Tuesday, February 17, 2015

Virus များကို CMD ဖြင့်သတ်ခြင်း

 ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြု ထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကို ရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ခြင်း စီ ပြုလုပ်သွားရပါမည်။ ၁။ Start \ Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။ ၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus 0င်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက် D တွင် Virus ဝင်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ဝင်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။ ၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက်၍ Enter ပေးရပါမည်။ virus name.file extension ဆိုသည်မှာ မိမိစက် တွင် ဝင်ရောက်နေသည့် Virus အမည်နှင့် အမျိုးအစားကို ဆိုလိုခြင်းဖြစ်ပါသည်။ ၄။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟုcmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del(virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။ (ချယ်ရီမြေဝက်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

Copy and WIN : http://bit.ly/copynwin

No comments:

Post a Comment