အခန်းလွတ်တစ်ခုထဲတွင် ကလေးများဆော့ကစားနိုင်သော ပစ္စည်းများက အပြည့်၊ ပထမတွင် ကလေး၎ နှစ်သားလေးကို ထိုအခန်းထဲ ကို တစ်ယောက်တည်း လွှတ် ပေးလိုက်ပါတယ်။ ၄နှစ်သား ကလေးငယ်ဟာ အခန်းထဲရှိ ပစ္စည်းများကို လျှောက်ကိုင် ကြည့်နေပါတယ်။ အပြင်က သူ့ ဘဝကို ပြုစုပျိုးထောင်မယ့် ဆရာ က စောင့်ကြည့်နေပါ တယ်။ အဲဒီကလေးငယ်က ကစားစရာဘောလုံးကို သွား ကိုင်ဆော့နေပါတယ်။ အဲဒီလို ၃/၄ ကြိမ်လောက် အခန်းထဲ ထည့် ဘောလုံးပဲ အမြဲ တမ်း ဆော့နေရင် အရွယ်ရောက် လာတဲ့အခါ အားကစားဘက်မှာ ထူးချွန်ဖို့ လေ့ကျင့်ပြုစုပျိုး ထောင်လိုက်ပါတယ်။ သူ့ရဲ့ဥာဏ် ရည်ဥာဏ်သွေးနဲ့ စနစ် တကျပြုစုပျိုးထော င်မှုကြောင့် သူဟာ အင်ဂျင်နီယာ တစ်ယောက်နဲ့ဘောလုံးအကျော်အမော် ” သန်းတိုးအောင်” ဖြစ်လာပါတယ်။
ဒါက ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အနာဂတ်ကြယ်ပွင့်တွေကို ဒီလိုပဲ ပြုစုပျိုး ထောင်ပါတယ်။ အခုကျွန်တော် တို့ နိုင်ငံမှာ သုံးနေပါပြီ။အရင်တုန်းကတော့ အခြေခံ သဘောတရားနဲ့ စာတွေကိုသင်ပါတယ်။ အခုတော့ လက်တွေ့မြင်နေရတဲ့ စိတ် ပိုင်းဆိုင်ရာတွေနဲ့ ပညာသင် ကြားတဲ့စနစ်၊ Formal education ကနေ uni formal education ကို ပြောင်းလဲနေပါပြီ။ ဆရာဗဟိုပြုကနေ ကျောင်းသားဗဟိုပြု၊ ဟုတ်တယ် အဲဒါတကယ်ကို ပြောင်းလဲနေတာပါ။ အရင်တုန်းက မေးခွန်းနဲ့သင်တယ်။ အခုအဖြေနဲ့ ပြန်သင်နေပါပြီ။ နောက်ဆုံးကနေ ပြန်စဉ်းစားပေါ့။ အမေးရောက်ရင်ပြီးပြီ။ အဖြေမှန်ပဲ။ နိုင်ငံခြားက အဆင့်မြင့်တက္ကသိုလ်တွေမှာ အဖြေမဲ့ ပုစ္ဆာတွေနဲ့ စဉ်းစားတွေးခေါ်မှုတွေကို သင်ပါတယ်။ မိုင်(၁ဝဝဝ)ခရီးကို ကား ၁ စီးက ၁နာရီ မိုင်၅ဝမောင်းရင် ဘယ်နှနာရီမှာ ခရီးဆုံးရောက်မလဲ။ နာရီ ၂ဝပေါ့။ အဲဒါက အဖြေရှိ တယ်။ နောက်တစ်ခုက အဲဒီကားမောင်းတဲ့သူဟာ ခရီးဆုံးရောက်ရန် ဘယ်လောက်ကြာမလဲလို့ မမေး တော့ပါဘူး။ ခရီးဆုံးရောက်ရင် သူ့ကားပေါ်မှာ ဘယ်သူပါလာ မလဲ။ မေးခွန်းသဘောကတော့ သူလမ်းတစ်လျှောက် ဘာတွေတွေ့ကြုံဖြတ်သန်းမလဲ။ သူ့ အဖြေက အဓိပ္ပာယ်ရှိ မရှိကို ဆရာက ကြည့်တာပါ။ unseen ပုစ္ဆာပေါ့။ ၄နှစ် လုံးလုံး အဲဒါမျိုးသင်ကြားတဲ့ တက္ကသိုလ် တွေရှိပါတယ်။
ကျွန်တော်တို့ R.I.T မှာ လည်း တစ်ခါမှမတွေ့ဖူးတဲ့ပုစ္ဆာ unseen တွေစာမေးပွဲမှာ ဖြေရတယ်။ အခြေခံသီအိုရီ သဘောတရားကို ဘယ်လောက်သိသလဲ။ လေ့ကျင့်မှု ဘယ်လောက်ရှိသလဲ။ အဲဒါ အပြင် သူ့စိတ်တည်ငြိမ်မှုကို စစ်တာလေ။ ၃ နာရီနဲ့ပဲ ဆုံး ဖြတ်တာ။ နောက်ပိုင်းကျတော့ ဆရာတွေက စဉ်းစားလာကြတယ်။ ဒီ၃နာရီလောက်နဲ့ မရနိုင်ဘူး။ စာတွေကို ဖြတ်ပြီး စစ်တယ်။ ၂လအကြိမ်၊ တစ်နှစ် မှာ ၄၊၅ကြိမ် စစ်တာပေါ့လေ။နောက်ကျွန်တော်တို့
နောက် RIT မှာ စာမေးပွဲဖြေရင် အခန်းထဲမှာ လူ၂ဝ လောက်ပဲ သီးခြားဖြေရတယ်။ သဘောကတော့ လူ၂ဝ အတွက် စာမေးပွဲမေးခွန်းက အမျိုး ၂ဝ၊ တစ်ယောက်နဲ့ တစ်ယောက်မေးခွန်းမတူဘူး။ တိုင်ပင်ကူးချလို့လည်း မရပါဘူး။ ကျောင်းသားတွေဟာ ကိုယ့်မေးခွန်းနဲ့ ကိုယ့်အဖြေနဲ့ တစ်ယောက်ချင်းအလုပ်ရှုပ် နေကြတာပါပဲ။ နောက် RIT မှာ စာများတော့ ပထမနှစ်မှာ ၇၃ဝ ယောက်လက်ခံတယ်။ နောက်ဆုံးနှစ် (ဆဋ္ဌမနှစ်)မှာ ၅ဝဝလောက်ပဲ ဘွဲ့ရတယ်။ နောက်ပိုင်းကျမှ supply ဖြေခွင့်ပေးတာပါပဲ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကစားစရာ ကျား၊စစ် တုရင်၊ ဇယ်ခုံ၊ ဒိုးဆက်၊ ဂျင်၊ ဂေါ်လီ၊ ခြောက်ကောင် ကျားအဲဒါတွေနဲ့ ကြီးပြင်းလာတာ။ အပေါင်း၊အနုတ်၊ အမြှောက် အစား အလီတွေနဲ့ ကြီးပြင်းလာတာ။ အခုခေတ်မျိုးဆက်တွေက ပုံစံပြောင်းသွားတယ်။ TV Game တွေ ဖြစ်သွားတယ်။ အဲဒီတော့ ကွန်ပျူတာနဲ့ Game တွေ က ရေရှည်သုံးရင်၊ တစ်ဆက်တည်း အကြာကြီးသုံးရင် Brain နဲ့ Mind မှာ effect ဖြစ်တယ်။ ထိတယ်။ ၂နာရီ လောက်သုံးလိုက်၊ နားလိုက်လုပ်ရမှာပါ။ အဲဒါမှ နှစ်များစွာ ဦးနှောက်နဲ့ စိတ်ကို မထိခိုက် ဘဲ သုံးနိုင်မှာပါပဲလေ။
နောက် စိတ်ကို လေ့ကျင့်ပျိုးထောင်တဲ့အနေနဲ့ပဲ ပတ်ဝန်း ကျင်ကို ဂရုပြုရတယ်။ သဘောက တက်တဲ့ လှေကားထစ်ရေ တွက်တာမျိုး ပတ်ဝန်းကျင်၊ အခန်း၊ နံရံတွေမှာ ဘယ်သူတွေ၊ ဘာတွေ၊ ဘယ်လိုပုံစံတွေရှိ သလဲဆိုတာ လေ့လာမှတ်သား ဖို့ လိုပါတယ်။ ၁ဝတန်းလောက်အထိ ကျောင်းမှာ စည်းကမ်းနဲ့ နေရ တယ်။ တက္ကသိုလ်ေ ရာက်တော့ လွတ်လပ်သွားတယ်။ ဒါပေမဲ့ စာတွေက ပိုများလာတယ်။ ဦးနှောက်ကို သုံးရပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက တက္ကသိုလ်မှာ နယ်အစုံက လူတွေလာ တက်ကြတဲ့အခါ မိတ်ဆွေများစွာ ကျယ်ပြန့် စေတယ်။ အဆောင်တွေ ရှိတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုနီးကပ်စွာ ဆက် ဆံပြီး လူသဘောကို ပိုသိလာ ပါတယ်။ ဒါက လူကို ပညာသင်ပေးတဲ့ တက္ကသိုလ်။
နောက်ဘဝတက္ကသိုလ်ကို လည်း ကျွန်တော်၂ကြိမ်ဖြတ် သန်းရပါတယ်။ အကျဉ်းထောင် ပေါ့။ ဘဝတက္ကသိုလ်လို့လည်း ခေါ်ပါတယ်။ အဲဒီမှာလည်း နှစ်ပေါ်မူတည်ပြီး၊ အကြိမ် ပေါ်မူတည်ပြီး ရိုးရိုးဘွဲ့၊ မဟာ ဘွဲ့၊ ဒေါက် တာဘွဲ့လို့ ပြောပြီး သတ်မှတ်ကြပါတယ်။ ငါးနှစ် အောက်နေဖူးရင် ရိုးရိုးဘွဲ့၊ ၅ နှစ်အထက်၊ ၁ဝနှစ်လောက် ဆိုရင် မဟာဘွဲ့၊ ၁ဝနှစ်အထက် နေဖူးရင် ဒေါက်တာဘွဲ့လို့ သတ်မှတ်ကြပါတယ်။ အဲဒီဘဝ တက္ကသိုလ်မှာက ပညာသင် ကြားရေးစရိတ်က သိပ်ဈေး ပေါတယ်။ ဆေးလိပ်၂လိပ်၊ ကွမ်းတစ်ထုပ်၊ အသား ၁တုံး လောက်နဲ့ အပြင်မှာ ငွေများစွာ ပေးမှ သင်လို့ရတဲ့ ပညာတွေ သင်နိုင်တယ်။
အကျဉ်းထောင်ဆိုတာ လူသားတွေအတွက် မကောင်း ပါဘူး။ ဒါပေမဲ့ အဆိုးထဲက အကောင်းတွေလည်း ရှိတတ်ပါ တယ်။ နဝတ၊ နအဖခေတ် အကျဉ်းထောင်တွေ ဟာ နိုင်ငံ ရေး အကျဉ်းသားတွေအတွက် နှိပ်စက်မှုများစွာ ရှိသလို၊ နိုင်ငံ ရေးတက္ကသိုလ်တွေအဖြစ် လည်း ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံ ရေးတက္ကသိုလ်တွေ ဆီကနေ လက်ရှိ လွှတ်တော်ကိုယ်စား လှယ်တွေလည်း ဖြစ်လာပါ တယ်။ လက်ရှိမှာ တွေ့နေရ ပါတယ်။
မူလတန်းကျောင်းသား တစ်ယောက်ရဲ့စိတ်၊ အလယ် တန်း ကျောင်းသားရဲ့စိတ်၊ အထက်တန်းကျောင်းသားစိတ်၊ တက္ကသိုလ်ကျောင်းသားရဲ့ စိတ်က မတူပါဘူး။မူလ တန်း ကျောင်း သားက ဆော့မယ်၊ စာကျက် မယ်။အလယ်တန်းကျောင်းသား ကတော့ စာဖတ်မယ်၊ ဆော့ မယ်၊ စာကျက်မယ်၊ အပြင်ကို စသွားတတ်နေပြီ။ အထက် တန်းကျောင်းသားစိတ်ကတော့ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ရည်းစားထားတာ၊ နယ်ထွက် တာ၊ အရက်သေစာ စမ်းသပ် တာတွေဖြစ်နေပြီ။ တက္ကသိုလ် ကျောင်း သား စိတ်က လွတ်လပ် သွားပြီ။ အားလုံးလုပ်လို့ရ တယ်။ မိမိကိုယ်ကို မိမိထိန်း ကျောင်းပဲ။ ကျွန်တော်တို့ ခေတ်တုန်းက ၁ဝ တန်း၂ခါ ကျရင် ကျောင်းမှာ နေခွင့်မရ ပါဘူး။ အပြင်မှာ ညဘက်၆နာရီ နောက်ပိုင်းတက်ရတဲ့ ည ကျောင်းမှာ နေရပါတယ်။ အဲဒီ တုန်းကရယ်စရာစကားတွေ တောင် ဖြစ်ခဲ့တယ်။ ညကျောင်း တက်ရင်း ညားကုန်ကြလို့ ညား ကျောင်းလို့ ခေါ်ကြရတယ်။
အဲဒီတော့ ယခုအချိန်မှာ ညဘက်ကျောင်းတွေအများကြီး ပါပဲလေ။ အရက်ဆိုင်မှာ ဘီယာသောက်နေတဲ့အမျိုး သမီးတွေလည်း ရန်ကုန်မှာ အများကြီးပါပဲလေ။ မျိုး ဆက် တွေရဲ့ လက်ခံတဲ့ နှလုံးသားနဲ့ ဦးနှောက်က မတူတော့ပါဘူး။ အကောင်းနဲ့ အဆိုးတော့ သိကြ ပါတယ်။ မျိုး ဆက်သစ်တွေ အမှားနဲ့အမှန်ကို ဆုံးဖြတ်တတ်ကြ ပါတယ်။ ခေတ်ရဲ့ ပြောင်းလဲမှုကို မျိုး ဆက်တွေက လက်ခံကြ ရမှာပါပဲလေ။ အဲဒီလိုပဲ ပညာ ရေးဟာ အလွတ်ကျက် ပညာရေးကနေ စဉ်းစားမှု ပညာ ရေး ကို ပြောင်း လဲနေပါပြီ။ လေ့ကျင့်မှုများများ လုပ်ဖို့လိုပါတယ်။ စာရေးဆရာကြီး မင်းသိင်္ခ စာရေးတဲ့အခါ သူက နောက် ဆုံး အခန်းကနေ စရေးပါ တယ်။ ရေးရင်းနဲ့ ပဲ ရှေ့ဆုံး တစ် ခန်းရောက်တော့ စာရေးတာပြီး ဝတ္ထုစာအုပ်လည်း ပြီး သွားပါတယ်။
လက်ကရေးတာထက်စာ ရင် ပါးစပ်ကပြောပြီး ဘေးက တစ်ယောက်က လိုက်ရေးပေး တာ စာကို ပိုတွေးရေးနိုင်ပါတယ်။ မြန်လည်း ပိုမြန်ပါတယ်။ဗိုလ် ချုပ်အောင် ဆန်းက နိုင်ငံရေးကို စိတ်သွင်းပြီးလုပ် တာလေ။ ပဲခူးဆောင်၁၃ ခန်း မှာနေရင်း မိန့်ခွန်းပြောကျင့် နေတယ်။ စာတွေဖတ်နေ တယ်။ နိုင်ငံရေးစာအုပ်တွေ အမြဲဖတ်နေတယ်။ သူ့ နိုင်ငံ ရေးလုပ်ဖော်ကိုင်ဖက်တွေ အပြင်ထွက်လည်၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပွဲတွေကို လိုက်လေ့ မရှိ ဘူး။ အဲဒီလိုမျိုး စိတ်သွင်း လုပ်တော့ အမျိုးသား ခေါင်း ဆောင်ကြီး လည်းဖြစ် လွတ်လပ် ရေးဗိသုကာလည်းဖြစ်၊ မြန်မာ နိုင်ငံလည်း လွတ်လပ်ရေးရ လာပါတယ်။ လိုချင်ရင်တော့ ကြိုးစားရမှာပါပဲ။ အောင်မြင် ချင်ရင်တော့ လေ့ကျင့် ရမှာပါ ပဲ။ ဥာဏ်၊ဝီရိယပေါ့။ ကံတရား ကိုယ့်ဘက်မှာရှိရင်တော့ အောင်မြင်မှုနဲ့ အောင်ပွဲက သင့်အနားမှာပါပဲ။
မျိုးဆက်သစ်တွေ အောင် မြင်ပါစေ။ ကမ္ဘာအဆင့်မီပညာ တွေ တတ်မြောက်ပါစေ။ ပြောင်မြောက်သော နိုင်ငံရေး သမားတွေဖြစ်နိုင်ကြပါစေ။ အသစ်ကိုလည်း ရယူပါ။ အဟောင်းထဲက အကောင်းတွေ ကို လက်ခံသင်ကြားပါ။ အဟောင်းနဲ့ အသစ်ပေါင်း စပ်မှုဖြင့် လူငယ်များ အနာဂတ် တွင် ကြယ်စင်လို လင်းလက် ပါစေ။
အောင်ထွန်း
ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment