ကမ္ဘာနဲ့အဝန်းအရွယ်ရောက်ပြီးဝိတ်တက်နေကြတဲ့ ကျား/မများဟာ ကျန်းမာရေး(သို့မဟုတ်)လှပမှုအတွက် အစာ-ဆေး- လေ့ကျင့်ခန်းစတဲ့နည်းမျိုးစုံတို့ဖြင့် ဝိတ်ချနေကြပါတယ်။ နည်းမျိုးစုံနဲ့ ဝိတ်ချနေကြပါစေ၊ လေ့လာဆန်းစစ်ချက်များအရ အောက်ပါဝိတ်ချနည်း(၈)မျိုးက အထိရောက်ဆုံးဖြစ်စေခဲ့တယ်လို့ Beauty High (ခေါ်)ကျန်းမာလှပမှုဆိုင်ရာ အင်တာနက် သတင်းလွှာမှာ ဖော်ပြထားပါတယ်။ (၁) နံနက်စာ ကောင်းကောင်း စားပါ။ ကျန်းကျန်းမာမာနဲ့ ကိုယ် အလေးချိန်ကျစေဖို့ဆိုရင် 'နံနက် စာကို ရှင်ဘုရင်ကြီးလိုစားပါ၊ ညစာကို သူဖုန်းစားလိုစားပါ' ဆိုတဲ့ ဆောင်ပုဒ်လေးကို ကျန်းမာ ရေးအမြင်ရှိ သူတိုင်းသိနှင့်ပြီးသား ဖြစ်နေပါလိမ့်မယ်။ ဆန်-လူး-ဆပ်-ကွေကာအုပ် တို့ဟာ နံနက်စာ အတွက် ကောင်းမွန်တဲ့အစားအစာ များဖြစ်ပါတယ်။ နောက်ဆုံး လေ့လာဆန်းစစ်ချက်တွေအရ အညို ရောင်ကွေကာအုပ်(အကြမ်း)ဟာ အရွယ်သုံးပါး အားလုံးအတွက် ကျန်းမာရေးဘက်စုံကောင်းစေတဲ့ အပြင် ကိုလက်စထရောကျစေပြီး အချိန်တော်တော်ကြာ အဆာခံနိုင်တာလို့ အကောင်းဆုံးနံနက်စာတစ်ခုဖြစ်တယ်လို့ ကျန်းမာရေး သုတေသီများက တညီတညွတ် တည်း ထောက်ခံထားကြပါတယ်။ (၂) အသင့်စား အဆာပြေတွေ ကိုရှောင်ပါ။ အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနတ် စတဲ့ဆီကြော်မုန့်အမျိုးမျိုး က လွယ်လင့်တကူဝယ်ယူနိုင်တဲ့ အပြင် ဈေးနှုန်းသင့်တင့် သလောက် အရသာလည်း ကောင်းနေတာမို့ လူကြီး-လူရွယ်-လူငယ်မရွေး ဆာလောင်မွတ်သိပ်မှုကို အဲ့ဒီမုန့် တွေနဲ့ ဖြေရှင်းနေကြပါတယ်။ အဆိုပါ အပြုအမူနဲ့ပတ်သက်ပြီး ကျန်းမာရေး သုတေသီတွေက ''အဲဒီလို အစားကယ်လိုရီပမာဏ များပြားလွန်းနေကြောင်း၊ အရမ်း ဗိုက်ဆာလာတဲ့ အချိန်မျိုးမှာ ဘယ်သူ မဆို သာမန်ထက်ပိုစားမိစေတာမို့ ဖြစ်နိုင်ရင် ဆာလောင်မွတ်သိပ်တဲ့ အခါမှာ အသင့်စားဆီကြော်တွေ ကို(လုံးဝ)မစားသင့်ကြောင်း၊ဆင်ခြင်နိုင်ရင် ဝိတ်ကျစေမှာ ဧကန်မလွဲဖြစ်ကြောင်း'' သတိပေးအကြံပြုထား ကြပါတယ်။ (၃) အစာစားချင်စိတ်ကို ချိုးနှိမ်ပါ။ အဝလွန်သူတွေကို လေ့လာ ဆန်းစစ်ပြီးနောက်မှာတော့ ''ဗိုက် ကြီးအင့်နေအောင်မစားသင့်ဘဲ ဗိုက်ဝရုံလောက်သာ စားသင့် ကြောင်း၊ မိမိပါးစပ်ကို အလိုမလိုက်သင့်ကြောင်း၊ စိတ်ကိုလည်း ချိုးနှိမ် တတ်ဖို့လိုအပ်ကြောင်း၊ အစာ (များများ) စားချင်တဲ့စိတ်ကို ချိုးနှိမ် နိုင်ပါက ဝိတ်ချဖို့အတွက် အထိ ရောက်ဆုံးနည်းဖြစ်စေနိုင်ကြောင်း'' အကြံပြုထားခဲ့ပါတယ်။ (၄) အိပ်ရေးဝဝ အိပ်ပါ။ အရွယ်ရောက်ပြီး လူတစ် ယောက်အတွက် ပျမ်းမျှ ခုနစ်နာရီ ကြာမျှ အိပ်စက်သင့်ပြီး အိပ်ချိန်က ညဘက်ဖြစ်သင့်ပါတယ်။ ဥပမာ ..ညဂျုတီကျလို့ နေ့ဘက်ရောက် မှ အိပ်စက်ကြရသူတွေ၊ အိပ်ရေး မဝသူ နို့တိုက်မိခင်တွေ၊ အိပ်စက် ချိန်နည်းသူ တွေနဲ့ နာတာရှည်အိပ် မပျော်သူတွေမှာ အက်စ်ထရိုဂျင် ဟော်မုန်းစိမ့်ထွက်လာပြီး အစာစား ချင်စိတ်ပြင်းပြလာတာကြောင့် သိသိသာသာ ကိုယ်အလေးချိန်တိုးလာစေတယ်လို့ လေ့လာဆန်းစစ်မှုများ အရ သတိပေးနှိုးဆော်ထားပါတယ်။ (၅) အချိုလျှော့စားပါ။ ကိုယ်ခံစွမ်းအားကောင်းစေဖို့၊ သက်လုံကောင်းစေဖို့နဲ့ မှတ်ဥာဏ် ကောင်းစေဖို့အတွက် အချိုဓာတ် (သကြား)က မရှိမဖြစ် လိုအပ်ပါ တယ်။ ဒါပေမယ့် လိုအပ်တဲ့ ပမာဏထက်ပိုစားမိရင် ဝိတ်တက် လာနိုင်လို့ သကြားလုံး၊ ချောက လက်၊ သကြား၊ ပီကေစတဲ့ 'မြင် သာထင်သာသင့်ရှိတဲ့ အချိုတွေ ' ကို လျှော့စားနေကြသလိုပဲ၊ထို့နည်း တူစွာ 'မြင်သာထင်သာ မရှိတဲ့ အချို စာများ'ဖြစ်ကြတဲ့ အချို ဓာတ်ကဲထားသော ဟင်းလျာများ၊ ဖျော်ရည်၊ သစ်သီးခြောက်၊ သစ် သီးစည်သွပ်ဘူး၊ သရေစာမုန့် အမျိုးမျိုးစသည်တိုကိုလည်း သတိ နဲ့ယှဉ်ပြီး စားသောက်တတ်ဖို့လို တယ်လို့ အဝလွန်တိုက်ဖျက်ရေး သုတေသနအဖွဲ့က ထပ်လောင်း သတိပေးထားပါတယ်။
Wednesday, February 11, 2015
အထိရောက်ဆုံးဖြစ်ခဲ့တဲ့ ဝိတ်ချနည်းလေးများ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment