Monday, January 12, 2015

အရွယ်ငယ်ပေမယ့် ၀င်ငွေအကောင်းဆုံး CEO Mark Zuckerberg

ယနေ့ခေတ်မှာ လူသုံးအများဆုံး Website တစ်ခုလည်းဖြစ်၊ ရေပန်းအစားဆုံး လူမှုကွန်ရက်လည်း ဖြစ်တဲ့ Facebook ကို တည်ထောင်သူနဲ့ အမှုဆောင်ချုပ် ဖြစ်သူ Mark Zuckerberg ဟာ ပြီးခဲ့တဲ့နှစ်က ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၂.၂၈ ဘီလျံနဲ့ မြောက်အမေရိကရဲ့ ဝင်ငွေ အကောင်းဆုံး CEO တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တစ်နှစ်တာ ၀င်ငွေတွက်ချက်တဲ့နေရာမှာ လုပ်ခလစ ငွေသားချည်း မဟုတ်ဘဲ CEO တွေပိုင်ဆိုင်တဲ့ ရှယ်ယာတန်ဖိုး၊ ရှယ်ယာဈေးနှုန်းတွေကိုပါ ထည့်သွင်း တွက်ချက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
နည်းပညာကုမ္ပဏီ CEO တွေထဲက ဆိုရင် Apple CEO Tim Cook ဟာလည်း ထိပ်တန်းဝင်ငွေ အကောင်းဆုံး CEO ဆယ်ယောက်စာရင်းမှာ နံပါတ်ငါး နေရာချိတ်နိုင်ခဲ့ပါတယ်။
Mark Zuckerberg ဟာ ယနေ့ခေတ်မှာ အအောင်မြင်ဆုံး Facebook ဆိုတဲ့ လူမှုကွန်ရက်ကို ဟားဗတ်ဒ် တက္ကသိုလ် တက်နေစဉ်မှာ “The Facebook” ဆိုပြီး သူငယ်ချင်းတွေနဲ့ အတူတကွ သုံးစွဲဖို့ စတင်ဖန်တီး ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာနဲ့အ၀ှမ်း အရမ်းကိုအောင်မြင်ကျော်ကြား လာခဲ့ပြီး ယခုအခါမှာတော့ သင်ကိုယ်တိုင် Facebook ပေါ်ရောက်နေပြီ မဟုတ်ပါလား။
သူ့ရဲ့ စုစုပေါင်း ကြွယ်ဝမှုဟာ ဒေါ်လာ ၁၆.၈ ဘီလီယံ ရှိပါတယ်။
Zuckerberg ကျောင်းမပြီးခဲ့တဲ့ လူငယ်တစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ အတွေးအခေါ်၊ ကြိုးပမ်းမှုနဲ့ စီမံခန့်ခွဲမှု ထူးချွန်ခြင်းတွေဟာ ယနေ့လူငယ်တွေ အားကျအတုယူ သင့်ပါတယ်။
---
Ref: Techspot
Kangyi (Myanmar Consumer Guide)

No comments:

Post a Comment