Saturday, December 20, 2014

အိမ်ထောင်ရှိ စုံတွဲများ၏ အမေးအဖြေများ


1. မ-အင်္ဂါထဲကနေ အသားစတစ်ချောင်း ပြူထွက်လာလို့
2. အသားပိုလို့တော့ မထင်မိပါဘူး
3. ငယ်ပါက အကြောအားနည်းနေပါတယ်
4. အဖြူအဖြူဖတ်တွေ တွေ့နေရပါတယ်။
5. အဲဒါ ဆေးသောက်လို့ ရပါသလား။
6. ဒီရောဂါနဲ့ ပက်သက်လို့ ဘယ်လိုကုသရမယ်၊
7. တကယ်လို့ ယောက်ျားလေးအတွက် (သားကြောဖြတ်တာ) လုပ်မယ်ဆိုရင်
8. ကျွန်တော်ကို အပေါင်းသင်းတစ်ယောက်ကပြောလို့ပါ။

Thu, Aug 16, 2012 at 11:11 AM
ကျွန်မရဲ့ မ-အင်္ဂါထဲကနေ အသားစ တစ်ချောင်း ပြူထွက်လာလို့ စိတ်ထဲ အရမ်းထိတ်လန့်မိပါတယ်။ ကျွန်မမှာ ချစ်သူနဲ့ နေခဲ့ဖူးပြီး ကွဲကွာသွားခဲ့ကြလို့ တခါတလေ စိတ်ဖြစ်တဲ့အခါ မာစတာဘေးရှင်း လုပ်လေ့ရှိပါ တယ်။ မကြာခဏ လုပ်တာမျိုး မဟုတ်သလို အဂ်ါထဲကို လက်ဖြစ်ဖြစ် တခုခုဖြစ်ဖြစ် ထည့်ပြီးလုပ်တာမျိုးလည်း နည်းပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်တုန်းက ကျွန်မ မာစကာဗေးရှင်း လုပ်ဖြစ်ပါတယ်။ အပြင်ဘက်ကနေ စိတ်ပြေအောင် လုပ်မိပါတယ်။ အဲလိုလုပ်ပြီး ပုံမှန်ပါပဲ နာကျင်တာမျိုးလည်း မရှိပါဘူး။ စိတ်ထဲမှာတော့ အပြင်ကနှုတ်ခမ်းသားတွေ ပွန်းသွားမလား ဆိုပြီးတော့ပဲ စိုးရိမ်မိသွားတယ်။ လုပ်ပြီးတိုင်း နောက်တခါ မလုပ် ချင်တဲ့စိတ်တွေ အမြဲလိုလို ဖြစ်တတ်ပါတယ် နောင်တရတာမျိုး မဟုတ်ပေမဲ့ ကိုယ်တိုင်က မကောင်းဘူးလို့ စိတ်ထဲ ခံစားရလို့ ကိုယ့်ကိုယ်ကိုယ် ရှက်မိတာမျိုးဖြစ်လို့ပါ ကျန်းမာရေးအရ အပြစ်တစ်ခု မဟုတ်မှန်းလည်း နားလည်ထားပါတယ်။

မနေ့တုန်းက ရေချိုးဖို့ ဆောင့်ကြောင့်ထိုင်တော့ သွေးစလိုလို ယိုကျလာလို့ သတိထားကြည့်မိလိုက်တာ။ ပထမတော့ ရာသီလာရင် တခါတလေ ပါတတ်တဲ့ သွေးခဲစလား ထင်မိလို့ တစ်နေတာကို ဆွဲထုတ်မိပါတယ် မထွက်လာပဲ အသားလိုလို ခံစားမိတော့ ကျွန်မ တော်တော်လေး ထိတ်လန့်သွားပါတယ် အရှည်က လက်ဆစ် တစ်ဝက်လောက်တော့ရှိမယ်၊ သွေးစလေးတွေ နဲနဲပါတယ်။ သူက ဒီအတိုင်း ပုံမှန်နေရင် မထွက်တော့ ဘူး ဆောင့်ကြောင့်ထိုင်မှ ထွက်တယ် ပထမစမြင်တုန်းကပဲ အဲလောက် အရှည်ဖြစ်နေတာပါ။ အိမ်သာခွက်မှ သွားပြန်ထိုင်ရင် ပြန်ပျောက်သွားတယ်။ ရာသီလာသလို သွေး ဆက်ဆင်းနေမလား ဆိုပြီးတော့လည်း သတိထားပြီး နေပါတယ်။ သွေးစလည်း ပျောက်သွားပါတယ်။ မှန်နဲ့ သေချာကြည့်တော့ သာမန်အချိန်တွေထက် အချွဲတွေ ကပ်ပေနေတာတော့ တွေ့ရတယ်။ တစ်ရှူးနဲ့ သုတ်လိုက်ရင် ဆင်စွယ်ရောင် ရှိပါတယ်။ အချွဲတွေ အကုန် သုတ်လိုက်တော့ အသားစလေး ပြူထွက်လာပြန်တယ်။ မနေ့ကလောက်တော့ မရှည်ပါဘူး။ အသားစကို တစ်ရှူးနဲ့ တို့ကြည့်တော့ သွေးစနဲနဲလေး ပါလာပါတယ်။ ဒီတခါ အာသာဖြေပြီးနောက်ပိုင်း ချွဲချွဲအရည်တွေ အထွက်များလာတာကို အဲဒီ အသားစ မြင်ပြီးမှ ပြန်သတိရသွားတယ်။ အမြဲတမ်းစိုနေလို့ စိတ်ထဲတောင် တစ်မျိုး ခံစားမိပါတယ်။ လိင်စိတ်မရှိပဲ အခွဲုတွေ ထွက်နေလို့ ထူးဆန်းနေတာကလွဲပြီး ပုံမှန်ပြန်ဖြစ်သွားမှာပဲဆိုပြီး စိုးရိမ်စိတ် သိပ်မဖြစ်မိပါဘူး။ ဒါပေမဲ့ အခုတော့ ထိတ်လန့်နေပါတယ်။ ပိုးဝင်မှာကိုလည်း ကြောက်နေမိပါတယ်။

သိပ်မစိုးရိမ်ပါနဲ့။ အာသာဖြေခြင်းကို အဲလိုလုပ်တာ ဘာမှ မဖြစ်စေနိုင်ပါ။ ပုံမှန်သာဖြစ်ပါတယ်။ ဆင်ခြင်တာ၊ စိတ်ထိန်းတာကတော့ ဘယ်အရာမှာမဆို လိုချင်တာ၊ ရချင်တာ၊ ဖြစ်ချင်တာ၊ ဒေါသထွက်တာ ထိန်းနိုင်သလောက် အကျိုးရှိစေပါတယ်။

အသားစ ဆိုတာ သိပ်မရှင်းသေးပါ။ ဒီလိုအရွယ် (အသက် မသိပါ၊ အိမ်ထောင်ပြုချိန်ပေမဲ့ မပြုသေးတာ ကိုသာ သိပါတယ်) မှာ အသားပိုဖြစ်တာ မသေခြာပါ။ ကင်ဆာ မဟုတ်နိုင်ပါ။ အသားပိုဖြစ်လဲ စိုးရိမ်စရာမရှိပါ။ ကြီးလာ၊ ရှည်လာသလား စောင့်ကြည့်ဘို့သာလိုမယ်။ ထူးခြားလာတာကို ပြောပါ။ သွေး ဒါမှမဟုတ် အကျိအချွဲက အသားပိုကနေ လာတာလား၊ တွဲရှိနေတာလား ခွဲခြားရမယ်။

ဗဂျိုင်းနားစိုတာ ပုံမှန်ပါ။ စိတ်ဖြစ်တဲ့အခါ ပိုစိုစွပ်တာလဲ ပုံမှန်ဖြစ်စဉ်ပါ။ အဖြူဆင်းတာက တမျိုးဖြစ်တယ်။ အဖြူဆင်းတာလဲ လစဉ်ရက်တွေမှာ အပြောင်းအလဲ နဲနဲသာရှိတာလဲ ဒီလို အမျိုးသမီးတွေမှာ ဆေးကုစရာ မလိုတာများတယ်။ ယားမယ်။ အနံရှိမယ်ဆိုရင် Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ အဲလို အမျိုးသမီးတွေမှာ ပိုးဝင်တာ ဖြစ်ခဲတယ်။ ပိုးကြောင့်ဆိုရင် အနံ့ဆိုးတာ သိသာ တယ်။ မွေးလမ်းကြောင်း ပိုးဝင်ခြင်း စာဖတ်ပြီး လိုက်နာရင် ပျောက်သွားပါမယ်။ ထပ်သိရတာရှိရင် ပြောပါ။

Fri, Aug 17, 2012 at 1:28 PM
မြန်မြန် ပြန်ဖြေပေးတဲ့အတွက် ကျေးဇူး အရမ်းတင်ပါတယ်။ စာရေးတုန်းက ကြောက်စိတ်နဲ့ လောနေလို့ ဆရာ့ ဘလော့ထဲမှာ ရေးထားတဲ့ အချက်အလက်တွေ ပေးဖို့ မေ့ကျန်ခဲ့တာပါ။ လိင် - မ၊ နာမည် (့)၊ နေရပ် လိပ်စာ (့) နိုင်ငံ၊ အိမ်ထောင်မရှိပါ။ ချစ်သူနဲ့ တစ်ကြိမ်သာ မှားခဲ့ဖူးပါတယ်။ ကလေး မရှိ။ အသက်က ၂၉ ထဲမှာပါ။ သွေး ဒါမှမဟုတ် အကျိအချွဲက အသားပိုကနေလာတာပါ။ အပြင်ကိုထွက်လာတဲ့အခါ လက်ဆစ် တစ်ဝက်လောက်ထိ ရှည်ပါတယ်။ Vagina ထဲကနေ ထွက်လာတဲ့ အသားပါ။ ၃ ရက်ပဲ ရှိသေးလို့ထင်တယ် ပိုရှည်လာတာမျိုး ပိုကြီးလာတာမျိုးမရှိပါ။ ဒါပေမဲ့ အရင်နေ့တွေလို ဆောင့်ကြောင့်ထိုင်မှာ ပေါ်လာတာမျိုး မဟုတ်တော့ဘူး၊ ရေအိမ်ထိုင်ရင်လည်း ထွက်ချင်တဲ့အခါ ထွက်နေတတ်ပြီး သူ့ဘာသာ ပြန်ဝင်သွားတတ်ပါတယ်။ အရင်နေ့တွေထက် ဒီနေ့မှာ သွေးပိုစွန်းနေပါတယ်။ အသားပိုလို့တော့ မထင်မိပါဘူး၊ သားအိမ်ထဲက တခုခုများလားဆိုပြီးတော့ ကြောက်နေမိတာအမှန်။

ကြားဖူးနားဝတချို့ကို တွေးမိတယ်ဆရာ။ တချို့မိန်းကလေးတွေက မျှော့ရှိတယ်ဆိုကြတယ်။ အဲဒီမျှော့ ထွက်လာလား မသိဘူး။ အခြေအနေအသေးစိတ်ကို ဆရာ့ဆီမကြာခဏ စာရေးပါ့မယ်။ ဆရာက စိုးရိမ်စရာ မရှိဘူးဆိုတော့ Stress နဲနဲတော့ သက်သာသွားပါတယ်။ စတွေ့တုန်းက မျက်ကလူးဆန်ပြာနေတာပဲဆရာ။ ရှက်စရာရောဂါတစ်ခု ရမှာကို အရမ်းကြောက်ပါတယ်။ အရင်တုန်းကတည်းက အဖြူဆင်းတတ်ပါတယ်။ ဒါမေပဲ့ ဒီတခါက အနံ့ဆိုးတာ အမှန်ပဲဆရာ။ အခုစိုတဲ့ကိစ္စက လိင်စိတ်ကြောင့် မဟုတ်မှန်း သေချာပါတယ်။ အဲဒီအသားကြောင့် အချိန်တိုင်းစိုနေတာပါ။ သွေးစက အရင်ကထက် ပိုများလာတယ်ဆိုပေမဲ့ ဆရာ စာပြန်တဲ့အတွက် တော်တော်လေး စိတ်သက်သာရာ ရမိပါတယ်။ အခြေအနေ ထူးခြားလာရင် အသေးစိတ် စာပို့ပါ့မယ်။

လူနာက သက်တာတယ်ပြောတာဟာ ဆရာဝန်ကို ဆေးကုပေးသလိုဘဲ။ Vagina ဗဂျိုင်းနားမှာ ဖုံးနေတဲ့အလွှာကနေ Cysts အိတ်၊ Polyps အသားပို နဲ့ Warts ကြွက်နို့တွေ ဖြစ်စေနိုင်တယ်။ ရောဂါကြီးတွေ မဟုတ်ပါ။ လိုအပ်ရင် ခွဲစိတ်ကုသနည်းနဲ့ ပျောက်စေတယ်။ လိုအပ်ရင်ဆိုတာ နာတာ၊ ယားတာ၊ သွေးထွက်တာ၊ စိုးရိမ်တာတွေကိုပြောတာပါ။ ကြွက်နို့ ဖြစ်နေရင်တော့ Human Papilloma Virus လိင်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် ဖြစ်တယ်။ တချိန်မှာ တနေရာမှာ ဥပမာ သားအိမ်ဝ ကင်ဆာဖြစ်ချင်ဖြစ်နိုင်တယ်။

Cervical polyps ဆိုတာကို သားအိမ်ဝ အသားပိုခေါ်တယ်။ ပြောင်ချောချော၊ နီရဲရဲ၊ လက်ချောင်းလေးလိုနေတယ်။ ဘာလို့ဖြစ်တယ်ကို အသေအခြာမပြောနိုင်ပါ။ ပိုးဝင်ဘူးရာကနေလဲ ဖြစ်မလားဘဲ။ ဘာမှထူးမဖြစ် တာများတယ်။ တချို့မှာ အဖြူ-အဝါဆင်းတယ်။ ကုသရတာလဲ လွယ်တယ်။ အရင်းနေရာကို လိမ်ပြီး ချုပ်ကြိုးနဲ့ချည်ထားပေးရင် မကြာခင် ကျွေကျသွားမယ်။ သွေးထွက်နေသူတွေကို အဲလိုလုပ်ရတယ်။ ကြီးလာနေရင် လည်း ခွဲပြစ်ရတယ်။ ထုံဆေးနဲ့သာလုပ်ပါတယ်။ ကင်ဆာ မဟုတ်ပါ။ အသက် ၂ဝ ကျော်သူ၊ ကလေးမွေးများသူတွေမှာ အဖြစ်များတယ်။

မျှော့ရှိတဲ့ မိန်းမဆိုတာ ကြားဘူးပါတယ်။ အနောက်တိုင်းဆေးစာမှာတော့ မတွေ့ဘူးပါ။ မျှော့ရဲ့သဘောက တွယ်ကပ်နေတယ်၊ ဖြုတ်လို့တောင် ခက်တယ်။ ဒီသဘော ပြောကြတာဆိုရင် ဗဂျိုင်းနားကနေ သူ့အထဲ ဝင်တာကို ဆုပ်ယူထားသလို ဖြစ်မယ်ထင်ပါတယ်။ အဲလိုလဲ ဖြစ်နိုင်သူတွေမှာ ဖြစ်ပါမယ်။ ကြွက်သားတွေကို လေ့ကျင့်ယူရင် ရတယ် မဟုတ်လား။ ဖြစ်တဲ့သူ ရှားမယ်ထင်ပါတယ်။ ကြွက်သားတိုင်းကို စိတ်နဲ့ထိန်းမရပါ။

Thu, Aug 16, 2012 at 10:16 PM
ကျနော်မှာ ငယ်ပါက အကြောအားနည်းနေပါတယ် အများနည်းတူ မဟုတ်ဘူးဆိုတာ ကျနော်သိရပါတယ်။ အသက်က ၂၈ ရှိပါပြီ။ အိမ်ထောင်မကျသေးပါဘူး။ ငယ်ငယ်က လူပျိုဖြစ်ခါစက လက်ဆော့မိပါတယ်။ မျိုးရိုးလဲမရှိပါဘူး။ တော်တော် စိတ်ညစ်နေပါတယ်။ ဆီးသွားရင်တောင်မှ တော်တော် အားယူပြီး ထုတ်ရပါတယ်။ လက်ရှိနေတာကတော့ (့) မှာနေပါတယ်။ ဘယ်လို ဆေးမျိုးတွေ သောက်သင့်ပါလဲ။ ကုလို့ရော ရမလား။

မေးတာကို မရှင်းပါ။ လိင်အင်္ဂါ အရွယ်အစား သေးငယ်တာလား။ လိင်အင်္ဂါသန်မာရမဲ့ အချိန်မှာ သန်မာမှုနည်းတာ-မဖြစ်တာလား။ သုက်လွှတ်စေတာလား။ လိင်စိတ် နည်းတာလား။ (မာစတာဘေးရှင်း) လုပ်တာ ပုံမှန်ဖြစ်စဉ်သာဖြစ်လို့ စိတ်ထဲမှာ စိုးရိမ်စိတ် ရှိရင် ဖျောက်လိုက်ပါ။ စိတ်ညစ်တယ် ဆိုတာက ဒီအတွက်ဆိုရင် လျှော့နည်းအောင်လုပ်ပါ။ ဆီးသွားတဲ့ခက်နေတာကို တိတိကျကျ ပြောပါ။ အထဲမှာကျောက်ရှိလို့ မထွက်နိုင်တာလား။ ပန်းအဖျားကျဉ်းနေ-ပိတ်နေလို့ ဆီးသွားတာခက်နေတာလား။ ပန်းငုံသလား။ ဆေးစစ်ဘူးသလား။ ဆီးချိုစစ်ဘူးသလား။

http://dts-medicaleducation-adult.blogspot.in/ ထဲမှာ သိလိုတာရှာဖတ်နိုင်ပါတယ်။

Sat, Aug 18, 2012 at 6:46 AM
ဟုတ်ကဲ့ဆရာ လိင်ကငယ်လဲ ငယ်နေပါတယ်။ အကြောက မသန်ဘူးဖြစ်နေတာပါ။ သူများနည်းတူ ဆီသွားရင်တောင် စိတ်ကနေ လိင်အင်္ဂါကို လှုပ်ရှားအောင် အကြောတွေလှုပ်ပေမယ့် ဘယ်လိုမှ ကြီးထွားမလာပါ။ ဆီချိုလဲ မရှိပါဘူး။ ကျောက်ကပ်လဲ မဖြစ်ပါဘူး။ ကျနော်မှာက လိင်အင်္ဂါက အရမ်းသေးနေပြီးတော့ အကြောမသန်တာပါ။ စိတ်လာရင်တောင် မာမာတင်းတင်း မရှိပါဘူး။ လိင်အင်္ဂါ တင်းတင်းရင်းရင်းမရှိပဲ အရမ်းပျော့နေတာပါ။ အဲဒါ ဆေးသောက်လို့ရပါသလား။

- Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁)
- Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂)
- Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃)
- Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄)
- Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ

Fri, Aug 17, 2012 at 1:21 PM
မရိုမသေ ကျွန်တော့် လိင်အဂါင်္ ထိပ်ဖျား အရေပြားဖုံးနေတဲ့နေရာမှာ အရေပြားကို လှန်ကြည့်ရင် အဖြူအဖြူဖတ်တွေ တွေ့နေရပါတယ်။ ၂ ပါတ်လောက်ရှိပါပြီ။ နာတာကျင်တာ ယားတာမရှိပါဘူး။ ဘာဆေးသောက်ရ မလဲ ဘာဆေး လိမ်းရမလဲဆိုတာ ကူညီပေးပါ။

ရောဂါ မဖြစ်ဘို့များပါတယ်။ သန့်ရှင်းရေးသာလုပ်ပါ။ နောင်မှာ (မဆိုကောင်းစကား) မေးစရာရှိရင် ပြည့်စုံပါစေ။

"ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက" အတိုင်းမေးပါ။

Sat, Aug 18, 2012 at 8:12 AM
ကျွန်တော်နာမည် (့) ပါ။ အသက် ၂၇ ပါ။ လက်ရှိ (့) မှာနေပါတယ်။ အိမ်ထောင်မရှိသေးပါ။ ကျန်းမာရေး ပြသနာကတော့ အိပ်တဲ့အချိန် လိင်ကိစ္စအိမ်မက်မက်ပါက အိပ်နေရင်း သုက်ထွက်လွယ်ပါ။ တခါ တလေ ချစ်သူနဲ့ လိင်ကိစ္စ ရှိရင်တောင် အထိအတွေ့နဲ့တောင် သုတ်ထွက်ပါတယ်။ ဒီရောဂါနဲ့ ပက်သက်လို့ ဘယ်လိုကုသရမယ်၊ ဘယ်လို ဆေးဝယ်သုံးရမယ်ဆိုတာ ကျွန်တော် မြန်မာပြည် မပြန်နိုင်သေးတဲ့ အခြေ အနေရယ် ဘာသာစကား အခက်အခဲကြောင့် နည်းလမ်း အကြံညဏ်တောင်းလိုက်တာပါ။

- Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ
- Early ejaculation (1) သုက်လွှတ်စောခြင်း (၁)
- Early ejaculation (2) သုက်လွှတ်စောခြင်း (၂)
- Early ejaculation (3) သုက်လွှတ်စောခြင်း (၃)

Fri, Aug 17, 2012 at 9:52 PM
တကယ်လို့ ယောက်ျားလေးအတွက် (သားကြောဖြတ်တာ) လုပ်မယ်ဆိုရင် ရန်ကုန်မှာ ဘယ်ဆရာဝန်တွေဆီမှာလုပ်ရမလဲဆိုတာလဲ လမ်းညွှန်ပေးပါခင်ဗျာ။

ဆရာ မသိပါ။ တရားဝင်ဆိုရင် လျှောက်လွှာတင်ရမယ်ထင်ပါတယ်။ အပြင်မှာတော့ ဆရာဝန် မဟုတ်သူတွေကနေလဲ လုပ်ပေးတာရှိနိုင်တယ်။


ယမုန်နာဆေးခန်း
By HIM 

No comments:

Post a Comment