Wednesday, January 14, 2015

ရင်သားကြီး၍ သေးချင်သူများအတွက်ဖတ်ကြည့်ပါ


ကျွန်မက အသက် (26) နှစ်ရှိပါပြီ။ ကျွန်မရင်သား နည်းနည်းကြီးပါတယ်ဆရာ။ အဲ့ဒါ သေးအောင် ဘာဆေးသုံးလို့ရလည်း၊ ဆရာကူညီပါ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်ကို ကြိုက်ပါတယ်ဆရာ။
• စုံအောင်မေးပါရစေ။ အိမ်ထောင်-ကလေး ရှိပါသလား။ ဘယ်-ညာ တူပါသလား။ အရွယ်အစားကြီးတာလား။ အောက်တွဲကျနေသလား။ အကျိတ်စတာ ရှိပါသလား။
• အိမ်ထောင်မရှိပါဘူးဆရာ အောက်နည်းနည်းကျပါတယ်ဆရာ ရင်သားသေးချင်တာပါဆရာ ရောဂါလည်းမရှိပါဘူးဆရာ
• အရပ်က 5.2 လက်မ၊ 136 ပေါင်ရှိတယ်။ အပျိုပါ။ ရင်သားက ပုံမှန်ထက်ပိုကြီးတယ်။ ရင်သားမရှိတော့လောက်အောင် သေးခြင်တာ ကူညီပေးပါဆရာ။
မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရင်သားထွားလာတယ်။ ကိုယ်ဝန်ဆောင်ရင် ပိုကြီးမယ်။ ကလေးနို့တိုက်လို့လဲ ကြီးမယ်။ ကလေးတယောက်မွေးတခါ ပိုကြီးနိုင်သေးတယ်။ ဒါတွေက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အဆီ (တစ်ရှူး) များလို့လဲ နို့ထွက် (တစ်ရှူး) တွေက ပုံမှန်နဲ ရင်သားကြီးတာလဲရှိတယ်။

ရင်သား အရွယ်အစားသေးအောင်၊ ပိုပြီးကြည့်ကောင်းအောင် Reduction mammoplasty ခွဲစိတ်နည်းနဲ့လုပ်နိုင်တယ်။ ရင်သားကို ကုသတာမှာ သူ့အလုပ်တာဝန်ကို မထိခိုက်ဘို့က ပိုအရေးကြီးတယ်။ Nipple-areola complex (နို့သီး + အရောင်ရင့်အဝိုင်း) နေရာက အရေးအပါဆုံး ဖြစ်တယ်။ အလုပ်မပျက်ဘို့၊ အမြင်လှဘို့နဲ့ စိတ်ကျေနပ်ဘို့ (၃) ချက် လိုပါမယ်။

ရင်သားကြီးလွန်းနေတာကို Macromastia ခေါ်တယ်။ ရင်သားက အရွယ်ကြီးနေလို့ လေးလံနေမယ်၊ တဖက်မှာ ဂရမ် ၅ဝဝ ထက်လေးတာလို့ Shnur Scale နည်းက သတ်မှတ်တယ်။ တွဲကျနေရင် ဇက်ကျော၊ ခေါင်း နောက်ကျောပါနာနေနိုင်တယ်။ ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေလဲရှိနိုင်တယ်။ သွေးလှည့်ပတ်မှုနည်းတာ၊ အသက်ရှူရခက်တာ၊ အောက်ခံ အရေပြားကို ထိခိုက်တာ၊ အဝတ်အစားရွေးရတာတွေ ဖြစ်နိုင်တယ်။

Breast hypertrophy (Macromastia and Gigantomastia) ခေါ်တဲ့ ရင်သားကြီးလွန်းနေတာမျိုးကို ဆေးနဲ့တော့ ကုမရနိုင်ပါ။ ကိုယ်အလေးချိန်ချနည်းနဲ့တော့ ရင်သားလဲ လိုက်သေးနိုင်ပါတယ်။ ခွဲစိတ်ကုသနည်းကို Reduction mammoplasty, Lipectomy လို့ခေါ်တယ်။ အစဉ်အလာသုံးခွဲစိတ်နည်းကို ၁၉၉ဝ ကတည်းကသုံးတယ်။

Surgical anatomy ရင်သားကို ခွဲစိတ်ခန္ဓာဗေဒအရ (တစ်ရှူး) အမျိုးအစားတွေ များတယ်။
1. Chest wall ရင်ပတ်နံရံက နံရိုးအမှတ် ၂ ကနေ ၆ အထိ၊
2. Pectoralis muscles ကြွက်သား + အရွတ်လွှာ + အရွတ်ပြား၊
3. Lobules (လိုဗြူးလ်)
4. Nipple နို့သီးအဖျား၊
5. Areola အရောင်ရင့်အဝိုင်း၊
6. Milk duct နို့ပြွန်၊
7. Fatty tissue အဆီ၊
8. Glandular tissue နို့ထွက်အိတ်၊
9. Adipose tissue (အဒီပို့စ် တစ်ရှူး)
10. Skin envelope အရေပြား။

ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။
I. Inferior pedicle technique (Anchor pattern, inverted-T incision, Wise pattern)
II. Vertical scar technique (lollipop incision)
III. Horizontal scar technique
IV. Free nipple-graft technique
V. Liposuction-only technique (lipectomy)

Liposuction-only technique အဆီစုပ်ထုတ်နည်းကို ရင်သားအရွယ်အစား သိပ်မကြီးရင် လုပ်နိုင်တယ်။ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်နည်းကို ကလေးနို့တိုက်နေသူနဲ့ နို့ဖြတ်ကာစလူတွေကို လုပ်မပေးပါ။

ချုပ်လိုက်ရင် ဆေးနဲ့သေးမယ်ဆိုတာ မယုံပါနဲ့။ သဘာဝ၊ မိမွေးတိုင်းကို ပြင်ချင်တာမှန်သမျှ အဆိုး-အကောင်း ချိန်ဆရမယ်။ (ပလပ်စတစ် ဆာဂျင်) ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရှင်းပြပါလိမ့်မယ်။ ခေါင်းအေးအေးထားပြီးမှသာ ကိုယ်တိုင် ဆုံးဖြတ်ပါ။

BY ဒေါက်တာတင့်ဆွေ

No comments:

Post a Comment