Tuesday, January 27, 2015

သင့်ကွန်ပျူတာကို လျင်မြန်စွာ အသုံးပြုလိုလျှင်




ကွန်ပျူတာ အသုံးပြုသူတိုင်း Desktop  ဖြစ်ဖြစ် ၊ Laptop ဖြစ်ဖြစ် အသုံးပြုနေ ရင်းဖြင့် နှေးကွေး သွားခြင်းတွေ၊  Performance ကျခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီလိုတွေကြုံလာ ရပြီးဆိုရင် စိတ်သောက ရောက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့စိတ်ရဲ့မြန်ဆန်မှုကို မိမိအသုံးပြုနေတဲ့ ကွန်ပျူတာက မလိုက်နိုင်လို့ပဲဖြစ်ပါတယ်။
တကယ်တမ်းအသုံးပြုမယ်ဆိုရင်တော့ ဘယ်စက်ကမှ လူတစ်ယောက်ရဲ့ စိတ်အလိုကို မလိုက်နိုင်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ စက်မှာလည်း သူ့ရဲ့ခံနိုင်ရည်နဲ့သူဆိုတာရှိပါတယ်။ ဒီတော့ နေ့စဉ်ရက်ဆက် ကွန်ပျူတာနဲ့မှ အလုပ်လုပ်နေကြရတဲ့ မိတ်ဆွေတို့အတွက် မိမိစက်ကို ရိုရိုသေသေနဲ့ နည်းစနစ်ကျကျကိုင်တွယ်ပြီး ကျွန်တော် ဖော်ပြပေးမဲ့ လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာပြီး ဆောင်ရွက်သွားမယ်ဆိုရင် သင့်ရဲ့ စက်ဟာ အရင်ကထက် အနည်းငယ် လျင်မြန်မှုရှိလာမယ်ပါလိမ့်မယ်။
မိတ်ဆွေတို့အနေနဲ့ လုပ်ဆောင်ရမဲ့အချက်အချို့ကတော့ စက်သုံပြီးဖြစ်စေ ၊ မသုံးခင်ဖြစ်စေ C Cleaner နဲ့ အရင်ဆုံး Clean and Analyze လုပ်ပါ။ C Clenaer အသုံးပြုရခြင်းအကြောင်းကတော့ နောက်ကွယ်မှာရှိတဲ့ Program တွေနဲ့ Cache ထဲမှာ Run နေတဲ့ Program တွေကို ရှင်းပစ်စေချင်တဲ့ အတွက်ကြောင့်ပါ။
Software များကို Download လုပ်ရန် ဒီနေရာကို နှိပ်ပါ။  
အထက်ပါ  Software တွေကို အသုံးပြုပြီး Difgrament နှင့် Clean လုပ်နေချိန်မှာ မိမိရဲ့စက်မှာ ဘာမှ အသုံးမပြုတာ အကောင်းဆုံးပါ။  
Please Like Our Facebook Here
Thank You !
Aung Ko Htet

No comments:

Post a Comment