Monday, December 22, 2014

Software မပါပဲ pdf ဖိုင်ပြောင်းနည်း

ဘလော့ခရီးသည် ဆိုက်ကလေးကနေ သိလာရတာပါ။ အရင်ဦးဆုံး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါတယ်။


Microsoft Word 2010 နဲ့ ရိုက်ထားသမျှတွေကို PDF ဖိုင်သို့ အလွယ်တကူ ပြောင်းပြီးသိမ်းနိုင်ပါပြီ။

word ထဲက စာကိုသိမ်းတော့မယ်ဆိုရင် အရင်ဆုံး ဖိုင်နာမည် ရွေးရပါတယ်။ File name ပေါ့။

File name ရဲ့အောက်ဘက်က Save as type ဆိုတဲ့နေရာလေးမှာ PDF ဆိုတာလေးကို ရွေးပေးရုံလေးပါ။

ဒါဆိုရင်တော့ Soft ware မပါဘဲ PDF  files သို့ အလွယ်တစ်ကူ ပြောင်းနိုင်ပါပြီ။

မူရင်းလင့်လေးမှာတော့ အသေးစိတ်ရှင်းပြပေးးထားပါတယ်။

( http://aungsanmks.blogspot.sg/2013/04/software-pdf.html )

မင်္ဂလာပါဗျာ
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ........ ....... ....... ........ ...... .........

မူရင်းနေရာလေးမှာ သွားရောက်လည်ပတ်ကြရင်းဖြင့် စာပေဗဟုသုတများ ဖြန့်ဝေပေးနိုင်ကြပါစေ။

No comments:

Post a Comment