူတာပြပွဲတစ်ခုတွင် Intel က ပထမဦးဆုံး မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် laptop ထုတ်လုပ်သူများသည် Intel မှ သတ်မှတ်ထားသော spec များနှင့် ကိုက်ညီသည့် ultrabook များကို ထုတ်လုပ်လာခဲ့ကြသည်။ သတ်မှတ်ထားသည့် spec များတွင် အထူ အနည်းဆုံး ၀.၈ လက်မ ရှိရန်နှင့် အမြင့် ၂၃ မီလီမီတာထက် မကျော်ရန်တို့ ပါဝင်သည်။ ထို့အပြင် ဘက်ထရီသက်တမ်းကို အနည်းဆုံး ၆ နာရီမှ ၉ နာရီအထိ ရှိရန်နှင့် hibernation မှ ၃ မိနစ်အတွင်း resume လုပ်နိုင်ခြင်းတို့လည်း ပါဝင်သည်။
10 Toshiba Kirabook
Toshiba Kirabook တွင် backlit keyboard ပါဝင်ပြီး သုံးစွဲသူများ ပိုမိုအသုံးတည့်စေပြီး အဆင်ပြေစေရန်အတွက် F1-F12 function key များကို volume, play/FF/RW စသည့် function များ၏ အမည်များဖြင့် ပြောင်းလဲထားသည်။ ၎င်းတွင် Intel Core i7-3537U processor, 256GB SSD, 8GB memory နှင့် ၆ နာရီကြာ အသုံးပြုနိုင်သည့် ဘက်ထရီတို့ ပါဝင်သည်။ တန်ဖိုးက ဒေါ်လာ ၂,၀၀၀ ဝန်းကျင်ဖြစ်သည်။


9 Sony VAIO Duo 13

အလေးချိန် ၃ ပေါင်ခန့်သာရှိသည့် Sony Vaio Duo 13 တွင် Surf Slider ပါဝင်သောကြောင့် laptop မှ tablet အသွင်သို့ ပြောင်းလဲအသုံးပြုနိုင်သည်။ 128GB SSD တွင် built-in Windows 8 ပါဝင်ပြီး Skype, Slacker, iHeart Radio စသည့် web app များကို ထည့်သွင်းပေးထားသည်။ Intel ၏ Core i5 processor ကို အသုံးပြုထားပြီး ဘက်ထရီကို ၉ နာရီကြာအထိ အသုံးပြုနိုင်သည်။ Touchscreen ပေါ်တွင် zoom နှင့် swipe တို့ကို ပြုလုပ်ရာတွင်လည်း ချောမွေ့စွာဖြင့် ပြုလုပ်နိုင်သည်။


8 HP Pavilion Sleekbook 15z-b000

HP Pavilion Sleekbook တွင် AMD A8 processor ကို အသုံးပြုထားသောကြောင့် ဈေးသက်သာသည်။ အလေးချိန် ၄.၅ ပေါင်ရှိပြီး အနက်၊ အပြာ၊ အနီစသည့် အရောင်များဖြင့် ရရှိနိုင်သည်။ Keyboard ၏ ညာဘက်တွင် numeric keypad ကို ထည့်သွင်းပေးထားသည်။ သိုလှောင်မှုပမာဏ 500GB ပါဝင်ပြီး ဘက်ထရီဖြင့် ၃ နာရီခွဲခန့် အသုံးပြုနိုင်သည်။ တန်ဖိုးက ဒေါ်လာ ၅၀၀ ဖြစ်သည်။


7 Samsung ATIV Book 7 (NP740U3E-K01UB)

အလေးချိန် ၃.၅ ပေါင်ရှိသည့် အတွက် ပေါ့ပါးသော်လည်း Pavilion ထက် ဈေးနှစ်ဆ ပိုမြင့်သည်။ ၎င်းတွင် laptop ခိုးယူခံရခြင်းမှ ကာကွယ်နိုင်သည့် လုပ်ဆောင်ချက်များ ပါဝင်သည်။ 128GB SSD ကြောင့် စွမ်းဆောင်ရည်ကို ပိုမိုလျင်မြန်စေသည်။

6 Lenovo ThinkPad X1 Carbon Touch
အလေးချိန် ၃.၂ ပေါင်သာရှိသည့် Lenovo ThinkPad သည် ဈေးအတော်အတန် ကြီးမြင့်သည့် ultrabook ဖြစ်သည်။ ၎င်းတွင် Core i5 processor နှင့် 180GB SSD တို့ပါဝင်သည်။ ဘက်ထရီကို ၅ နာရခွဲခန့် အကြာ အသုံးပြုနိုင်သည်။ တန်ဖိုးက ဒေါ်လာ ၁,၆၀၀ ဝန်းကျင် ဖြစ်သည်။


5 Acer Aspire S7-191-6640

Acer Aspire ၏ အလေးချိန်သည် ၂.၂ ပေါင်သာ ရှိသောကြောင့် အိမ်နှင့် အလုပ်သို့ နေ့စဉ် အသွားအပြန် လုပ်နေရသူများအတွက် အလွန်သင့်တော်စေမည့် ultrabook ဖြစ်သည်။ Core i5 processor, 128 SSD တို့ကို အသုံးပြုထားပြီး ဘက်ထရီနှင့် ၃ နာရီခွဲခန့် အသုံးပြုနိုင်သည်။ တန်ဖိုးက ဒေါ်လာ ၁,၂၀၀ ဖြစ်သည်။


4 Razer Blade (2013)
အလေးချိန် ၄ ပေါင်သာရှိသည့် အကောင်းဆုံး gaming ultraportable laptop တစ်ခု ဖြစ်သည်။ Core i7 နှင့် 256GB SSD ပါဝင်ပြီး တန်ဖိုးက ဒေါ်လာ ၂,၀၀၀ နီးပါး ဖြစ်သည်။


3 Dell Latitude 6430u

Intel Core i5 CPU နှင့် 128GB SSD အသုံးပြုထားသော Dell Latitude ultrabook မှာ အလေးချိန် ၃.၉ ပေါင်ရှိပြီး တန်ဖိုးက ဒေါ်လာ ၁၃၀၀ ဖြစ်သည်။ ဘက်ထရီကို ၇ နာရီနှင့် ၄၀ မိနစ်အကြာ အသုံးပြုနိုင်သည်။


2 Asus Zenbook Prime Touch UX31A-BHI5T

အလေးချိန် ၃.၂ ပေါင်ရှိပြီး touch-screen feature ပါဝင်သည့် Asus Zenbook Prime Touch တွင် Core i5 processor ကို အသုံးပြုထားသည်။ ဘက်ထရီကို ၆ နာရီခွဲခန့် အသုံးပြုနိုင်သည်။ တန်ဖိုးက ဒေါ်လာ ၁,၂၀၀ ဖြစ်သည်။



1 Apple MacBook Air 13-inch

MacBook Air တွင် Intel Core i5 နှင့် 128 flash memory တို့ပါဝင်သည်။ ဘက်ထရီကိုလည်း ၁၂ နာရီခန့်အထိ အသုံးပြုနိုင်သည်။ iPhoto, Safari, Photo Booth နှင့် FaceTime ကဲ့သို့သော software များကိုလည်း ထည့်သွင်းပေးထားသည်။



Ref: TopTeny


Internetjournal

No comments:

Post a Comment