တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင်သချာၤတွက်စက်ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သချာၤပညာရပ်များအားအသုံးပြု၍
လုပ်ငန်းရပ်များအား အဆင်ပြေချောမွှေ့လွယ်ကူစေရန် ဖန်တီးယူထားသည့်
စက်အမျိုးအစားတစ်ခုဖြစ်ပါသည်။ မှတ်တမ်းများသိမ်းဆည်းခြင်း
(Datastorage)၊ပြန်လည်ခေါ်ယူခြင်း (Retrive)၊
အစီအစဉ်များထည့်သွင်းခြင်းနှင့်ထုတ်ယူခြင်း(l/O
Device)၊စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အားလုပ်ငန်းစဉ်များ
အလိုက်အသုံးပြုနိုင်ရန်စီစဉ်ထားပါသည်။
ကွန်ပျုတာအားတီထွင်ရန်စတင်စဉ်းစားခဲ့စဉ်ထဲကပင်လုပ်ငန်း
ရပ်အသီးသီး၌အသုံးပြုနိုင်ရန် ရည်ရွယ်၍တီထွင်
ခဲ့ခြင်းဖြစ်သည်။စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့်
(Digital Computer) ဟူ၍တည်ဆောက်ပုံ
နှစ်မျိုးရှိခဲ့ပါသည်။(AnalogComputer)သည်လျှပ်စစ်စွမ်းအားရရှိမှုပမာဏအနည်းအများပေါ်
မူတည်၍အနီးစပ် ဆုံးဖော်ပြ ပေးခြင်းအားဖြင့်လုပ်ဆောင်ပါသည်။(Digital
Computer)သည်လျှပ်စစ်စွမ်းအားအတိအကျရရှိမှု အပေါ်မူတည်၍လုပ်ဆောင်ပါသည်။
ကွန်ပျုတာမတိုင်မှီ ခေတ်၁၆
ရာစုနှစ်နှောင်းပိုင်းမှစတင်၍လုပ်ငန်းရပ်အသီးသီးအားလွယ်ကူချောမွှေ့အဆင်ပြေစေရန်ပညာရှင်အသီးသီးမှ[ပေသီး]
(abacus)အားအခြေခံ၍ အဆင့်ဆင့်စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄
ခုနှစ်တွင်(John Napier)မှသချာၤပညာရပ်ပိုင်း ဆိုင်ရာတွက်
ချက်မှုများအားအဆင်သင့်ကြည့်ရှု နိုင်ရန် .၅ဒဿမငါးနေရာအထိအတိအကျ
တွက်ယူအဖြေထုတ်ပေး ထားသောအစီအစဉ်
(Logarithms)အားတီထွင်ဖန်တီးခဲ့သည်။၁၆၁၅ တွင် William Oughtred မှနေ၍
(Slide Rule) စနစ်အားတီထွင်ခဲ့သည်။
(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အတွက်(Logarithms)
စနစ်အားအကျဉ်းချူံးစီစဉ်
ထားသောသချာၤပညာရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။၎င်းအားယနေ့ကာလခေတ်ပေါ်
အီလက်ထရွန်းနစ် သချာၤတွက် စက်(Electronic Calculator)
များတွင်အသုံးပြုထားပါသည်။၁၆၂၃ တွင် William Schickardမှသချာၤတွက်စက်၏
အစဖြစ်သော(Mechanical Calculator) အားတီထွင်ခဲ့ပါသည်။
ပထမဦးဆုံးစက်ကိရိယာဖြင့်တွက်ချက်ခြင်းအစီအစဉ်အားပြင်သစ်နိုင်ငံသားဖြစ်သူ
သချာၤနှင့်ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင်တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပါသည်။
၎င်းကိရိယာအားအလုပ်လုပ်ဆောင်နိုင်ရန်အတွက်လက်ဖြင့်မောင်းနှင်ရသောဂီယာ
(gear)များ၊စက်သီး (Pulley)များဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။၁၆၇၂-၁၆၇၄
ခုနှစ်တွင် Gottfried Leibniz မှပထမဆုံး(Calculator) အား
တီထွင်နိုင်ခဲ့ပါသည်။၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard
၏ကြိုးပမ်းအားထုတ်မှုဖြင့်အလိုအလျောက်လည်ပတ်နိုင်သော
ယက်ကန်းစက် တစ်မျိုးဖြစ်သည့်(Analytical Engine) ကိုရရှိခဲ့သည်။
၎င်းစက်မှာအပေါက်များစွာပါဝင်သောကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်းအသုံးပြု ခဲ့သည်။
၁၈၂၀ တွင် Charles Thomas de Colmar မှပထမဆုံးပြည်စုံသောတွက်ချက်မှုအတိုင်းအတာအားတိုးမြှင့်ပေးခဲ့ပါသည်။
၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓါတ်ခွဲစက်
(Analytical Engine) တစ်ခုပြုလုပ်ရန်အကြံရှိခဲ့
၍၎င်းစက်တွင်မည်သည့်တွက်ချက်မှုမျိုးမဆိုပါဝင်ထည့်သွင်းထားသည်။သို့ရာတွင်၎င်းစက်အတွက်လိုအပ်သည့်
ဖွဲ့စည်းပုံအားတည်ဆောက်နိုင်ရန်အတွက်မူယင်းအချိန်
ကာလတွင်ပညာရှင်များအနေဖြင့်များစွာမှအခက်အခဲရှိခဲ့ကြပါသည်။
Charles Babbage ၏မူလစိတ်ကူးမှာယင်းစက်သည် အချက်အလက်ပေါင်း
မြောက်များစွာ အားလက်ခံနိုင်၊ထည့်သွင်းနိုင်၊ အဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။၂၀
ရာစုနှစ်အစောပိုင်းတွင်လေဟာမီးလုံး (Vacuum Tube) များအား
အသုံးပြုခြင်းဖြင့် ကွန်ပျုတာစက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့
ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့်စက်သီး (Pulley)တို့အား မလိုအပ်တော့
ချေ။လျှပ်စစ်ခလုတ်များမှ တူညိသောရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်ပါသည်။
ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြု
ထားပါသည်။အချက်အလက်နှင့် ညွှန်ကြားချက်များအား (l/O)
ဖြင့်အကျဉ်းချုံးထားပါသည်။
၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအဖွင့်၊အပိတ် (On/Off) လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအားဝန်ပိုကျုံ့လာစေပါသည်။
လေဟာမီးလုံး (Vacuum Tube) များမှာဂီယာ (Gear)နှင့်စက်သီး(Pulley)များထက် ပိုမိုတိကျစွာအလုပ်လုပ်ဆောင် လာနိုင်ပါသည်။
Charles Babbage စဉ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှအပြီးသတ်ဖန်တီးနိုင်ခဲ့ပါသည်။
နောက်ဆုံးတွင်၎င်း၏စဉ်းစားမှုများအားလုံးသည်ယနေ့ခေတ်ကာလအသုံးချနေကြသော (Programmable Computer) အဖြစ်သို့ရောက်ရှိလာခဲ့ပါသည်။
၁၈၉၀ ခုနှစ်တွင်Herman Hollerith မှအမေရိကန်သန်းခေါင်စာရင်းမှတ်တမ်းအတွက်ကဒ်ပြားများအား
အပေါက်ဖောက်ခြင်းစနစ်(punched-Card System) အဖြစ်တိုးမြှင့်ပေးခဲ့သည်။
၁၉၃၆ ခုနှစ်တွင် Alan Turing မှကွန်ပျုတာ၏သချာၤပညာရပ်ပိုင်းဆိုင်ရာသီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။
၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ(Boolean) အက္ခရာသချာၤစနစ်အားအသုံးပြု၍ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်ခဲ့သည်။
၁၉၃၉ ခုနှစ်တွင်ပထမဆုံး[သချာၤ]နှင့်[ရူပဗေဒ]
ပညာရပ်များအားလျှပ်စစ်စွမ်းအားဖြင့်အဓိကအသုံးပြုထားပြီးစက်ပိုင်း
ဆိုင်ရာတွက်ချက်မှုဖြင့်အလုပ်လုပ်နိုင်သော (J V Atanasoff-Barry)
ကွန်ပျုတာအားအမေရိကနိုင်ငံတွင်တီထွင်ခဲ့သည်။
၎င်းစက်အားပထမဆုံး လေဟာမီးလုံးတွဲများနှင့်အသုံးပြုဖန်တီးတည်ဆောက်ထားခဲ့သည်။
၎င်းစက်မှာလုပ်ငန်းရပ်တစ်ခုအတွက်သာပုံဖော်ထားပါသည်။သို့ရာတွင်အလွန်
ရှည်လျားသောသချာၤပညာရပ်ပိုင်း
ဆိုင်ရာဇယားကြီးများ၏တွက်ချက်မှုများအားတစ်ခုချင်းစီအနီးစပ်ဆုံးတွက်ချက်နိုင်အောင်ရေးဆွဲခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ်မဆိုထားဘိ ကွန်ပျူတာ ဌာနပင်မရှိသေးမီက
(၁၉၇၃ ခုနှစ်မတိုင်မီက ) တက္ကသိုလ်တစ်ခု၏
သင်္ချာဌာနလက်အောက်တွင်တွက်ချက်ရေးယူနစ်
အဖြစ်စတင်ဖွဲ့စည်းခဲ့သည်ဟုအဆိုရှိသည်။
လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကိုကူညီဆောင်ရွက်ခဲ့ရကြောင်းလည်းသိရသည်။
စက္ကူ ကဒ်ပြားများကိုစက်ဖြင့်အပေါက်ဖေါက်ပြီး သုံးရသောစနစ်ဖြစ်သည်။
နောက်ပိုင်းတွင် ပီစီ မဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး
ဝန်ကြီးဌာနအချို့တွင်သုံးစွဲလာသည်။
MCC အမည်ဖြင့် ကွန်ပြူတာပညာဆင့်ပွါးပေးသောအစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း လုံးဝမရှိဆိုဟုသည်။
ရှေးဦးစွာရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse
စသည်တို့မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက်
(WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့်
ဆော့ဖ်ဝဲများသုံးကြရသည်ဆိုပါသည်။
နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3)
စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့
ကိုပါသုံးစွဲလာနိုင်ကြောင်းသိရပါသည်။
WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင်ကွန်ပြူတာမြင်သိထိတွေ့ဖူးသူအလွန်နည်းပါးပြီး
WINDOW 95 ပေါ်ပေါက်လာပြီးမှ တစ်စတစ်စပြည်သူလူထုအတွင်း ကွန်ပြူတာသုံးစွဲနိုင်သောအခြေအနေရောက်လာခဲ့ပါသည်။
သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော
သင်တန်းအဖွဲ့အစည်းများလဲပေါ်ထွန်းလာပြီး။ ACE, KMD
စသည်အဖွဲ့အစည်းများလည်းဆက်လက်ပေါ်ပေါက်လာကြောင်းသိရပါသည်။
ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင်
အရေးပါသောအခန်းမှပါဝင်နေကာ အကျိုးပြုပံ့ပိုးကူညီနိုင်ခဲ့ပါသည်။
ဒင်းနစ်ဝင်းသိန်း၏အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630
Macintosh ကွန်ပြူတာများအကြွေးရောင်းချပေးခဲ့ရာမှ
မြို့ငယ်လေးများ၏အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် Clone PC
များဝယ်ယူသိမ်းဆည်းပြသသောအလေ့၊ Multimedia classroom
များဖွဲ့စည်းတည်ဆောက်သောဓလေ့များထွန်းကားခဲ့သည်ဆိုပါသည်။
ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သောလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သော်လည်း
အင်တာနက်ကို တိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက် သုံးကြရသည်ဆိုပါသည်။ Dial
up စနစ် ကွန်ယက်ချိတ်ဆက် ပစ္စည်းတို့မှာ
ခွင့်ပြုချက်မရလျှင်သုံးစွဲခွင့်မရှိသောကန့်သတ်ပစ္စည်းဖြစ်ခဲ့ရပြီး နောင်အခါ
IP Star စလောင်းများဖြင့် Internet ချိတ်ဆက်အသုံးပြုမှုအထိ
ကျယ်ပြန့်လာသည်ဆိုပါသည်။
ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင်
စာစီစာရိုက်လုပ်ငန်းမှာစီးပွားဖြစ်အသွင်ဦးစွာပေါ်ပေါက်လာပြီး၊
ကွန်ပြူတာဖြင့်
ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်းပိုမိုစောစီးစွာပေါ်ပေါက်ဖူးသည်ဆိုပါသည်။
စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3
ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအခွေထုတ်ခြင်း ဗီဒီယိုတည်းဖြတ်ခြင်း
ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များဖွင်ခြင်းတို့နှင့်အတူ
ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အထိ ကမ္ဘာနှင့်အညီ
ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း
အထိုက်အလျောက်ပေါ်ပေါက်လာပြီး ကွန်ယက်များချိတ်ဆက်ထိန်းသိမ်းပေးခြင်း
ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Web page ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း
စသည့် အတတ်များလည်းတတ်ကျွမ်းလာနေပြီဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟု
ကြားသိနေရပါသည်။
ကွန်ပျူတာဆိုတာ
“ကြန္ပ်ဴတာ”ဆိုတာ ဘာလဲတဲ့ !!
ပြောရမယ်ဆိုရင် ... သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device
(ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို
လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော်လောက်တုန်းက
ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus)
ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။
အဲဒီ (Abacus) “ပေသီး”ကနေ အခြေခံပြီး .. လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင်သည်အထိ .. ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် .. ။
အဲဒီ ဂဏန်းပေါင်းစက် မှတစ်ဆင့် .. မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် ..
တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိ တီထွင်တိုးတက်လာခဲ့ပါတယ် … ။
ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း .. ကွန်ပျူတာဆိုတဲ့
ရှေးသမိုင်းကြောင်းတွေ ထပ်ရှိပါသေးတယ် … ။ အသေးစိပ်ကို လေ့လာရင်တော့ …
ရှေ့မရောက်ပဲ ဖြစ်ကုန်တော့မယ် .. ။ အဓိက ဆိုလိုရင်းအဓိပ္ပါယ် (Main
Concept)တွေကို သိရှိနားလည်မယ်ဆိုရင် ကွန်ပျူတာကို လေ့လာတဲ့အခါမှာ
ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ် .. ။
သမိုင်းကြောင်း တစ်ခုလုံးကို လေ့လာနေဖို့လည်း မလိုအပ်ပါဘူး .. ။
ဥပမာ … ကိုယ်စားနေတဲ့ သစ်သီးတစ်လုံးနဲ့ ယှဉ်ပြီးစဉ်းစားကြည့်မယ်ဗျာ … ။
အဲဒီ“သစ်သီး” ဘယ်ကလာသလဲ .. ဘယ်အပင်ကလည်း .. ဒီလောက်သိထားရင် တော်ပီ။
ဒီအပင်ကို ဘယ်လိုစိုက်ခဲ့လဲ .. မြေသြဇာဘယ်လိုသုံးရလဲ .. မြေသြဇာအတွက် …
နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်… အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား
.. ပြီးတော့ ခြောက်သွေ့တဲ့နေရာမှ ပေါက်တာလား စသည်ဖြင့် .. ပုံစံတွေနဲ့
လေ့လာမယ်ဆိုရင် .. ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ ..။
အဲဒီလိုပဲ ကိုယ်က ကွန်ပျူတာကိုလေ့လာမှာ ..
အဆင့်မြင့်နည်းပညာဆီကိုလေ့လာမှာဆိုတော့ .. သမိုင်းကြောင်းလည်း အဲလောက်ကြီး
နက်နက်နဲနဲ လေ့လာနေဖို့မလိုပါဘူး .. နောက်ပြန်ဆုတ်ရင်းနဲ့ ရှေ့မရောက်ပဲ
ဖြစ်တတ်လို့ပါ … ။ ပိုဆိုးတာက .. နည်းပညာ (Technology) ဆိုတာကလည်း ..
အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန် .. ။
အဲဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ် ပြန်သွားပြီး
လေ့လာမယ်ဆိုရင် .. အကြိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ် .. ။
မြောင်းကြီးကြီးခုန်ဖို့ နောက်ကို ခြေ(၂)လှမ်း၊ (၃)လှမ်းလောက်
လှမ်းလိုက်ပါ။ ပြီးတော့မှ .. အရှိန်နဲ့ပြေးခုန်လိုက် .. ကိုယ်လိုချင်တဲ့
ဟိုဖက်အခြမ်းက .. Update Technology ကို မရောက်စရာ အကြောင်းမရှိပါဘူး .. ။
နောက်မဆုတ်ပဲနဲ့လည်း တန်းမခုန်လိုက်နဲ့ .. ချောက်ထဲကြသွားမယ် …။
နောက်လည်းအရမ်းမဆုတ်လိုက်နဲ့ … နောက်ဆုတ်လွန်းရင်လည်း … ချောက်ရှိတယ် ..
ကျသွားမယ် မိတ်ဆွေတို့ .. ။
source; Forum
ကိုစောမောင် ကိုဖြိုး ဘာသာပြန်ထားတာပါ
No comments:
Post a Comment