Wednesday, February 18, 2015

TeamViewer QuickSupport (For Andriod Phone)


အခုတင်ပေးလိုက်တဲ့ TeamViewer ကတော့ Andriod ဖုန်းတွေအတွက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကတော့ ဒီလင့်မှာ ကွန်ပြုတာအတွက်တင်ထားတုန်းက ရှင်းပြထားပါတယ်။ တဖက်က ဖုန်းကနေ ကို့ဖုန်း ဒါမှမဟုတ် ကွန်ပြူတာတခုခုဆီကနေ အင်တာနက်လိုင်းရှိရုံလေးနဲ့ ဝင် ပြီး ပြုပြပေး လည်းရ, ဝင်မွှေလည်း ရ ပါတယ်။ ကို့ဖုန်းကနေတဖက်ကို ကို့ရဲ့ ID  လေး ပေးရုံလေးနဲ့ ဝင်လာနိုင်မှာဖြစ်ပါတယ်။

အခုတင်ပေးလိုက်တာကတော့ သူများကကိုယ့်ဖုန်းထဲကို ဝင်လာလို့ရတဲ့ App လေးပါ။ ဆောဝဲလေးကို ဖုန်းမှာ Install ပြီး ကို့ရဲ့ ID လေးပေးရုံနဲ့ တဖက်လူက ကိုယ့်ဆီ ဝင်လာလို့ရပါတယ်။ သိပ်မရှင်းဘူးဆို ရင် အောက်မှာ Video ဖိုင်လေးနဲ့ တင်ပေးထားပါတယ်။ နမူနာကြည့်လိုက်ပါ ။ ကိုယ့်ရဲ့ဖုန်း တခုခု ဖြစ်လို့ ကိုက မလုပ်တတ်ဘူး နားလည်တဲ့သူကိုအကူညီတောင်းပြီး TeamViewer လေးနဲ့ ဝင်လာပြီး ကို့ဖုန်းလေးကို ပြုပြပေးလို့ရပါတယ်။
ကို့ဖုန်းကနေ သူများဆီသွားတဲ့ TeamViewer ကိုတော့ ဒီလင့်မှာ ဝင်ယူနိုင်ပါတယ်။ အခုတင်ပေးလိုက်တဲ့ TeamViewer ကိုတော့ အောက်ကလင့်မှာ ရယူနိုင်ပါပြီ။ Andriod ဖုန်းသုံးသူတိုင်း ရှိထားသင့်တဲ့ App လေးပါ။ Andrid Version 2.3.3 အထက်မှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက် v7.0.990 လေးကို တင်ပေးလိုက်တာပါ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
TeamViewer QuickSupport ရဲ့ အသုံးပြုနည်း Video ကို ဒီအောက်မှာ ကြည့်နိုင်ပါတယ်။

No comments:

Post a Comment