Wednesday, December 31, 2014

ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ

တောက်ပစိုပြေတဲ့ အသားအရေအတွက်



လောကကြီးကို အအေးဓာတ်တွေက လွှမ်းခြုံထားတဲ့ ဆောင်းအေးအေးလေးမှာ နွေးနွေးထွေးထွေးဝတ်ပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းလှဘူး။ အဆီပြန်တဲ့အသားအရေတောင် ခြောက်လာပြီး တင်းနေတတ်သေးတာ… သာမန်အသားအရေကလည်း ခြောက်သွေ့တဲ့အသားအရေဖြစ်…. အရင်ထဲက အသားခြောက်သူတွေကလည်း အသားပတ်ရော…။ အဲ့လိုဆိုတော့ အသားအရေကို ပိုဂရုစိုက်ရတော့မှာပေါ့။ ပေါင်းတင်ရင်လည်း အရင်ပေါင်းတင်နည်းတွေကို သုံးလို့မရဘူးနော်။ အသားအရေက ပြောင်းလဲသွားတာကိုး။ အဲ့ဒီတော့ သူငယ်ချင်းတို့အတွက် ဆောင်းရာသီမျက်နှာအထူးပေါင်းတင်နည်းတွေကို ရင်နှင်းက အထူးရှာဖွေရတာပေါ့။ ပြောပြမယ်နော်။

ထောပတ်သီး

ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။

ကြက်ဥအကာ

ဒီနည်းလေးကတော့ ချွေးပေါက်ကျယ်တွေရှိတတ်တဲ့ အဆီပြန်တဲ့အသားအရေအတွက် အရမ်းအသုံးဝင်တယ်လေ။ အမြှပ်ထွက်အောင် ခေါက်ထားတဲ့ ကြက်ဥအကာကို မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်ပါ။ တင်းရင်းပြီး လန်းဆန်းကြည်လင်တဲ့ မျက်နှာလေးဖြစ်အောင် ကြက်ဥအကာက အစွမ်းပြပါလိမ့်မယ်။ လေအေးတွေ၊ နှင်းမြူတွေကြောင့် အသားအရေမပျက်စီးအောင်လည်း ကာကွယ်ပေးလိမ့်မယ်နော်။

ဂျူံမှုန့်

ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂၀ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့
စိုပြေဝင်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။

ငှက်ပျောသီး

ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်..
အသားအရေကို နူးညံ့စေတဲ့ ချောမွေ့စေတဲ့ အာဟာရဓာတ်တွေဖြည့်ပေးတဲ့ ငှက်ပျောသီးလေးရဲ့ အံ့ဖွယ်စွမ်းပကားကို အရမ်းကျေးဇူးတင်သွားမှာနော်။ 

credit to : http://www.myanmarskylink.com/

No comments:

Post a Comment