Friday, January 2, 2015

အစာကိုကျေညက်အောင် ဝါးစားခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ


အစာစားတိုင်း ကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက်ပေးရပါမယ်။ ဒီလို ကြိတ်ဝါးစားသောက်တာကြောင့် အဓိကအနေနဲ့ ကျန်းမာရေး အကို်းကျေးဇူးနှစ်ရပ်ကို ရရှိစေနိုင်ပါတယ်။ (၁)နံပါတ်တစ်ရရှိနိုင်တဲ့ အကို်းကျေးဇူးက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ကပိုမို စုပ်ယူရရှိနိုင်တာ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က အစားအသောက် စားသောက်တဲ့နှုန်းကို လျော့နည်းစေတာပါ။   အစာစားတာ နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ်လေလေ ဖြစ်ပါတယ်။ အကြောင်းကတော့ အစာစားချိန် မိနစ်၂၀ ကြာတာနဲ့ အစာအိမ်ကနေ ဦးနှောက်ဆီကို ''ဗိုက်ပြည့်ပြီ''ဆိုတဲ့ သတင်းအချက်အလက် ပို့ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်အစာစားသုံးမှုများပြီး ကိုယ်အလေးချိန် မြင့်တက်လာနိုင်ခြေကိုလည်း ကာကွယ်ထိန်းသိမ်းရာ ရောက်ပါတယ်။ (၂)အစာကို ကြေညက်အောင် ဝါးစားတာကြောင့် ရရှိနိုင်တဲ့ နောက်ထပ် ကျန်းမာရေးအကို်းကျေးဇူးက ကျန်းမာရေးနဲ့ပိုမိုညီညွတ်တဲ့ အစာကို ရွေးချယ်စားဖြစ်လို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အစာကိုကြိတ်ဝါးတာ ကြာလေလေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အရသာပိုတွေ့လေလေဖြစ်ကာ ပိုစားဖြစ်လို့ပါ။ လေ့လာမှုတွေအရ ပါးစပ်ထဲကို အစာတစ်လုတ် ထည့်သွင်းပြီးချိန်မှာ ၁၀-၁၅ကြိမ်လောက်တော့ ကြိတ်ဝါးပေးသင့်တယ် လို့သိရပါတယ်။
From : Pyimyanmar Journal

No comments:

Post a Comment