Friday, January 2, 2015

ကွန်ပျူတာကို ဦးနှောက်အပိုများနဲ့ သုံးရအောင်

 

ကွန်ပျူတာတစ်လုံးကို ဦးနှောက်များများနဲ့ အလုပ်လုပ်ခိုင်းချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေးလိုက်ပါ..။  ကွန်ပျူတာဟာ ဦးနှောက်များများနဲ့ အလုပ်လုပ်ရတဲ့အတွက် စက်ကို ပိုမိုမြန်ဆန်စေပါတယ်..။
တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက်လေးလုံး ပါကြပေမယ့် တချို့စက်တွေမှာတော့ ဦးနှောက်တစ်လုံးပဲ ပါပါတယ်..။ မိမိကွန်ပျူတာမှာ ရှိသလောက်ကိုပဲ ယူလို့ရမှာဖြစ်ပါတယ်..။ နောက်ထပ် အပိုထည့်ချင်လို့တော့ မဖြစ်နိုင်ပါဘူး...။ လုပ်နည်းလေးကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ်..။ msconfig စာသားကို ရိုက်ထည့်ပါ.. ပြီးရင် OK နှိပ်ပါ.. ဒါမှမဟုတ် Enter ခေါက်ပါ..။ ပေါ်လာမယ့် ဘောက်စ်ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။


 



အပေါ်ပုံလေးတွေအတိုင်းပြောင်းပြီးသွားရင်တော့ မိမိကွန်ပျူတာဟာ ဦးနှောက်အပိုများနဲ့ အလုပ်လုပ်နေပါပြီ..
From ;http://lwinminbo.blogspot.com/2012/02/blog-post_22.html

No comments:

Post a Comment