Internet Download Manager 6.12
Beta Build 3 ကတော့ နောက်ဆုံးထွက်လာတဲ့ Update လေးပါ..။ ဒီနေ့ Cbox
မှာလည်း တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ IDM ကို Patch နဲ့
Full ဖြစ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးလိုက်ပါတယ်..။ မသိသေးတဲ့သူများအတွက်
ဒီနည်းလေးနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ IDM မှ မဟုတ်ပါဘူး..
တခြားဘယ်ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် Patch နဲ့ ဖူးဖြစ်အောင် ဒီနည်းနဲ့ပဲ
လုပ်တာပါ..။ ဒါကြောင့် နောက်ပိုင်း Patch နဲ့တင်တဲ့ ဆော့ဝဲလ်တွေအားလုံး
ဖူးဖြစ်အောင် လုပ်တတ်ဖို့ ဒီပိုစ့်ကိုပဲ ပြန်ပြန်ညွှန်းသွားပါ့မယ်..။
အခုတော့ IDM ကို Patch နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့
သူများကတော့ အောက်မှာ ပုံလေးတွေ ဆက်ကြည့်ပေးပါ..။ နောက်တခုက IDM ကို
မိမိတို့ စက်မှာ Update ဘောစ်ပေါ်တုန်းက Yes လုပ်မိလိုက်တဲ့ သူများကတော့
(IDM Register လုပ်ခိုင်းနေတဲ့သူများ) IDM နောက်ဆုံး ထွက်ကို ရှာပြီး
Install ထပ်ဆွဲထည့်ပါ..။ ပြီးရင် သူ့ထဲမှာပါတဲ့ Patch ကိုယူ..
ဒီနည်းလေးအတိုင်း Patch ဖိုင်လေးကို သွားထည့်ပေးလိုက်ပါ.. အခုတော့
လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့
4.6 MB ရှိပါတယ်..
ဆော့ဝဲလ်ကို ဒေါင်းယူပြီး Install
ဆွဲတော့မယ်ဆိုရင် Antivirus ပရိုဂရမ်တွေကို Temporary Disable ပေးပြီး
ခဏပိတ်ထားလိုက်ပါ..။ ဘာလို့လဲဆိုတော့ Patch တို့၊ Crack တို့၊ Keygen တို့
ဆိုတာ ဗိုင်းရပ်စ်တမျိုးပါပဲ..။ ဒါကြောင့် ဒီကောင်တွေကို
ဖွင့်ပြီး ဆော့ဝဲလ်တွေကို ဖူးဖြစ်အောင် လုပ်တော့မယ်ဆိုရင် Antivirus
ပရိုဂရမ်တွေကို အရင်ပိတ်ထားပြီးမှ လုပ်ပါ..။ မဟုတ်ရင် ဒီသုံးမျိုးကို
ဗိုင်းရပ်စ်ဆိုပြီး Antivirus ပရိုဂရမ်တွေက ဖျက်ပစ်ပါလိမ့်မယ်..။
ဒီသုံးမျိုးက ဗိုင်းရပ်စ်တော့ ဗိုင်းရပ်စ်ပါပဲ..။ ဒါပေမယ့် ဒုက္ခပေးတဲ့
ဗိုင်းရပ်စ်မဟုတ်ပါဘူး..။ ကျနော်တို့ကို ကူညီတဲ့ ဗိုင်းရပ်စ်တွေပါ..။
ဒါကြောင့် ကျနော်တို့က ဒီကောင်လေးတွေနဲ့ ဆော့ဝဲလ်တွေကို ဖူးဖြစ်အောင်
လုပ်ပြီး အသုံးပြုမှာပါ..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..
ကျနော်တို့
IDM ကို ၂ချက်တော့ပြီး Install ဆွဲလည်းရပါတယ်..။ ဒီမှာတော့ ပုံနဲ့ ပြရတာ
အဆင်ပြေအောင် Right Click ထောက်ပြီး Open နဲ့ သွားပါမယ်..။ ၂ချက်တောက်ပြီး
Install ဆွဲတာနဲ့ အတူတူပါပဲ.. R/C ဆိုတာ Right Click
ကိုပြောတာပါ..။ နောက်ပိုင်းပုံတွေမှာ ကြည့်ရ၊ ရေးရတာ အဆင်ပြေအောင် R/C
လို့ပဲ ရေးသွားမှာပါ..
အင်စတောလ်ဆွဲလို့ ပြီးရင်တော့
အပေါ်ကပုံအတိုင်း Registration ဘောက်စ်နဲ့ Serial number တောင်းလာရင်တော့
Cancel ပေးလိုက်ပါ..။ အခုမှ IDM ကိုစသုံးတဲ့ သူများကတော့ ဒီလို Cancel
ဘောက်စ်မျိုး မပေါ်ပါဘူး..။ ဒါပေမယ့် အောက်ကပုံတွေ အတိုင်း
လုပ်ပေးရမှာပါ..။ ဆော့ဝဲလ်ကို Install ဆွဲလို့ ပြီးသွားရင် သူ့ထဲမှာ
ပါလာတဲ့ Patch ဖိုင်လေးကို အောက်ကပုံလေးအတိုင်း copy ယူလိုက်ပါ..
ပြီးရင် အောက်ကပုံတွေ အတိုင်း
Start ကနေ နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..။ 4 နဲ့ 5 က,တနေရာထဲပါပဲ..
5 ရေးပြထားတာကတော့ R/C ထောက်ဖို့ ပြောတာပါ..
အပေါ်ပုံ B နေရာက R/C ထောက်ဖို့ကတော့
ဖိုင်တွေမရှိတဲ့ လွတ်တဲ့ နေရာ ဘေးမှာ မောက်စ်မျှားကို တင်ပြီး
(တခြားဖိုင်တွေနဲ့ မထိအောင်) R/C ထောက်ပြီး paste နဲ့ Patch ဖိုင်ကို
ထည့်ပါ.. Patch ရောက်သွားရင်တော့.. အောက်ကပုံအတိုင်း အဲဒီ Patch ပေါ်မှာ R/C
ထောက်ပြီး E နေရာကို ကလစ်ပါ..
မျှားပြထားတဲ့ အတိုင်း Patch စာသားကို နှိပ်ပါ..။ အောက်ပုံ..
ရှေ့ဆုံးနာမည် ရိုက်ထည့်ပါ (အပေါ်ပုံ).. အောက်ပုံကတော့ နောက်ဆုံးနာမည် ရိုက်ထည့်ပေးပါ..
အပေါ်ပုံအတိုင်း PATCHING DONE
စာသားပေါ်လာရင် မျှားပြထားတဲ့ နေရာက ကြက်ခြေခတ်ကို နှိပ်ပြီး
ပိတ်ပစ်လိုက်လို့ ရပါပြီ..။ ပြီးရင်တော့ အောက်ကပုံတွေအတိုင်း
Apply>>OK ပေးလိုက်ပါ.. ဒါဆိုရင် Patch နဲ့ IDM ကို ဖူးဖြစ်အောင်
လုပ်ပြီးသွားပါပြီ..။ IDM ဖူးဖြစ်သွားပါပြီ..
အောက်ဆုံးပုံကတော့
ဖူးဖြစ်သွားပြီဆိုတာ သိရအောင် ဖွင့်ပြလိုက်တာပါ..။ ဒီလောက်ဆိုရင်တော့ Patch
ဖိုင်လေးနဲ့ IDM ကို ဖူးဖြစ်အောင် လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်..။
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
No comments:
Post a Comment