Monday, January 5, 2015

သင့်ရဲ့ လုံခြုံွရေးအတွက် Facebook အကောင့်အတုများကို ရှာဖွေနည်း


Facebook အသုံးပြုသူအများစုဟာ Facebook Friend Request များစွာကို လက်ခံရရှိတတ်ကြပြီး စစ်ဆေးခြင်း မရှိဘဲ အလွယ်တကူပဲ Accept လုပ်တတ်ကြပါတယ်။ သေချာတာကတော့ သင့်ရဲ့ Facebook မှ သူငယ်ချင်းအားလုံးဟာ Facebook ကို တကယ် အသုံးပြုတဲ့လူတွေ မဟုတ်ကြပါဘူး။ တစ်ချို့က လူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူပြီး လိမ်လည်ကြဖို့ ဖြစ်ပါတယ်။
Facebook က ဒီပြဿနာကို ဖြေရှင်းဖို့ နာမည်အစစ်ကို အသုံးပြုဖို့ ကန့်သတ်ချက်တွေပြုလုပ်ထားသလို နာမည်ကိုလည်း လေးကြိမ်သာ ပြောင်းလဲခွင့်ပေးထားပါတယ်။ ဒါပေမယ့်လည်း Facebook ရဲ့ System ဟာ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ Facebook က ဘယ်လောက်ပဲ ကြိုးစား ကြိုးစား Facebook လူမှုကွန်ရက်မှာ အကောင့်အတုများစွာ ရှိနေပါသေးတယ်။
အဲဒီ အကောင့်အတုတွေကို ရှာဖွေန်ိုင်ဖို့ အတွက် FakeOff ဆိုတဲ့ Third-Party Tool ကို အသုံးပြုနိုင်ပါတယ်။
FakeOff ကို အသုံးပြုနည်း
FakeOff က အကောင့်အတုတွေကို စစ်ဆေးပေးနိုင်တဲ့ Facebook App တစ်ခုဖြစ်ပါတယ်။ FakeOff ဝက်ဆိုဒ်(https://apps.facebook.com/fakeoff/?fb_source=search&ref=br_tf )ကို သွားပြီး သင့်ရဲ့ Facebook အကောင့်နဲ့ ချိတ်ဆက်ပါ။ ပြီးရင်တော့ FakeOff က သင့်ရဲ့ Facebook သူငယ်ချင်းများ စာရင်းကို ရယူပြီးပြသပါလိမ့်မယ်။ သင်နဲ့ အမှန်တကယ် သိတဲ့ သူငယ်ချင်းတွေကိုတော့ “ I know he/she is real” ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အကောင့်အတုလို့ သံသယရှိသူတွေကို စစ်ဆေးဖို့ “ Let’s check him” ခလုတ်ကို နှိပ်ပါ။
ပြသပေးထားတဲ့ သင့်သူငယ်ချင်းများ စာရင်းမှာ စစ်ဆေးချင်တဲ့ အကောင့်ကို မတွေ့ရရင် အပေါ်ထိပ်မှာ ရှိတဲ့ Search Box မှာ နာမည်ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။
11
နောက်အဆင့်မှာတော့ Start Basic Investigation ခလုတ်ကို နှိပ်ပါ။
12
နောက်အဆင့်မှာ မေးခွန်းအနည်းငယ် မေးပါလိမ့်မယ်။ သံသယရှိသူဟာ Celebrity လား? သင်နဲ့ Facebook ပြင်ပမှာ စကားပြောဖူးလား? သူ့ကို သိတာ ဘယ်လောက်ကြာပြီလဲ? စတာတွေ ဖြစ်ပါတယ်။ မေးခွန်းတွေကို ဖြေဆိုပြီးရင် “ Submit…. “ ခလုတ်ကို နှိပ်ပါ။ မေးခွန်းတွေကို မဖြေဆိုချင်ရင် “ Skip ….” ခလုတ်ကို နှိပ်ပါ။
13
နောက်အဆင့်မှာတော့ Estimated Score မှာ ရမှတ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ညာဘက်မှ ဇယားကွက်မှာ ရမှတ်အလိုက် သူငယ်ချင်းရဲ့ အခြေအနေကို ဖော်ပြပေးထားပါတယ်။ ရမှတ် ၁ ကနေ ၄ အတွင်းဆိုရင်တော့ သတိထားသင့်တဲ့ ဒါမှမဟုတ် Unfriend လုပ်သင့်တဲ့ သူငယ်ချင်း အတုအယောင် ဖြစ်နိုင်ပါတယ်။ ရမှတ် ၅ နဲ့ ၆ ဆိုရင် သာမာန်ဖြစ်ပြီး ၇ နဲ့ အထက်ဆိုရင်တော့ စိတ်ချရတဲ့ သူငယ်ချင်း အစစ်အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။
14
FakeOff ကို အခမဲ့ အသုံးပြုရင် သင် စစ်ဆေးချင်သူရဲ့ ဆယ်ရက်အတွင်း လှုပ်ရှားမှုတွေကို အခြေခံပြီး စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အခပေး အသုံးပြုရင်တော့ သံသယရှိသူရဲ့ တစ်နှစ်တာ လှုပ်ရှားမှုတွေကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခပေး အသုံးပြုရင်တော့ စစ်ဆေးမှု ရလဒ်က ပိုမို တိကျနိုင်ပါတယ်။
FakeOff ကို www.fakeoff.me မှာ ၁၄ ရက်ကြာ အခမဲ့ အသုံးပြုနိုင်ပါတယ်။
 
 
 
Credit to http://mobilechannelteam.blogspot.com
 
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစဝင်လာကတည်းက ကျွန်တော် ဒီလိုမျိ ဴ း အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )

အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ ကျေးဇူးတင်ရင် ဖုန်းဘေကဒ်လှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာ  :P

No comments:

Post a Comment