Wednesday, December 31, 2014

တန်ဖိုးရှိသော ဘဝတစ်ခု



ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေတယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏတ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထား တစ်ခုမှာ ဖြစ်ပါတယ်။


တစ်ယောက်ကတော့ သူ့ညာဘက်ခြမ်းမှာ။ တိုက်ပွဲက ရှေ့တန်းအတူတက်တဲ့ ရဲဘော်ရဲဘက်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူက ဆေးရုံအရင်ရောက်ထားသူမို့ နံရံဘက်အခြမ်းမှာ နေရာရနေသူ ဖြစ်ပါတယ။်

မျက်လုံးမမြင်၊ လှုပ်ရှားဖု့ိခက်ခဲတဲ့ သူက နံရံဘက်ကလူကို မေးတယ်။ “ဘာတွလုပ်နေလဲ ကိုယ့်လူ”

“အပြင်မှာ ကလေးလေးတွေဆော့တာ ကြည့်နေတာ”

“အဲ့ဘက်မှာ ပြတင်းပေါက်ရှိတယ်လား”

“ဒါ့ပေါ့ သယ်ရင်းရ၊ နေဝင်ချိန်မို့လားမသိ၊ တောင်တန်းဘက်မှာ နီထိန်ထိန် မြင်ကွင်းလေးက အတော်လေး ကြည့်ကောင်းတယ်ကွ၊
ဟောဟိုမှာ ပန်းခြံထဲ ငါ့မိသားစုတွေ လက်လှမ်းပြနေတယ်။ မင်းအိပ်နေတုန်း ငါ့ကို ဝင်တွေ့သွားတာလေ”

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ပြတင်းပေါက်နေပြီးတော့ အပြင်ဘက်က မြင်ရတဲ့ ပတ်ဝန်းကျင် နဲ့ အကြောင်းအရာ များကို စီပါပတ်ကုံးပြောပြီး အရမ်းလှပနေတာ သူ့ကို မြင်စေချင်ကြောင်း၊ မြန်မြန်နေကောင်းအောင် အားတင်း၊ အသက်ရှင်ဖို့လည်း တိုက်တွန်းပါတယ်။

ဒါနဲ့ မျက်စိပတ်တီးစည်းထားပြီး တစ်ကိုယ်လုံး လှုပ်ရခဲနေသည့်တိုင် အပြင်သဘာဝအလှတွေကို တစ်ခေါက် ပြန်လည် တွေ့နိုင်ဖို့ အသက်ရှင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လေး မွေးဖွား လာပါတယ်။ ဒါနဲ့ ဆေးလည်း ပုံမှန်သောက်ပြီး ကျန်းမာဖို့ အားတင်းရင်း နေ့တိုင်း ပြတင်းပေါက်တစ်ဖက်က မြင်ကွင်းအကြောင်းကို မေးမြန်းပါတယ်။

တစ်နေ့ သူပြန်နေကောင်းပါပြီ။ မျက်လုံးပတ်တီးဖွင့်ပြီး တစ်ကိုယ်လုံးက ကျောက်ပတ်တီးဖြေလိုက်ချိန် သူ့ဘေးမှာ ရှိနေတဲ့ လူကို မမြင်ရတော့လို ဘယ်ရောက်သွားလဲမေးတယ်။ ပိုပြီးတော့ အံ့ဩတာ တစ်ခုက အဲ့ဘေးမှာ ပြတင်းပေါက် ရှိမနေခြင်းပါ။ ဒါကြောင့် မေးခွန်းပေါင်း များစွာနဲ့ သူနာပြုကို မေးပါတော့တယ်။ သူနာပြုကတော့ အောက်ပါအတိုင်း ပြန်ဖြေပေးပါတယ်။

“ရှင့်ရဲဘော်က ဆေးရုံအရောက်စောပေမယ့် ကံကတော့ မကောင်းရှာဘူး။ မျက်လုံးလည်း မမြင်ရဘူး။  သွေးကင်ဆာ ပြန်ဖောက်လာတာမို့ ရက်ပိုင်းပဲ အသက်ရှင်ဖို့ကျန်တော့တဲ့လူ၊ မနေ့လေးတင် ဆုံးသွားလို့ အခန်းကနေ သယ်ထုတ်ပြီးသွားပြီ။ ရှင်က စိတ်ဓာတ်ခိုင်မှ အသက်ရှင်ရမယ့်သူမို့ အားပေးစကား နေ့တိုင်းပြော ပေးတာပါ၊ နံရံမှာ ပြတင်းပေါက်မပါတဲ့ အချက်အတွက်ကတော့ စိတ်မရှိပါနဲ့”

Ref: kfacts.

သင်ခန်းစာ -

လူတွေဟာ ကိုယ်တစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ရဲ့ လှပမှုကို မခံစားနိုင်တော့ဘူး။ မခံစားနိုင်တဲ့အပြင် တစ်ခါတစ်လေကျ ပတ်ဝန်းကျင်ကိုပါ ကိုယ့်ဒုက္ခ အပူတွေကို ဆီးကူးစေမိကြ ပါတယ်။ ကံကြမ္မာဆိုး တံခါးဝရောက်နေချိန် နောက်တစ်ယောက် ဝင်မရအောင် တံခါးမှာ ပိတ်ထားပေးဖို့ထက် ကိုယ်နဲ့ အတူ ဝင်စေဖို့ လက်ကမ်းခေါ်တတ်တဲ့ စိတ်ဓာတ်အား အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။

ကိုယ်တစ်ယောက်မှာ ဘယ်လိုအခက်တွေရှိနေရှိနေ၊ ဒုက္ခတွေ ရှိနေရှိနေ၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ သူတစ်ပါး အပေါ်မှာ အကြင်နာ၊ မေတ္တာတရားတို့နဲ့ စာနာ၊ ကူညီ၊ ပျော်ရွှင်စေတတ်မှုက တန်ဖိုးရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ။်

အောင်ခမ်း (International news for myanmar)

No comments:

Post a Comment