Tuesday, December 16, 2014

Huawei Y321-C00 firmware တင်နည်း

 Huawei Y321-c00 firmware တင်နည်းလေးပါ..မသိသေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ်ခင်ဗျ
အရင်ဆုံး Firmware မရှိသေးရင် ဒီမှာဒေါင်းလိုက်ပါ  ။ ဒေါင်းလို့ရလာတဲ့ Zip ကိုဖြည်လိုက်ပါ
အထဲမှာ image ဆိုတဲ့ Folder လေးတစ်ခု တွေ့ပါမယ်.. အဲ့ထဲမှာပါတဲ့ update.Zip လေးကို SD ကဒ်အလွတ်ထဲ ကူးထည့်လိုက်ပါ.ပီးရင် ဖုန်းထဲကို SD ကဒ်ထည့်ပါ.ပီးရင် Recovery mod ဝင်ပါမယ်.
Vol down (အသံတိုးတဲ့ ခလုတ်) နဲ့ Power တွဲနိုပ်ပါမယ်..ဖုန်း Screen ပေါ်မှာ အနီရောင်လေးဖြစ်သွားရင် လွတ်လိုက်ပါ..စာသုံးကြောင်း ပေါ်လာပါ့မယ်.. အဲ့ထဲကမှ အလယ်က Recovery mod ဆိုတဲ့ တစ်ကြောင်းကို Vol ခလုတ်နဲ့ အတက်အဆင်းလုပ်ပီး ရွေးပါ.. အဲ့နားရောက်ရင် vol up( အသံချဲတဲ့ ခလုတ်ကို နှစ်စက္ကန့် လောက်ဖိထားပေးပါ..ဒါဆို Recovery mod ရောက်သွားပါပီ..အဲ့ထဲက apply update external ကိုရွေးပီး.. Power ခလုတ် တစ်ချက် နိုပ်ပေးလိုက်ရင် သူ့အလိုလို Firmware ရေးသွားပါလိမ့်မယ်... ပီးသွားရင် reboot ကိုရွေးပေးပီး Reboot ကျ ပီး ပြန်တက်လာရင် အိုကေသွားပါပီ ခင်ဗျ...

အစဉ်ပြေကြပါစေ။..
 AG & AS သို့လာရောက်လည်ပတ်သော Android User များ စိတ်ချမ်းမြေကြပါစေ။ (SSL)

No comments:

Post a Comment