Monday, December 15, 2014

Facebook မှာ မိမိနဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်တွေအမှန်ရေးသင့် မရေးသင့်ဘူးလား ???



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ လူဦးရေပေါင်း ၁.၆ သန်းကျော်ရှိပါတယ်။ အဲ့လို အသုံးပြုနေတဲ့ လူတွေအားလုံးမှာ တစ်ချို့က ကိုယ့်ရဲ့ Profile ကို အမှန်ရေးကြသလို တစ်ချို့ကလည်း အမှန်မရေးကြဘဲ နောက်ပြောင်ရုံ သက်သက်ရေးကြတာကို တွေ့ရပါတယ်။ ဒီ Status မှာ အဲ့လို Profile နဲ့ပါတ်သတ်ပြီး သတင်းအချက်အလက် တစ်ချို့ အမှန်ရေးသင့်သလား မရေးသင့်ဘူးလားဆိုတဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။

ဒါဆို Facebook စတင်အသုံးပြုသူတွေဟာ Facebook account စတင်ရပြီဆိုတာနဲ့ Profile ကိုစတင်ဖြည့်ရပါတယ်။ ဒါပေမဲ့ ဒါတွေက အရေးမကြီးဘူးဆိုပြီး မဖြည့်ကြတာလဲ ရှိသလို တစ်ချို့ကလည်း နောက်ပြောင်တဲ့ စလုံးတွေနဲ့ ဖြည့်ကြတာများပါတယ်။ ဥပမာ - Work ဆိုတဲ့ နေရာမှာ ၁၀၉ ၊ ၁၁၀ ဆိုပြီး ဖြည့်ထားကြတာတွေ ရှိသလို  Work at Facebook ဆိုပြီးဖြည့်ထားကြတာတွေရှိပါတယ်။ အိုကေ ဒါဆိုရင် အမှန်ပဲ ဖြည့်မှ ရမှာလား ? ကိုယ့်ဘာသာကိုယ်ဖြည့်ထားတော့ရောဘာဖြစ်လဲ လို့မေးလာနိုင်ပါတယ်။

ကျွန်တော်တို့ Facebook ဆိုတာ Social Network ပါ။ Social Network ဆိုမှတော့ လူအများနဲ့ ဆက်ဆံရမှာပေါ့။ အဲ့ဒီလိုဆက်ဆံတဲ့အခါမှာ ကိုယ်နဲ့ရင်းနှီးတဲ့ လူတွေ ရှိ်သလို ကိုယ်နဲ့မရင်းနှီးတဲ့ လူတွေ ရှိလာနိုင်ပါတယ်။ တစ်ချို့ ဝန်ထမ်းရှာဖွေနေကြတဲ့ company ပိုင်ရှင်တွေရှိပါတယ်။ သူတို့ဟာ သူတို့ company မှာ လုပ်ကိုင်ကြမဲ့ ဝန်ထမ်းတွေရဲ့ Profile ကို online မှာ ရှာကြပါတယ်။ ဒါကတော့ ကျွန်တော်ထင်ပါတယ် နိုင်ငံခြား company တော်တော်များများပဲဖြစ်ကြမှာ သေချာပါတယ်။ မြန်မာနိုင်ငံက company တော်တော်များများကတော့ သူတို့ဆီကို CV Form ရောက်လာမှသာ ဈေးနှုန်းသက်သက်သာသာနဲ့များများခိုင်းလို့ရမဲ့ ဝန်ထမ်းမျိုးကိုသာ ရွေးချယ်ကြပါတယ်။

နိုင်ငံတကာမှာတော့ သူတို့ရဲ့အရည်အချင်းတွေကို အသေးစိတ်ကအစ Blog တွေ နဲ့ social media website တွေမှာ တင်ထားကြပါတယ်။ အလုပ်ခေါ်ချင်တဲ့ company ဟာ သူ့ရဲ့ အရည်ချင်းနဲ့ Skill တွေကို အွန်လိုင်းကနေ ကြည့်ပြီး အရင်စဉ်းစားကြတယ်။ ပြီးတော့မှ သူ့ရဲ့ Skill တွေကို အင်တာဗျူးကြည့်ပြီး အလုပ်ခန့်တာကိုတွေ့ရပါတယ်။

ဒါကတော့ နိုင်ငံခြားလေငါတို့က အခု မြန်မာနိုင်ငံမှာ နေနေကြတာ ဘာဆိုင်လို့လဲ ?  မဆိုင်ဘူးဆိုပြီးတော့ လည်းပြောလို့မရပါဘူး။ 2015 မှာ မြန်မာနိုင်ငံဟာ အာစီယံ ဥက္ကဌ အဖြစ် လက်ခံရတော့မှာဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု company တွေလည်း များစွာ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ  company ရဲ့ လိုအပ်တဲ့ ရာထူးတွေအတွက် Online ကနေ ရော Offline ကနေပါ ရှာနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ အွန်လိုင်းမှာ မိမိတို့ Skill တွေကို company ရဲ့ လုပ်ငန်းရှင်အနေနဲ့ လွယ်လွယ်မတွေ့သွားနိုင်ဘူးဆိုရင်တော့ ခက်ခဲစွာနဲ့ပဲ အလုပ်ကို offline လိုက်လျှောက်ရဖို့ ရှိနိုင်ပါတယ်။

နောက်တစ်ချက် တစ်ကမ္ဘာလုံးကို လုပ်ငန်းရှင်အများစု အသုံးပြုကြပြီး အလုပ်တွေခေါ်နေတဲ့ Website လည်းရှိပါတယ်။ ကျွန်တော်သိတာကတော့ အဲ့ဒါက Linked.in ပါ။ အဲ့ဒီမှာကိုယ့်ရဲ့ Skill တွေ၊ ကိုယ့်ရဲ့ အလုပ်အကိုင် အပြောင်းအရွှေ့တွေအကြောင်းကို စုံစုံလင်လင် ဖော်ပြခွင့်ပြုထားပါတယ်။ အဲ့ဒီကနေ အလုပ်ရသွားတဲ့ လူတွေရှိသလို အဲ့ဒီကနေ အလုပ်ရှာနေတဲ့ လုပ်ငန်းရှင်တွေလည်းရှိပါတယ်။ ဒါပေမဲ့ မိမိဘက်ကလိုအပ်ချက်ကတော့ အဲ့ဒီ Skill တွေအတိုင်း ကိုယ့်မှာ အမှန်တကယ်ရှိနေဖို့လိုအပ်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့  မလိုလားအပ်တဲ့ ကြံ့ကြာမှုတွေဖြစ်လာနိုင်ပါတယ်။

အေးဟုတ်ပါပြီ တစ်ချို့ မသမာသူတွေအတွက် ငါတို့ရဲ့ Privacy တွေကရော အဲ့လို တင်ထားတော့ သိကုန်မှာပေါ့။ ဒါကတော့ ကိုယ်မသိစေချင်တဲ့ Privacy အချက်တွေဆိုရင် ကန့်သတ်ထားလို့ ရနိုင်တာမို့ လုံလုံခြုံခြုံအသုံးပြုလို့နိုင်ပါတယ်။
ဒါဆိုရင် ကိုယ့်ရဲ့ Profile ကို အမှန်ရေးသင့်တယ်မရေးသင့်ဘူးဆိုတာကိုတော့ နားလည်း သဘောပေါက်လောက်ပြီလို ထင်ပါတယ်။




Online ကို အသုံးပြုပြီး မိမိဘဝအတွက် အကျိုးကျေးဇူးတွေ အများကြီးရပါစေလို့ ဆန္ဒပြုရင်း..

No comments:

Post a Comment