command-prompt
မိမိကွန်ပျူတာကို အခြားတစ်ယောက်အား ခေတ္တငှားရမည့်အခါမျိုးတွင် Command Prompt ကို Disable ပြုလုပ်ထားခြင်းဖြင့် ကွန်ပျူတာကို အတန်အသင့် စိတ်ချလုံခြုံစေနိုင်ပါသည်။ ထို့အပြင် Command Prompt ကိုအသုံးပြု၍ ကွန်ပျူတာကိုကလိခြင်းမှလည်း ကာကွယ် နိုင်ပါသည်။Command Prompt ကို Disable ပြုလုပ်ရန်အတွက် Start \ Run မှ တစ်ဆင့်အောက်ဖော်ပြပါ စာသားများကို Copy ကူး၍ Ok ကို Click ပေးရပါမည်။ ထိုအခါ Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။ REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f ဒုတိယနည်းမှာ Registry Editor သို့ဝင်ရောက်၍ Command Prompt ကို Disable ပြုလုပ်ခြင်းဖြစ်ပါသည်။ ၁။ Register Editor သို့ဝင်ရောက်ရပါမည်။ Start\ Run တွင် regedit ဟုရိုက်နှိပ်၍ Ok ပေးရပါမည်။ ၂။ အောက်ဖော်ပြပါ အတိုင်းဝင်ရောက်ရပါမည်- HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System ၃။ ထို့နောက် ညာဘက် Pane အတွင်းရှိ DisableCMD ကို Double Click နှိပ်၍ Data တွင် ၀ ဟုပေးရပါမည်။ ၄။ Register Editor ကို ပိတ်ပြီးနောက် Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။ နောက်ဆုံးနည်းလမ်းတစ်မျိုးမှာ Group Policy မှတစ်ဆင့် Disable ပြုလုပ်ခြင်းဖြစ်ပါသည်။ ၁။ Start \ Run တွင် gpedit.msc ဟုရိုက်၍ Ok ပေးပြီး Group Policy သို့ဝင်ရောက်ရပါမည်။ ၂။ User Configuration > Administrative Templates > System သို့ဝင်ရောက်ရပါမည်။ ၃။ System Click ပြီးနောက် ညာဘက် Pane အတွင်းရှိ “Prevent access to the command prompt” ကို Double click နှိပ်၍ Disable ကို Check ပေး၍ Ok ပေးရပါမည်။ ထို့နောက် Group Policy ကို ပိတ်ပြီနောက် Command Prompt ကို Disable ပြုလုပ်ပြီး ဖြစ်ပါ သည်။ (ချယ်ရီမြေဝက်ဆိုဒ်မှ ကူးယူဖော်ပြသည်။)
Copy and WIN : http://bit.ly/copynwin
No comments:
Post a Comment