Wednesday, December 31, 2014

ဗုဒ္ဓ နှင့် တစ်ဆင့်စကား

ဗုဒ္ဓ နှင့် တစ်ဆင့်စကား ဗုဒ္ဓ နှင့် တစ်ဆင့်စကား အရှင်ဇောတိက (သီဟိုဠ်) 15/8/2013 တစ်ဆင့်စကားဆိုတာ အဓိကကျတဲ့ အသိဉာဏ် ပညာအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်ုပ်တို့ အနေနဲ့ တစ်ဆင့်စကားနဲ့ ပတ်သက်လို့ ဗုဒ္ဓရဲ့ သဘောထားဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဗုဒ္ဓဟာ မြင့်မြတ်တဲ့ အကျင့်ကို ကျင့်ပြီး သစ္စာလေးပါး တရားကို သိရှိခဲ့တယ်။ အဲဒီ နည်းလမ်းနဲ့ပဲ အရာအားလုံးကို သိမြင်နိုင်တဲ့ သဗ္ဗညုတ ဉာဏ်ကို ရှိခဲ့တယ်။ သတ္တဝါတို့ အကျိုးအတွက် သူသိရှိထားတဲ့ တရားများကို လောကကြီးမှာ ပြန်လည်ဟောကြားခဲ့တယ်။ ဗုဒ္ဓကတော့ တကယ်ကောင်းမွန်ပြီး လက်တွေ့ပါတဲ့ သီလ သမာဓိ ပညာအကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်အဖြစ် ညွှန်ပြတော်မှုခဲ့တယ်။ ပြီတော့လည်း ဗုဒ္ဓက တစ်ဆင့်စကားကို အသိဉာဏ်ပညာ အတွက် ပြီးပြည့်စုံတဲ့ အကြောင်းတစ်ခု အနေနဲ့ မဟောပြောခဲ့ပါဘူး။ ဥပမာအားဖြင့် ကြည့်မယ်ဆိုရင် ကာလာမသုတ်မှာ မြတ်စွာဘုရားက ကာလာမ သတိုးသားတို့ကို သူနဲ့ ခေတ်ပြိုင် ဘာသာရေး ခေါင်းဆောင်များ နဲ့ ဘာသာတရားများကို လက်ခံယုံကြည့်ဖို့ရန် စီစစ်ဖို့ ဘာသာရေး စစ်တမ်း အနေနဲ့ ဟောကြားတဲ့ အချက်(၁၀)ချက်ကို ကြည့်မယ်ဆိုရင် တွေ့နိုင်ပါတယ်။ ၁။ တစ်ဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။ ၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။ ၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။ ၄။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။ ၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။ ၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။ ၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။ ၈။ အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။ ၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။ ၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။ မယုံကြည့်ရမည့် အချက်(၁၀)ထဲမှာ (မာ အနုဿဝေန) တစ်ဆင့်စကားတွေကို မယုံကြနဲ့ လို့ ပထမဆုံး အရေးကြီးကိစ္စ အနေနဲ့ ပြောထားပါတယ်။ ပထမဆုံး အနေနဲ့ ဗုဒ္ဓက တစ်ဆင့်စကားတွေကို မယုံဖို့ ရှင်ပြပြီး မှားယွင်းတဲ့ တရားတွေဟောပြောတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ကိုးကွယ်ဆည်းကပ်နေတဲ့ ယုံကြည်မှုတွေကိုလည်း တားမြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့က ဗုဒ္ဓဟာ တစ်ဆင့်စကားကို ငြင်းလည်း ငြင်းဆန်တယ် လက်လည်း မခံဘူးဆိုတာကို သဘောပေါက် နားလည်သင့်တယ်။ ဗုဒ္ဓဘာသာက လွဲပြီး တစ်ခြားဘာသာရေး လေ့လာသူတွေဟာ တကယ် လက်တွေ့ပါတဲ့ နည်းလမ်းတွေ အပေါ်မှာ အခြေခံကျကျ သဘောတရားတွေ မပါပါဘူး။ ပြီးတော့ ဘာသာရေးကို ခေါင်းဆောင်တဲ့ နောက်လိုက်တွေကလည်း လွဲမှားမှုတွေနဲ့ အဆုံးသတ်ကြရပါတယ်။ ဒါကြောင့် သူတစ်ပါး စကားကို နားထောင်ခြင်းဟာ လုံလောက်ပြည့်စုံပြီး အကျိုးအကြောင်း ခိုင်လုံမှု ပါဝင်တဲ့ အသိဉာဏ် မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ အကျိုးစီးပွါးအတွက် သူတစ်ပါးတွေရဲ့ အကျိုးစီးပွါးအတွက် အကောင်း အဆိုးတွေရဲ့ မှတ်ကျောက်ဟာ အဆိုး အကောင်းတွေ ရဲ့ တစ်စုံတစ်ခုအပေါ်မှာ သဘောပေါက်နားလည်းခြင်းကို ခြေခံကျကျ ဖြစ်သင့်ပါတယ်။ ဗုဒ္ဓမိန့်ကြားတဲ့ တစ်ဆင့်စကားဆိုတာ ပြည့်စုံတဲ့ နည်းလမ်းရဲ့ အသိဉာဏ် အတွက်ဖြစ်ပါတယ်။ တစ်ခါ ဗုဒ္ဓက အင်္ဂုတ္တရနိကာယ်ထဲမှာ သဒ္ဓါ သီလ ဟိရီ သြတပ္ပ သုတ စာဂ ပညာ ဆိုပြီး သူတော်ကောင်း ဥစ္စာ (၇) မျိုးကို ရှင်းပြပြန်တယ်။ အဲဒီ (၇) မျိုးထဲမှာပါတဲ့ ကြားနာခြင်း သူတော်ကောင်းဥစ္စာဆိုတဲ့ သုတဓနံကို နံပါတ် (၅) မြောက်အချက် တစ်ခုအနေနဲ့ ဟောထားပါတယ်။ တစ်ဆင့်စကား ရဲ့ အဆင့်အတန်းကို နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် အနေနဲ့ ညွှန်းဆိုနိုင်ပါတယ်။ ဒီနေရာမှာ ကျန်ုပ်တို့ နားလည်ရမှာက တစ်ဆင့်စကားဟာ အသိဉာဏ် အလင်းရောင်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍက ဇာတ်ဆောင်တစ်ယောက်ကဲ့သို့ ပါဝင်နေတယ်ဆိုတာကိုပါ။ တစ်ဆင့်စကားကို အဓိကပဓါန ဆောင်ရန် စာရိတ္တသီလ ရှောင်ရန် ဝါရိတ္တသီလ အနေနဲ့လည်း ညွှန်ပြခဲ့ပါတယ်။ ဘေးအန္တရာယ် အခက်အခဲတွေက ကျော်လွှားရန်အတွက် လူသားတွေဟာ တစ်ဆင့်စကားတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။ နောက်တစ်ခု သောတာပန် ဖြစ်ကြောင်း အင်္ဂါ (၄) ပါးကိုလည်း ရှင်လင်းစွာ ဟောကြားထားပါတယ်။ အဲဒီ (၄) ပါးကတော့ ၁။ သူတော်ကောင်း နဲ့ ပေါင်းသင်ခြင်း ၂။ တရားနာယူခြင်း ၃။ ယောနိသောမသီကာရ ဆိုတဲ့ နှလုံးသွင်းမှန်ကန်ခြင်း ၄။ လောကုတ္တရာ တရားအားလျော်စွာ ကျင့်သုံးခြင်းပါ။ အဲဒီ အချက်(၄)ချက်ကို လိုက်နာတဲ့သူဟာ သောတာပန် အဆင့်ကို အလွယ်တကူ ရနိုင်ပါတယ်။ အခု သောတာပန်ဖြစ်ကြောင်း အင်္ဂါ(၄)ချက်မှာလည်းပဲ ဗုဒ္ဓဟာ တရားရလိုသူ အတွက် တရားနာယူခြင်း ဆိုတဲ့ တစ်ဆင့်စကားကို အဓိကကျတဲ့ နည်းလမ်းအနေနဲ့ မဖြစ်မနေလိုက်နာ သင့်တယ်လို့ ညွှန်ပြတော်မှုခဲ့ပါတယ်။ ဒါပေမယ့် တဆင့်စကားကို အခက်အခဲ ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ပြီးပြည့်စုံတဲ့ နည်းလမ်း အနေနဲ့ အရေးတယူ ပြောမထားပါဘူး။ လူတိုင်း အသိများတဲ့ လူ့ဘောင်အဖွဲအစည်းကို ထင်ဟတ်စေပြီး (၃၈) ပါးမင်္ဂလာပါဝင်တဲ့ မင်္ဂလသုတ်မှာ ဗာဟုသစ္စမင်္ဂလာကို ထည့်သွင်းဟောထားပြန်ပါတယ် ။ ဗာဟုသစ္စမင်္ဂလာ ဆိုတာ အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါးဖြစ်တယ်လို့ ဆိုလိုတာပါ ။ လူ့ဘောင်အဖွဲ့အစည်း ရဲ့ ဝန်းကျင်မှာ ကြားနာခြင်း အတွေ့အကြုံတွေဟာ ကြားနာခြင်း အသိဉာဏ်တွေကို ရရှိနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အချက် အလက်တွေ အရဆိုရင် ဗုဒ္ဓရဲ့ တစ်ဆင့်စကား ပေါ်မှာ ထားရှိတဲ့ သဘောထား အမြင်ကို သိနိုင်ပါတယ်။ ဗုဒ္ဓဟာ တကယ်တမ်းတော့ တစ်ဆင့်စကားကို လုံးလုံးလျားလျား(အကြွင်းမဲ့) ကြီး မပစ်ပယ်ပါဘူး ။ တစ်ဦးချင်းစီက ကျင့်ကြံမှု မပြုဘူးဆိုရင်တော့ ဗုဒ္ဓရဲ့ လက်တွေ့ကျတဲ့ နည်လမ်းတွေကလည်း အရဟတ္တမဂ် အရဟတ္တဖိုလ် တရားအတွက် အကူအညီ အထောက်အကူ ပြုနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ဆင့်စကား သို့မဟုတ် ကြားနာခြင်းဆိုတာဟာ လောကက လွတ်မြောက်ဖို့အတွက် တရားကျင့်ကြံ အားထုတ်တဲ့ နေရာမှာ အကူညီ အထောက်ပံ့ကောင်း တစ်ခုဖြစ်တယ်ဆိုတာကိုတော့ နားလည်သပေါက်ထား သင့်ပါတယ်။ ကျမ်းကိုး ကေသမုတ္တိသုတ် - အင်္ဂုတ္တရနိကာယ် သံခိတ္တဓနသုတ် - အင်္ဂုတ္တရနိကာယ် ဒုတိယ သာရိပုတ္တရာသုတ် ၊ အင်္ဂသုတ်၊ သောတာပတ္တိဖလသုတ် - မဟာဝဂ္ဂ ၊ သံယုတ္တနိကာယ် မင်္ဂလသုတ် - ခုဒ္ဒကနိကာယ်

Copy and WIN : http://bit.ly/copy_win

No comments:

Post a Comment