Monday, December 15, 2014

Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း

Photo: Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း 

1. ဆရာခင်ဗျား ကျွန်တော့်အမျိုးသမီးမှာ အခုဒုတိယကိုယ်ဝန်လွယ်ထားပါတယ်ဆရာ။ ပထမကိုယ်ဝန် လွယ်တုန်းကလိုမဟုတ်ပဲ  ခဏခဏအန်နေရပါတယ်ဆရာ။ အဲဒါပြသနာတခု ဖြစ်နိုင်ပါသလားဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။ အားကိုးယုံကြည်စွာဖြင့်။
2. ကိုယ်ဝန် ၃ဝ ပတ်ရှိပါပြီ။ ဒါပေမဲ့ ခုတစ်လော အစာစားပြီးတိုင်း ပြန်အန်ပါတယ်ရှင့်။ ကိုယ်ဝန် စရှိကာစ တုန်းကလိုမျိုး ဖြစ်တာပါရှင့်။ ဘာကြောင့်လဲဆိုတာကို ပြောပြပေးပါနော်။ ပြီးတော့ ဘာဆေးသောက်ရပါ့မလဲရှင့်။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
• ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်သည်။ 
• ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထ ရောဂါအတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေပေးရသည့် ဆေးတချို့မှာ လူနာစိတ်သက်သာရစေသည့် ဆေးအဖြစ် ခေါ်သည်။ 
• B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့် ဆေးများဖြစ်သည်။ 
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ 
• Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy လက်ဘက်ရွက်နည်းနဲ့ အဆီသုံးကုသနည်းတို့မှာလည်း ခေတ်သုံးဆေးများ ဖြစ်သည်။
• Nosic က အန်တာ သက်သာစေတဲ့ဆေး ဖြစ်တယ်။ မနက်ပိုင်းဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် အန်တတ်တဲ့ အချိန်လိုက်ပြီး သောက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကို ပေးတဲ့ဆေးပါ။ မစိုးရိမ်ပါနဲ့။
• အန်နေသူတိုင်း ORS ဓါတ်ဆားရည် သောက်သင့်တယ်။ အုန်းရည်၊ ရေနွေးကြမ်း သောက်ပါ။ ဓါတ်ဆားရည်ကိုတောင် လိုသလောက် သောက်မရဖြစ်ရင်၊ BP လဲ နည်းရင် RL drip သွင်းရမယ်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံအန်ခြင်း
• ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ 
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များသည်။ ၂ဝ ပတ်ဆိုလျင် ၁ဝ% ကလွဲလျင် ပျောက်နိုင်သွားသည်။
• ဘာ့ကြောင့်ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။
• အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနှင့်အစပ် လျော့သင့်သည်။ 
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်သည်။ 
• ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ 
• Pyridoxine ဗီတာမင် ဘီ ၆၊ Doxylamine 10 mg နှင့် Pyridoxine (B6) 10 mg ရောပေးသင့်သည်။
• Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်သည်။
• Meclizine, Dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ 
• Corticosteroids (Methylprednisolone 16 mg စားဆေး or IV every 8 hours) ကို နောက်ဆုံးအဖြစ် ပေးနိုင်သည်။ ၃ ရက်နှင့်သက်သာပါက ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာက ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာကောင်းသည်။ 
• တရုပ်အပ်စိုက်နည်းတွင် Acupuncture point P6 နေရာတွင် စိုက်ပေးရသည်။
• ဂျင်း(ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ်လည်း ကောင်းသည်။ 

မိခင်ရောကလေးပါ ကျန်းမာ-ချမ်းသာကြပါစေ။

Dr. တင့်ဆွေ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_7234.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/04/personal-hygiene-for-women.html

1 comment:

  1. ဆရာဆက်ဆံပြီးလို့၃ပတ်ခန့်မှာအန်နေရင်ကိုယ်ဝန်ရနိုင်သလားခင်ဗျာ

    ReplyDelete