Friday, January 23, 2015

G-mail တွေအကြောင်း နည်းနည်းလေ့လာရအောင်...

ကျွန်တော်တို့ IT ခေတ်ကြီး ထဲမှာလူတွေရဲ့ ပါးစပ်ဖျားတိုင်းမှာ ကြားနေရတဲ့  Gmail ဆိုတာဘာလဲ...
ဂျီမေး ဆိုတာဘာလဲ
ဂျီမေး(gmail) ဆိုတာ google ကနေ ၀န်ဆောင်မှုပေးထားတဲ. စာပို့ဆောင်ရေးစနစ် တစ်ခု ဖြစ်ပါတယ်။ဂျီမေးကို အေပရယ်လ ၁ရက်နေ. ၂၀၀၄ ခုနှစ်က ဖိတ်ကြားခြင်း(invitation) တစ်ခု အတွက်သာ စတင်လုပ်ဆောင်ခဲ.ပြီး၂၀၀၇ခုနှစ်ဖေဖေါ်ဝါရီလ မှာ အများပြည်သူ အထွေထွေသုံး ဖို.ဖြစ်လာခဲ.ပါတယ်။၂၀၁၀ ခုနှစ်မှာ တစ်လကို ဂျီမေးကို သုံးစွဲသူပေါင်း ၁၉၃.၃ သန်း ရှိတယ်လို.ဆိုပါတယ်။သိမ်းဆည်းထားနိုင်မှု ဂျီမေး လက်ရှိ သိမ်းဆည်းထားနိုင်မှု (7GB) ကိုဝန်ဆောင်မှုအနေနဲ. အလကား ပေးထားပါတယ်။အသုံးပြုသူများအနေနဲ.သိမ်းဆည်းမှု  ထပ်မံတိုးမြင်.ရန် ဌားရမ်းခ အနေနဲ. (20GB) တစ်နှစ်စာအတွက် အမေရိကန် ၅ ဒေါ်လာ ၊16 TBတစ်နှစ်စာ အတွက် အမေရိကန် ဒေါ်လာ ၄၀၉၆ ပေးဆောင်ရမှာဖြစ်ပါတယ်။အေပရယ်လ ၁ ရက်နေ့ ဂျီမေးနှစ်ပတ်လည်နေ့မှာ ဂျီမေးရဲ့ စီမံခန့်ခွဲမှု မန်နေဂျာ Georges Harik က (1GB)ထပ်မံတိုးမြှင်.ပေးရန် ကြေငြာခဲ.ပြီးဂျီမေးကနေ အသုံးပြု သူ များအတွက် သိမ်းဆည်းထားနို်င်မှုများ ထပ်မံ လုပ်ဆောင်ပေးသွားမယ် လို. ပြောကြားသွားခဲ.ပါတယ်။
 
ဂျီမေး၏ ၀န်ဆောင်မှုများ
gmail labs ကိုအသုံးပြုပြီးတော.ဂျီမေး၏ ၀န်ဆောင်မှုများကို ၅ရက် ဇန်န၀ါရီလ ၂၀၀၈ ခုနှစ် မှာ စတင်ခဲ.ပြီး အသုံးပြုသူတွေ အနေနဲ့ စာမျက်နှာများကို မှတ်သားခြင်း ၊ကီးဘုတ် shortcut များအသုံးပြုနိုင်ခြင်း နှင်. ဂိမ်းကစား နိုင်ခြင်းများ ကိုပြုလုပ်နိုင်ပါတယ်။
အသုံးပြုသူတွေ အနေနဲ. gmail labs ကိုဖွင်.ထားနိုင်သလို ပိတ်ထားလို.လည်းရပါတယ်။
၂၀၀၈ ဒီဇင်ဘာမှာ sms message တွေကို ထပ်ပေးခဲ.ပြီး ၂၈ ရက်နေ. ၂၀၀၉ မှာ offline ဖြစ်သော်လည်း စာများလက်ခံနီူင်ခြင်းကို ထပ်မံလုပ်ဆောင်ပေးခဲ.ပါတယ်။





Min Oke Kar (နည်းပညာမှတ်စု)
   www.minokekar.com

No comments:

Post a Comment