Friday, January 16, 2015

ကျန်းမာ စိုပြည်သည့် အသားအရေ ဖြစ်စေမည့် ထိပ်တန်း လျှို့ဝှက်ချက်များ



ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါဆေးလိပ်သောက်ခြင်းဟာ ပိုမိုအိုမင်း ရင့်ရော်စေသလို အရေးအကြောင်း တွေကိုလည်း ဖြစ်ပေါ် စေပါတယ်။ ဆေးလိပ် သောက်ခြင်းကြောင့် အသားအရေ အပြင်လွှာက သေးငယ် တဲ့ သွေးကြောလေးတွေကို ကျဉ်းမြောင်းသွားစေပြီး သွေးလည်ပတ်မှုကို ကျဆင်းစေပါတယ်။ ဆေးလိပ်က အရေပြားအတွက် ပံ့ပိုးပေးတဲ့ အောက်ဆီဂျင်နဲ့ သဘာဝ အရင်းအမြစ်တွေ ကို ဖြတ်တောက် ပစ်လိုက်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာစေတဲ့ ကိုလိုဂျင်တို့၊ အီလက်စတင် တို့ပါပျက်စီးပြီး အရေပြား ပျက်စီးစေပါတယ်။ အထူး သဖြင့် ဆေးလိပ်သောက် နေ စဉ်မှာ နှုတ်ခမ်းဖိပြီး ရှိုက်ငင်ကာ မျက်လုံးပိတ်လိုက်တဲ့ မျက်နှာ အနေအထားမှာ အရေး အကြောင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အရပွေားကို ဂရုစိုကျပါမိမိအရေပြားကို ညင်သာစွာ ဂရုစိုက် ပြုစုသင့်ပါတယ်။ ရေပူနဲ့ကြာရှည် ရေချိုးခြင်းက အသားအရေရဲ့ အဆီတွေကို ဖယ်ရှား စေနိုင်တာကြောင့် ရေပူနဲ့ရေချိုးခြင်းကို အချိန် အကန့်အသတ် ထားပြီး ပြုလုပ်ပေးပါ။ ရေပူမဟုတ်တဲ့ သာမန်နွေးတဲ့ရေနဲ့ ချိုးခြင်းက အဆိပ်အတောက် ပိုမိုကင်းစေတာ အမှန်ပါပဲ။ နောက်တစ်ချက် ဆင်ခြင်ရမှာက မိမိ အသားအရေနဲ့ လိုက်ဖက်တဲ့ ဆပ်ပြာကို သုံးစွဲပေးဖို့ပါ။ ဆပ်ပြာတွေထက်စာရင် နို့ရည် နဲ့ရေချိုးခြင်း (Milk Bath) က အရေပြားကို လန်းဆန်းစေပါတယ်။ ရေချိုးပြီးတိုင်း အရေပြားပေါ်မှာ တင်နေတဲ့ ရေတွေကို ပဝါ နဲ့ ညင်ညင်သာသာ သုတ်ပေးဖို့ပါ။ ဒါမှသာ အရေပြားပေါ်က အစိုဓာတ်ကို ခံစားမိမှာ ဖြစ်ပါတယ်။ SPF ပါဝင်တဲ့ Moisturizer တစ်ခုခု စွဲလိမ်းခြင်းအားဖြင့် စမ်းသပ်ကြည့် နိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့ ကျန်းမာရေး Diet လုပ်ရင်လည်း အသားအရေကို ထိန်းသိမ်းနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
မြ၀တီ
https://www.facebook.com/mwdmedia

No comments:

Post a Comment