Monday, December 15, 2014

အင္တာနက္မွာ ေလ့လာပါ


Photo: အင္တာနက္မွာ ေလ့လာပါ
===============

     နည္းပညာရဲ႕ တိုးတက္ေျပာင္းလဲမႈေတြေၾကာင့္ ဒီေန႔ေခတ္အခ်ိန္မွာ ကမၻာႀကီးကို ရြာႀကီးတစ္ရြာလို႔ တင္စားရေလာက္ေအာင္ တစ္ေနရာနဲ႔ တစ္ေနရာကို အင္တာနက္က တဆင့္ ထိေတြ႔ ဆက္သြယ္ႏိုင္ၾက ပါတယ္။ တစ္ခ်ိန္တုန္းကေတာ့ အင္တာနက္သံုးဖို႔ အင္တာနက္ဆိုင္ကို တကူးတက သြားၾကရေပမယ့္ ခုအခ်ိန္မွာေတာ့ ဖုန္းလိုင္းမိတဲ့ ေနရာတိုင္းက အင္တာနက္သံုးလို႔ ရေနၿပီ ျဖစ္တဲ့အတြက္ ျမန္မာျပည္ရဲ႕ အင္တာနက္ သံုးစြဲမႈရာခိုင္ႏႈန္းဟာလည္း တိုးတက္လာပါတယ္ (ကြန္နက္ရွင္ မေကာင္းတာကလြဲရင္ေပါ့)။ အင္တာနက္ကို လူႀကီး၊ လူငယ္ အရြယ္သံုးပါး မေရြး  အသံုးျပဳေနၾကပါတယ္။

         ေန႔စဥ္နဲ႔ အမွ် အင္တာနက္ကို သံုးျဖစ္ေနၾကတယ္ဆိုရင္ ကိုယ့္ရဲ႕ အင္တာနက္ သံုးရတဲ့ ရည္ရြယ္ခ်က္က ဘာလဲ ? social networking တစ္ခုထဲမွာပဲ အခ်ိန္ကုန္ေနမွာလား ? ဒါကို အင္တာနက္သံုးစြဲေနၾကတဲ့ လူငယ္ေတြ အေနနဲ႔ နည္းနည္းေတာ့ စဥ္းစားၾကည့္ဖို႔ လိုပါလိမ့္မယ္။  အေပ်ာ္သေဘာ သံုး႐ံုသက္သက္မဟုတ္ဘဲ ကိုယ့္ဘဝအတြက္ အေထာက္အကူေပးႏိုင္ေအာင္  သံုးစြဲၾကဖို႔လည္း တိုက္တြန္းခ်င္ပါတယ္။ 

         အင္တာနက္ကို တကယ္အသံုးခ်ႏိုင္မယ္ဆိုရင္ ကိုယ့္ဘဝအတြက္ ဗဟုသုတဘဏ္တိုက္၊ ပညာရပ္ဘဏ္တိုက္ႀကီး တစ္ခုပါ။ ၁၉၉၆ ခုႏွစ္မွာ Stanford တကၠသိုလ္ရဲ႕ Ph.D ေက်ာင္းသား ၂-ေယာက္ ျဖစ္တဲ့ Larry Page နဲ႔ Sergey Bin တို႔ရဲ႕ project တစ္ခုက အစျပဳခဲ့တဲ့ Google ဟာ အင္တာနက္ အသံုးျပဳသူေတြအတြက္ ဗဟုသုတရွာမီွးဖို႔၊ ပညာရပ္ေတြ စုေဆာင္းဖို႔ တံခါးေပါက္ တစ္ခုပါ။ ေန႔စဥ္ အင္တာနက္ သံုးတဲ့အခါ တစ္ေန႔ကို အေၾကာင္းအရာ တစ္ခုေလာက္စီ ရွာေဖြ ေလ့လာၾကည့္မယ္ ဆိုရင္ တစ္လမွာ ကိုယ့္အတြက္ အေၾကာင္းအရာ ၃၀၊ တစ္ႏွစ္မွာ အေၾကာင္းအရာ ၃၆၅-ခု ရရွိၾကမွာပါ။ ေန႔တိုင္း မေလ့လာျဖစ္ရင္ေတာင္မွ တစ္ပတ္ကို ၂-ရက္ေလာက္ေတာ့ ေလ့လာ ေစခ်င္ပါတယ္။

         ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကို Google မွာ ႐ိုက္ထည့္လိုက္တာနဲ႔ ေလ့လာစရာေတြ တပံုတစ္ပင္ ေတြ႔ရွိႏုိင္ၾကမွာျဖစ္ပါတယ္။ သိခ်င္တဲ့ အေၾကာင္းအရာတစ္ခုခုကို How to နဲ႔ အစျပဳၿပီး ရွာၾကည့္လိုက္ပါ။ ဥပမာ- စကၠဴေတြနဲ႔ ပံုစံမ်ိဳးစံုေခါက္တဲ့ Origami ဆိုတဲ့ပညာရပ္တစ္ခု ဆိုပါေတာ့ How to make origami လို႔႐ိုက္ထည့္လိုက္တာနဲ႔ စကၠဴကို အတိုင္းအတာ ဘယ္ေလာက္ ျဖတ္ရမယ္၊ ကိုယ္လုပ္ခ်င္တဲ့ အမ်ိဳးအစားအေပၚမူတည္ၿပီးေတာ့ အေရအတြက္ ဘယ္ေလာက္ လိုမယ္၊ တစ္ခုျခင္း ေခါက္ၿပီးရင္ ဘယ္လို ဆက္ရမယ္ စတာေတြကို အေသးစိတ္ေဖာ္ျပေပးထားပါတယ္။ You tube မွာဆိုရင္ ဗြီဒီယိုအေနနဲ႔ပါ ေလ့လာသင္ယူႏုိင္ပါတယ္။ ေနာက္ၿပီးေတာ့ မိန္းကေလးေတြ လုပ္ေလ့ရွိတဲ့ လက္သည္းအလွဆင္တာ ဆိုပါေတာ့၊ ဒါလည္း Google ထဲမွာ How to make nail art (သို႔မဟုတ္) Nail art လို႔႐ိုက္ထည့္လိုက္တာနဲ႔ လက္သည္းအလွဆင္တဲ့အခါ ဘယ္လိုစုတ္တံေတြ အသံုးျပဳရမယ္၊ ေအာက္ခံ ကိုဘယ္လို ေဆးဆိုးရမယ္ ကအစျပဳၿပီး၊ လိုခ်င္တဲ့ ပံုစံတစ္ခုျခင္းအတြက္ ဘယ္လို ဆြဲရမယ္၊ ၿပီးသြားတဲ့အခါ အေပၚက coding ကို ဘယ္လိုထပ္ရမယ္အထိ အစ/အဆံုး အေသးစိတ္ ေလ့လာႏိုင္ ပါတယ္။
ဒါေတြကို ပိုက္ဆံရွိရင္ ဆိုင္မွာသြားလုပ္လို႔ရတယ္ လို႔ ဆင္ေျခေပးမယ္ ဆိုလည္း ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ကိုယ္ကိုယ္တိုင္ သိထားရင္ ဝန္ေဆာင္ခနဲ႔ ဝန္ေဆာင္မႈ၊ လက္ရာ ထိုက္တန္မႈ ရွိ/မရွိ ကို ဆန္းစစ္ႏိုင္မွာျဖစ္ပါတယ္။ ထမင္းမခ်က္တတ္ဘဲ ထမင္းခ်က္ ငွားထားရင္ ေစတနာေကာင္းတဲ့သူနဲ႔ ေတြ႕ရင္ေတာ့ ဘာမွမျဖစ္ေပမယ့္ ကိုယ့္ကို လူလည္က်မယ့္သူနဲ႔ ေတြ႔ရင္ေတာ့ ခံရမွာ ေသခ်ာပါတယ္။ လူငယ္ေတြ ကိုယ္စီရဲ႕လက္ထဲမွာ smart phone ေတြ၊ ကြန္ပ်ဴတာေတြ ကိုယ္စီ ရွိၾကတယ္၊ ဒါေပမယ့္ အမ်ားစုက တစ္ခုခု ျဖစ္ၿပီဆိုတာနဲ႔ ဘာျဖစ္လို ျဖစ္မွန္းမသိ၊ ဆိုင္ကို ေျပးၾကရတာပါပဲ။ ကိုယ္လက္ထဲမွာ ရွိေနတဲ့ ပစၥည္းေတြကို အေျခခံေလာက္ေတာ့ သိထားသင့္ပါတယ္။ ဒီသေဘာတရားေတြကို စာအုပ္ ဝယ္ဖတ္လို႔လည္း သိႏိုင္ပါတယ္၊ ဒါေပမယ့္ ကိုယ္က ေန႔စဥ္နဲ႔အမွ် အင္တာနက္သံုးေနတဲ့အခ်ိန္မွာ တေန႔ကို နည္းနည္းျခင္းစီ ေလ့လာထားမယ္ဆိုရင္ ကၽြဲကူးေရပါဆိုသလို အခ်ိန္သက္သက္ေပးစရာမလိုပဲ တခါတည္း သိရွိႏိုင္ၾကပါလိမ့္မယ္။ ကြန္ပ်ဴတာနဲ႔ ပတ္သက္လို႔ပဲျဖစ္ျဖစ္၊ ဖုန္းနဲ႔ပတ္သက္လို႔ပဲ ျဖစ္ျဖစ္ ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာေတြကို အေျခခံကစၿပီး အားလံုး ေလ့လာႏိုင္ပါတယ္။ 

         ဒါအျပင္ ကိုယ္က ေနရာေဒသတစ္ခုခုကို သြားေတာ့မယ္ဆိုရင္ အဲဒီေနရာအေၾကာင္းကို ႀကိဳတင္ေလ့လာထားႏိုင္ပါတယ္။ အဲဒီေနရာေဒသရဲ႕ ရာသီဥတုအေနအထား၊ ထင္ရွားတဲ့ေနရာေတြ၊ အစားအေသာက္၊ ဓေလ့စ႐ိုက္စတာေတြကို ႀကိဳတင္ေလ့လာထားမယ္ဆိုရင္ အဲဒီကို ကိုယ္က တကယ္သြား ေရာက္တဲ့အခါ အစစအရာရာ အဆင္ေျပပါလိမ့္မယ္။ အခုဆိုရင္ လုပ္ငန္းေတာ္ေတာ္မ်ားမ်ား မွာ Website ေတြရွိေနၾကပါၿပီ၊ ကိုယ္က အလုပ္တစ္ခုကို ေလွ်ာက္ေတာ့မယ္ဆိုရင္လည္း သက္ဆိုင္ရာ ကုမၸဏီ/ လုပ္ငန္းေတြရဲ႕ website ေတြမွာ လုပ္ငန္းရဲ႕ ရည္ရြယ္ခ်က္၊ ေဆာင္ပုဒ္၊ လုပ္ငန္းအမ်ိဳးအစား၊ ဝန္ထမ္းဖြဲ႔စည္းပံု၊ လုပ္ငန္းရဲ႕ တာဝန္ရွိ ပုဂၢိဳလ္ေတြ အစရွိသျဖင့္ ႀကိဳတင္ေလ့လာထားမယ္ ဆိုရင္ တကယ္ အလုပ္သြားေလွ်ာက္တဲ့အခါ ဒါမွမဟုတ္ အင္တာဗ်ဴး ေျဖတဲ့အခါ ဒီအခ်က္အလက္ေတြက ကို္ယ့္ကို ေကာင္းေကာင္း အကူအညီေပးႏုိင္ပါတယ္။ ဒါေပမယ့္ အင္တာနက္မွာ ရွာေဖြတဲ့အခါ အမ်ားစုက အဂၤလိပ္လို ေရးထားတဲ့အတြက္ အဂၤလိပ္စာအေျခခံ နည္းနည္းပါးပါးေတာ့ ရွိဖို႔လိုပါတယ္။  အဲဒီအဂၤလိပ္စာ ကိုလည္း အင္တာနက္မွာပဲ အေျခခံကစၿပီး တဆင့္ၿပီးတဆင့္ ေလ့လာႏုိင္တဲ့ ေနရာေတြ အမ်ားႀကီးပါ။ အခုအခ်ိန္မွာေတာ့ ကြန္ပ်ဴတာ၊ ဖုန္း၊ အဂၤလိပ္စာ၊ စီးပြားေရး အစရွိတဲ့ သက္ဆိုင္ရာက႑ အမ်ိဳးမ်ိဳးကို ျမန္မာလိုပဲ ေရးသားေဖာ္ျပေပးေနၾကတဲ့ ေနရာေတြေတာ္ေတာ္မ်ားေနပါၿပီ၊ အေရးႀကီးတာက ကိုယ္က အသံုးခ်ဖို႔၊ အခ်ိန္ေပးဖို႔ပဲ လိုပါတယ္။
အင္တာနက္္ဆိုတာ တကယ္အသံုးခ်ႏိုင္ရင္ တကယ္အဖိုးထိုက္တန္တဲ့ ေနရာတစ္ခုပါ။ အဲဒီ ရတနာသိုက္တစ္ခုဟာ ကိုယ့္အနားမွာ ေရာက္ေန/ ရွိေနပါလွ်က္နဲ႔ ဥစၥာေစာင့္မ်ားလို႔ မစားရ/ မသံုးရတဲ့ အျဖစ္မ်ိဳးေတာ့ မျဖစ္ေစခ်င္ပါ။ ကိုယ့္အတြက္ ဗဟုသုျဖစ္ျဖစ္၊ ပညာျဖစ္ျဖစ္ နည္းနည္းျခင္းစီ စုေဆာင္း သြားမယ္ဆိုရင္ တစ္ခ်ိန္ခ်ိန္မွာ ကိုယ့္အတြက္ အသံုးဝင္မယ့္၊ အက်ိဳးရွိမယ့္ ဗဟုသုတ၊ ပညာရပ္ေတြကို ပိုင္ဆိုင္ႏုိင္ၾကမွာျဖစ္ပါတယ္။

 “လူငယ္ေတြ အင္တာနက္ကို အက်ိဳးရွိရွိ အသံုးခ်ႏုိင္ၾကပါေစ …”

ေအာင္ကိုဦး (UMK)

နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေကြောင့် ဒီနေ့ခေတ်အချိန်မှာ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာလို့ တင်စား ရလောက်အောင် တစ်နေရာနဲ့ တစ်နေရာကို အင်တာနက်က တဆင့် ထိတွေ့ ဆက်သွယ်နိုင်ကြ ပါတယ်။ တစ်ချိန်တုန်းကတော့ အင်တာနက်သုံးဖို့ အင်တာနက်ဆိုင်ကို တကူးတက သွားကြရပေမယ့် ခုအချိန် မှာတော့ ဖုန်းလိုင်းမိတဲ့ နေရာတိုင်းက အင်တာနက်သုံးလို့ ရနေပြီ ဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ အင်တာနက် သုံးစွဲမှုရာခိုင်နှုန်းဟာလည်း တိုးတက်လာပါတယ် (ကွန်နက်ရှင် မကောင်းတာကလွဲရင်ပေါ့)။ အင်တာနက်ကို လူကြီး၊ လူငယ် အရွယ်သုံးပါး မရွေး အသုံးပြုနေကြပါတယ်။

နေ့စဉ်နဲ့ အမျှ အင်တာနက်ကို သုံးဖြစ်နေကြတယ်ဆိုရင် ကိုယ့်ရဲ့ အင်တာနက် သုံးရတဲ့ ရည်ရွယ်ချက်က ဘာလဲ ? social networking တစ်ခုထဲမှာပဲ အချိန်ကုန်နေမှာလား ? ဒါကို အင်တာနက်သုံးစွဲနေကြတဲ့ လူငယ်တွေ အနေနဲ့ နည်းနည်းတော့ စဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ်။ အပျော်သဘော သုံးရုံသက်သက် မဟုတ်ဘဲ ကိုယ့်ဘဝအတွက် အထောက်အကူပေးနိုင်အောင် သုံးစွဲကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

အင်တာနက်ကို တကယ်အသုံးချနိုင်မယ်ဆိုရင် ကိုယ့်ဘဝအတွက် ဗဟုသုတဘဏ်တိုက်၊ ပညာရပ်ဘဏ်  တိုက်ကြီး တစ်ခုပါ။ ၁၉၉၆ ခုနှစ်မှာ Stanford တက္ကသိုလ်ရဲ့ Ph.D ကျောင်းသား ၂-ယောက် ဖြစ်တဲ့ Larry Page နဲ့ Sergey Bin တို့ရဲ့ project တစ်ခုက အစပြုခဲ့တဲ့ Google ဟာ အင်တာနက် အသုံးပြုသူတွေ အတွက် ဗဟုသုတရှာမှီးဖို့၊ ပညာရပ်တွေ စုဆောင်းဖို့ တံခါးပေါက် တစ်ခုပါ။ နေ့စဉ် အင်တာနက် သုံးတဲ့  အခါ တစ်နေ့ကို အကြောင်းအရာ တစ်ခုလောက်စီ ရှာဖွေ လေ့လာကြည့်မယ် ဆိုရင် တစ်လမှာ ကိုယ့် အတွက် အကြောင်းအရာ ၃၀၊ တစ်နှစ်မှာ အကြောင်းအရာ ၃၆၅-ခု ရရှိကြမှာပါ။ နေ့တိုင်း မလေ့လာဖြစ် ရင်တောင်မှ တစ်ပတ်ကို ၂-ရက်လောက်တော့ လေ့လာ စေချင်ပါတယ်။

ကိုယ်သိချင်တဲ့ အကြောင်းအရာ တော်တော်များများကို Google မှာ ရိုက်ထည့်လိုက်တာနဲ့ လေ့လာ စရာတွေ တပုံတစ်ပင် တွေ့ရှိနိုင်ကြမှာဖြစ်ပါတယ်။ သိချင်တဲ့ အကြောင်းအရာတစ်ခုခုကို How to နဲ့ အစပြုပြီး ရှာကြည့်လိုက်ပါ။ ဥပမာ- စက္ကူတွေနဲ့ ပုံစံမျိုးစုံခေါက်တဲ့ Origami ဆိုတဲ့ပညာရပ်တစ်ခု ဆိုပါတော့ How to make origami လို့ရိုက်ထည့်လိုက်တာနဲ့ စက္ကူကို အတိုင်းအတာ ဘယ်လောက် ဖြတ်ရမယ်၊ ကိုယ်လုပ်ချင်တဲ့ အမျိုးအစားအပေါ်မူတည်ပြီးတော့ အရေအတွက် ဘယ်လောက် လိုမယ်၊ တစ်ခုခြင်း ခေါက်ပြီးရင် ဘယ်လို ဆက်ရမယ် စတာတွေကို အသေးစိတ်ဖော်ပြပေးထားပါတယ်။ You tube မှာဆိုရင် ဗွီဒီယိုအနေနဲ့ပါ လေ့လာသင်ယူနိုင်ပါတယ်။
 နောက်ပြီးတော့ မိန်းကလေးတွေ လုပ်လေ့ရှိတဲ့ လက်သည်းအလှဆင်တာ ဆိုပါတော့၊ ဒါလည်း Google ထဲမှာ How to make nail art (သို့မဟုတ်) Nail art လို့ရိုက်ထည့်လိုက်တာနဲ့ လက်သည်းအလှဆင်တဲ့အခါ ဘယ်လိုစုတ်တံတွေ အသုံးပြုရမယ်၊ အောက်ခံ ကိုဘယ်လို ဆေးဆိုးရမယ် ကအစပြုပြီး၊ လိုချင်တဲ့ ပုံစံတစ်ခုခြင်းအတွက် ဘယ်လို ဆွဲရမယ်၊ ပြီးသွားတဲ့ အခါ အပေါ်က coding ကို ဘယ်လိုထပ်ရမယ်အထိ အစ/အဆုံး အသေးစိတ် လေ့လာနိုင် ပါတယ်။

ဒါတွေကို ပိုက်ဆံရှိရင် ဆိုင်မှာသွားလုပ်လို့ရတယ် လို့ ဆင်ခြေပေးမယ် ဆိုလည်း ပေးနိုင်ပါတယ်။ ဒါပေ မယ့် ကိုယ်ကိုယ်တိုင် သိထားရင် ဝန်ဆောင်ခနဲ့ ဝန်ဆောင်မှု၊ လက်ရာ ထိုက်တန်မှု ရှိ/မရှိ ကို ဆန်းစစ်နိုင် မှာဖြစ်ပါတယ်။ ထမင်းမချက်တတ်ဘဲ ထမင်းချက် ငှားထားရင် စေတနာကောင်းတဲ့သူနဲ့ တွေ့ရင်တော့ ဘာမှမဖြစ်ပေမယ့် ကိုယ့်ကို လူလည်ကျမယ့်သူနဲ့ တွေ့ရင်တော့ ခံရမှာ သေချာပါတယ်။
 လူငယ်တွေ ကိုယ်စီရဲ့လက်ထဲမှာ smart phone တွေ၊ ကွန်ပျူတာတွေ ကိုယ်စီ ရှိကြတယ်၊ ဒါပေမယ့် အများစုက တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ဘာဖြစ်လို ဖြစ်မှန်းမသိ၊ ဆိုင်ကို ပြေးကြရတာပါပဲ။ ကိုယ်လက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေကို အခြေခံလောက်တော့ သိထားသင့်ပါတယ်။ ဒီသဘောတရားတွေကို စာအုပ် ဝယ်ဖတ်လို့ လည်း သိနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်က နေ့စဉ်နဲ့အမျှ အင်တာနက်သုံးနေတဲ့အချိန်မှာ တနေ့ကို နည်းနည်းခြင်းစီ လေ့လာထားမယ်ဆိုရင် ကျွဲကူးရေပါဆိုသလို အချိန်သက်သက်ပေးစရာမလိုပဲ တခါတည်း သိရှိနိုင်ကြပါလိမ့်မယ်။ ကွန်ပျူတာနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို အခြေခံကစပြီး အားလုံး လေ့လာနိုင်ပါတယ်။

ဒါအပြင် ကိုယ်က နေရာဒေသတစ်ခုခုကို သွားတော့မယ်ဆိုရင် အဲဒီနေရာအကြောင်းကို ကြိုတင်လေ့လာ ထားနိုင်ပါတယ်။ အဲဒီနေရာဒေသရဲ့ ရာသီဥတုအနေအထား၊ ထင်ရှားတဲ့နေရာတွေ၊ အစားအသောက်၊ ဓလေ့စရိုက်စတာတွေကို ကြိုတင်လေ့လာထားမယ်ဆိုရင် အဲဒီကို ကိုယ်က တကယ်သွား ရောက်တဲ့အခါ အစစအရာရာ အဆင်ပြေပါလိမ့်မယ်။
 အခုဆိုရင် လုပ်ငန်းတော်တော်များများ မှာ Website တွေရှိနေကြ ပါပြီ၊ ကိုယ်က အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင်လည်း သက်ဆိုင်ရာ ကုမ္ပဏီ/ လုပ်ငန်းတွေရဲ့ website တွေမှာ လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းအမျိုးအစား၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ လုပ်ငန်းရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အစရှိသဖြင့် ကြိုတင်လေ့လာထားမယ် ဆိုရင် တကယ် အလုပ်သွားလျှောက်တဲ့အခါ ဒါမှမဟုတ် အင်တာဗျူး ဖြေတဲ့အခါ ဒီအချက်အလက်တွေက က်ိုယ့်ကို ကောင်းကောင်း အကူအညီပေးနိုင် ပါတယ်။ ဒါပေမယ့် အင်တာနက်မှာ ရှာဖွေတဲ့အခါ အများစုက အင်္ဂလိပ်လို ရေးထားတဲ့အတွက် အင်္ဂလိပ်စာ အခြေခံ နည်းနည်းပါးပါးတော့ ရှိဖို့လိုပါတယ်။ အဲဒီအင်္ဂလိပ်စာ ကိုလည်း အင်တာနက်မှာပဲ အခြေခံကစပြီး တဆင့်ပြီးတဆင့် လေ့လာနိုင်တဲ့ နေရာတွေ အများကြီးပါ။
 အခုအချိန်မှာတော့ ကွန်ပျူတာ၊ ဖုန်း၊ အင်္ဂလိပ်စာ၊ စီးပွားရေး အစရှိတဲ့ သက်ဆိုင်ရာကဏ္ဍ အမျိုးမျိုးကို မြန်မာလိုပဲ ရေးသားဖော်ပြပေးနေကြတဲ့ နေ ရာတွေတော်တော်များနေပါပြီ၊ အရေးကြီးတာက ကိုယ်က အသုံးချဖို့၊ အချိန်ပေးဖို့ပဲ လိုပါတယ်။

အင်တာနက်ဆိုတာ တကယ်အသုံးချနိုင်ရင် တကယ်အဖိုးထိုက်တန်တဲ့ နေရာတစ်ခုပါ။ အဲဒီ ရတနာသိုက် တစ်ခုဟာ ကိုယ့်အနားမှာ ရောက်နေ/ ရှိနေပါလျှက်နဲ့ ဥစ္စာစောင့်များလို့ မစားရ/ မသုံးရတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ပါ။ ကိုယ့်အတွက် ဗဟုသုဖြစ်ဖြစ်၊ ပညာဖြစ်ဖြစ် နည်းနည်းခြင်းစီ စုဆောင်း သွားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ကိုယ့်အတွက် အသုံးဝင်မယ့်၊ အကျိုးရှိမယ့် ဗဟုသုတ၊ ပညာရပ်တွေကို ပိုင်ဆိုင်နိုင်ကြမှာဖြစ် ပါတယ်။

“လူငယ်တွေ အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ …”
အောင်ကိုဦး (UMK)
TechSpace Journal

No comments:

Post a Comment