Monday, January 26, 2015

မွန်ပြည်နယ်မှ ရှုခင်းများ

အစေားအသောက်ဆိုင်များအနေနှင့် မြန်မာထမင်း/ဟင်းဆိုင် (စားလို့ဖြစ်သောဆိုင်အဆင့်) သုံး/လေးဆိုင်လောက်သာရှိပြီး၊ကန္နားတွင်ညဘက်ဖွင့်သော၊အကင်ဆိုင်များ၊တရုတ်အစား
အစာဆိုင်လေးများရှိကာ၊သင့်တင့်သောဈေးဖြင့် အရသာမျှတစွာစားနိုင်ကြပါသည်။နိုင်ငံခြားမှ ဧည့်သည်ခရီးသွားများတစ်ဆတစ်ဆ လာရောက်လည်ပတ်နေကြပြီး၊မြစ်ဆုံရှုခင်း၊တောတောင်                         ရှုခင်းများ၊ခံစားနိုင်ကြသလို၊မော်လမြိုင်နှင့်မဝေးသော (၄၀)မိနစ်လောက်သွားရသည့် မုဒုံကန်တော်ကြီး၊ဝင်းဖနုံးရေလှောင်တမံ၊ဝင်းစိန်တောရ၊ဖားအောက်တောရ၊စသောထင်ရှာသည့်သာ                           သနာရေးအဆောက်အုံများအပါအဝင်၊ ကဗ္ဘာကျော် သေမင်းတမန်မီးရထားလမ်း စတင်တည်ရာ နှင့် ဒုတိယကဗ္ဘာစစ်အတွင်းကျဆုံးခဲ့သည့်၊ အင်္ဂလိပ်/ဂျပန် စစ်သည်များလဲလျှောင်ရာဖြစ်သည့်
သံဖြူဇရပ် စစ်သင်္ချိုင်းကြီးလည်းရှိနေပေသည်။၊ထိုမှ နောက်ထပ် နာရီဝက်လောက်ဆက်သွားလျှင် စစ်စဲ ပင်လယ်ကမ်းစပ်သိုရောက်ပါသည်ခင်ဗျား။(သို့မဟုတ်ပဲ) သံဖြူဇရပ်မှအထွက် စက်စဲ၊                  သံဖြူဇရပ်၊ ကျိုက္ခမီ လမ်းဆုံတွင် ကျိုက္ခမီသို့ချိုးပြီးသွားပါက၊တန်ခိုးကြီးဆန်တော်ရှင် ကျိုက္ခမီရေလည်ဘုရားကြီးသို့ရောက်ပါမည်။အဲသည်ဘုရားကြီးကိုလှိုင်းထန်သောပင်လယ်ပြင်တွင်တည်          ထားကာ၊ဘုရားကြီးဖူးရန်ကွန်ကရစ်တံတားကြီးပေါ်မှသွားရပါသည်၊ ဘုရားကြီးပတ်လည်ပင်လယ်ပြင်ထဲသို့ ငါးစာတွေ ချပေးလိုက်ရင်၊ အားပါးပါး အလွန်ကြီးသောငါးကြီးများစုပြုံအစာလာစား
ကြပါသဗျား။ နိုင်ငံခြားခရီးသွားများအဖို့ အပန်းဖြေ၊စိတ်ဝင်စားစရာခရီးအဖြစ်၊သက်တောင့်သက်သာသွားနိုင်သောခရီးသွားဒေသတစ်ခုအဖြစ်အလားအလာကောင်းပြီး၊ကျန်းမာရေးနှင့်ညီညွတ်
သောအစားအစာရောင်းချမှုပုံစံ၊ဝန်ဆောင်မှုကောင်းပြီး၊တည်းခိုနိုင်သောစီမံမှုများအပြင်၊ခရီးသွားများလုံခြုံစေရေးအတွက်စီမံချက်များလုပ်ဆောင်ထားမည်ဆိုပါက၊ကရင်ပြည်နယ်နှင့်ဆက်ကာ၊ ကြီးမားသောခရီးသွားဒေသအဖြစ်မလွှဲမသွေဖြစ်လာမှာဖြစ်ပါကြောင်း။

တောတန်းနှင့် ရာဘာတန်းအကြားမှ မုဒုံလမ်းကလေး။

မုဒုံလမ်းမြို့၏၊ အထင်ကရစေတီတော်ကြီး။

မုဒုံလမ်းမကြီးပေါ်မှ တည်ထားစဲ ထိုင်လျှက်ဗုဒ္ဓရုပ်ပွါးတော်ကြီး။

မုဒုံဘုရားကြီးနောက်ဘက် မုဒုံကန်တော်ကြီးမှမြင်ရသောရှုခင်းကလေး။

မုဒုံဘုရားကြီးအဝင်၊မွန်တိုင်းရင်းသားကြီးတို့၏၊ဗိသုကာအနုပညာလက်ရာမြောက်သော၊တန်စောင်းပြဿဒ်အဆောက်အဦးကြီး။

ကဲ နောက်ထပ်၊မွန်လူမျိုးတို့၏၊လက်ရာကောင်းလှသောရုပ်လုံးထုအနုပညာကို၊နန္ဒာလှိုင်တို့ အဖ ရွာ၊ကမာဝက်ဘုရားကြီးမှာတွေ့ရသဗျား။

မုဒုံဘုရားကြီးမှသာသနိကအဆောက်အုံကြီးတစ်ခု၊ကဲ မွန်ဟန်လား၊ပုဂံဆန်သလား၊ ဗုဒ္ဓဘာသာကိုးကွယ်မှု၊ယဉ်ကျေးမှုကတော့ မွန်တို့စောသဗျား။

သံဖြူဇရပ်/မုဒုံကြား၊မုဒုံနားမှာရှိတဲ့ ရေလှောင်တမံကလေးပါ။

အဲသည်ရေလှောင်တမံလေးရဲ့ အခြားတစ်ဖက်ရှုခင်းကလေးပါ။

ကိုင်း စက်စဲကမ်းခြေရောက်ပါပြီခင်ဗျား
အိပ် ခါနီး နေလုံးကလေးက — ပင်လယ်ကြီးကျယ်တာလောက်တော့ဗျာ ဆိုပြီး၊ ဘကြီး ကို မျက်စပစ် သွားသေးတယ်လေ။
                                                                  ကိုင်း၊ သဘာဝနဲ့ လူသား ဘာများစည်းတားထားစရာရှိပါ့မလည်း။ တစ်ခုတော့သတိထား- သဘာဝဆိုတာမတည်မြဲဘူးလို့။

အို ဗျာ ဘယ်လောက် ကြည်လင်၊လှပ၊အရောင်စုံတဲ့ တဲ့နေဝင်ချိန်ကလေးလည်းလို့၊မြင်ရသူအပေါင်းစိတ်ချမ်းသာကြည်နူးပါပေ့။
ကျုပ်တွေးမိပါရဲ့ ကျုပ်တို့နေဝင်ချိန်မှာလည်း သည်လို ကြည်လင်၊လှပတဲ့ အရောင်အသွေးကလေးတွေ လာကကိုပေးနိုင်ခဲ့ပါ့မလားလို့။
မြင်ကြ၊ဖတ်ကြသူအပေါင်းလောကကို နေလုံးကလေးလို တန်ဘိုးရှိသောသဘာ၀ ရဿ များပေးနိုင်ကြပါစေလို့။ လေးစားစွာဖြင့်။from;http://aungsheinmoedama.blogspot.com/2013/10/blog-post_24.html

No comments:

Post a Comment