1. Sex Relieves Stress စိတ်ဖိအားကျစေတယ်
လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။
2. Sex Boosts Immunity ခုခံအားတက်စေတယ်
Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။ Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တပါတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာပြုသူတွေနဲ့ သိပ်များများ ပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။
3. Sex Burns Calories (ကယ်လိုရီ) ကျစေတယ်
မိနစ် ၃ဝ ကြာ လိင်ဆက်ဆံမှုကနေ ၈၅ (ကယ်လိုရီ) ကုန်စေတယ်။ များတယ် မထင်ရပေမဲ့ အကြိမ်ပေါင်း ၄ဝ ကျော်ရင် ကယ်လိုရီပေါင်း ၃ဝဝဝ ကျော်တယ်။ တနည်းပြောရရင် ကိုယ်အလေးချိန် (၁) ပေါင်ကျစေတယ်။ American Association of Sexuality Educators and Therapists အမေရိကန် လိင်ကျန်းမာရေးပညာရှင် Patti Britton (ပက်တီ-ဘရင်တန်) က ပြောပါတယ် Sex is a great mode of exercise "(ဆက်စ်) ဟာ လေ့ကျင့်ခန်းကောင်း တခုဖြစ်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ တိုးတက်စေတယ်။"
4. Sex Improves Heart Health နှလုံးကျန်းမာရေး အားပေးတယ်
အစဉ်အလာ ထင်တာတခုက နှလုံးရောဂါသည်ဟာ လိင်ဆက်မှုပြုတဲ့ခါ Stroke (စထုပ်ခ်) ရစေနိုင်မလား စိုးရိမ်တယ်။ ဒါပေမဲ့ Journal of Epidemiology and Community Health က သိပ္ပံပညာရှင်တွေ အဆိုအရ ယောက်ျားပေါင်း ၉၁၄ ယောက်ကို အနှစ် ၂ဝ ကြာလေ့လာမှုအရ အဲလိုမဖြစ်စေတာကို သိရတယ်။ တပါတ်မှာ ၁ ကြိမ် နဲ့ ၂ ကြိမ် ဆက်ဆံမှုပြုသူ ယောက်ျားတွေထဲက တဝက်မှာ Fatal heart attack သေစေနိုင်တဲ့ နှလုံး (အတက်ခ်) ရတာ နည်းကြတာကိုပါ သိလာရတယ်။
5. Sex Boosts Self-Esteem ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ပိုစေတယ်
University of Texas (တက္ကဆပ်စ်) တက္ကသိုလ်က ပြုစုထားတဲ့ လူတွေဘာလို့ လိင်ဆက်ဆံမှုပြုကြသလဲ ဆိုတဲ့ အကြောင်းတရား ၂၃၇ ပါးထဲမှာ ကိုယ်ကိုယ်ကို အထင်ကြီးစိတ်ဆိုတာလဲ ပါတယ်။ ဒီအချက်ကို (ကိန်းဘရစ်ခ်ျ) က ပညာရှင် Gina Ogden (ဂျီနာ-အော်ဒင်) ကလဲ ထောက်ခံချက်ပေးပါတယ်။ သူမပြောတာက ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသူတွေမှာ လိင်ဆက်ဆံတာဟာ ပိုကောင်းတယ်ဆိုတဲ့ အသိစိတ် ရချင်ကြလို့ဖြစ်တယ်။
6. Sex Improves Intimacy တယောက်နဲ့ တယောက် ပိုပြီးရင်းနှီးစေတယ်
Having sex လိင်ဆက်ဆံကြမယ်၊ Orgasms (အောဂဇင်) လဲ ရမယ်ဆိုရင် Oxytocin (အောက်စီတိုဇင်) ဟော်မုန်း ပိုထွက်လာမယ်။ နှစ်ယောက်သား ပိုပြီးခိုင်မြဲတဲ့ စည်းနှောင်မှုကို ရစေမယ်၊ ယုံကြည်မှု တည်ဆောက်ရာလဲ ကျတယ်။ University of Pittsburgh and the University of North Carolina တက္ကသိုလ် ၂ ခုက ပညာရှင်တွေ သွေးမဆုံးသေးတဲ့ အမျိုးသမီး ၅၉ ဦးကိုလေ့လာရာက အဖြေထုတ် လိုက်ပါတယ်။ အဲဒီအခါ ကိုယ်အဖေါ်အတွက် ရက်ရောမှုပါ ပိုလာကြသေးတယ်။
7. Sex Reduces Pain နာတာကိုသက်သာစေတယ်
Oxytocin (အောက်စီတိုဇင်) ဟော်မုန်း များလာနဲ့အတူ Endorphins (အင်ဒိုဖင်) လဲ တက်လာတယ်။ ဒါကနေ နာတာကို သက်သာစေမယ်။ “ခေါင်းကိုက်တာ၊ အဆစ်နာတာ၊ ရာသီမလာခင်နာတာ ဘာလို့နာနာ လိင်ဆက်ဆံပါ” လို့ အကြံပြုတယ်။ Bulletin of Experimental Biology and Medicine မှာ ရေးထားတာတခု ရှိတယ်။ လူ ၄၈ ယောက်ကို Oxytocin vapor အငွေ့ရှူခိုင်းပြီး လက်ထိပ်တွေကို ဆိတ်နည်းနဲ့ အနာခံနိုင်မှုကိုတိုင်းပြီး စမ်းသပ်ခဲ့တာဖြစ်တယ်။
8. Sex Reduces Prostate Cancer Risk ဆီးကျိတ်ကင်ဆာ အဖြစ်နည်းစေတယ်
ငယ်ရွယ်သူတွေ Ejaculations သုက်လွှတ်တာ အကြိမ်များသူတွေမှာ သူတို့ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်မှာကို နည်းစေနိုင်တယ်လို့ British Journal of Urology International မှာ ဩစတြေးလျှ ပညာရှင်တွေကနေ ရေးထားပါတယ်။ ရောဂါရှိပြီးသားလူတွေမှာတော့ ထူးခြားစေမှု မရှိတာတွေ့ရတယ်။ Journal of the American Medical Association မှာလဲ တလမှာ ၂၁ ကြိမ်နဲ့အထက် သုက်လွှတ်ကြ သူတွေဟာ အသက်ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းကြတယ်လို့ ရေးထားတယ်။
9. Sex Strengthens Pelvic Floor Muscles တင်ပါးဆုံတွင်းက ကြွက်သားတွေ အားကောင်းစေတယ်
အမျိုးသမီးတွေမှာ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းလို့ခေါ်တဲ့ Pelvic floor muscle exercises လုပ်ရင် တင်ပါးဆုံတွင်းက ကြွက်သားတွေ၊ အရွတ်တွေ အားကောင်းစေတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ် ကျတာကို မဖြစ်အောင် တားနိုင်တယ်။ ရှိနေရင်လဲ သက်သာစေမယ်။ တကယ်လို့ လိင်ဆက်ဆံနေချိန် အခိုက်အတန့်မှာ ဒီလေ့ကျင့်ခန်းမျိုး လုပ်ရင် စောစောကလို အားကောင်းစေ တာတွေအပြင် သာယာမှုကိုပါ ပိုပေးစွမ်းနိုင်တယ်။
10. Sex Helps You Sleep Better ကောင်းကောင်းအိပ်ပျော်စေမယ်
Orgasm (အော်ဂဇင်) ရလို့ ထွက်လာတဲ့ Oxytocin (အောက်စီတိုဇင်) ကြောင့် ပိုပြီးအိပ်ပျော်စေတယ်။ အိပ်စက်ခြင်းဟာ သွေးတိုးကျစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။
ဒေါက်တာတင့်ဆွေ - လိင်နဲ့ ကျန်းမာရေး

ဒီဆေးစာမှာ အကျိုးဘက်ကနေကြည့်တာချည်းသာ ပါတယ်။
အားလုံးကောင်းပါသည်ခင်ဗျားလို့ မယူဆစေချင်ပါ။ သတိထားစရာတွေ
ဆက်တွဲဖြစ်တတ်တာတွေ၊ ရှောင်သင့်တာတွေ မပါတာ သတိပြုပါ။
ဒေါက်တာတင့်ဆွေ (၁ဝ-၄-၂ဝ၁၂ )ဒေါက်တာတင့်ဆွေ - လိင်နဲ့ ကျန်းမာရေး
No comments:
Post a Comment